လူတွေက ချောတဲ့သူ၊ ကိုယ့်အပေါ် ကောင်းတဲ့သူ၊ ကိုယ့်ထက် တော်တဲ့သူ အစရှိတဲ့ လူမျိုးတွေကို သဘောကျတတ်၊ ချစ်မိတတ်ကြပါတယ်။
ဒါပေမဲ့ ကျွန်တော်ကတော့ အဲ့ဒီလိုမဟုတ်ဘဲ အရူးလေးတစ်ယောက်ကို ချစ်မိသွားခဲ့တယ် ဆိုရင် ခင်ဗျားတို့ ယုံကြမလား... ?
×××
ကျွန်တော် သူ့ကို စသိခဲ့တာက ကျွန်တော်တို့အသက် 4 နှစ်၊ ဘေးအိမ်ကို လူသစ်တွေ ပြောင်းလာတဲ့နေ့ ။
မေမေစကားပြောနေတဲ့အသံကြားလို့ အောက်ထပ်ကို ဆင်းလာတော့ မေမေဟာ အရှေ့တံခါးမှာရပ်ပြီး အန်တီတစ်ယောက်နှင့် စကားပြောနေသည်။
"မေမေ.."
"သြော် သားလေး.. ဒါ ဟိုဘက်အိမ်ကို ပြောင်းလာတဲ့ အန်တီနဲ့ သူ့သားလေးလေ။ မိတ်ဆက်လိုက်ပါဦး။"
"သားနာမည်က Kim Seungmin ပါ။ အသက် 4 နှစ်ပါ။"
ကျွန်တော့်အသံကို ကြားတဲ့အခါ ကျွန်တော်နှင့်ရွယ်တူ ကောင်လေးတစ်ယောက် အန်တီ့အနောက်မှာ ပုန်းနေရာကနေ ထွက်လာသည်။
"ကလေးက သွက်တာပဲ။ 4 နှစ်ဆို.. Hyunjinnie နဲ့တူတူပဲပေါ့၊ Hyunjinnie မိတ်ဆက်လိုက်လေ သူငယ်ချင်းကို"
သူ့အမေရဲ့စကားကြောင့် အရှေ့ကို မရဲတရဲ ထွက်လာတဲ့ ကောင်လေးက ကျွန်တော့်ကို မျက်လုံးရွဲတွေဖြင့် ကြည့်နေခဲ့သည်။
"H-hwang Hyunjin.. 4 နှစ်.."
အထစ်ထစ်အငေါ့ငေါ့ စကားတို့ကို တိတိပြတ်ပြတ်ပြောလာတဲ့ ထိုကောင်လေးအား ကျွန်တော် သဘောကျစွာ ပြုံးပြလိုက်သည်။
ဒီလိုနဲ့ပဲ အဲ့ဒီအရူးလေးက ကျွန်တော့်အိမ်တံခါးကိုတင် မဟုတ်ဘဲ ကျွန်တော့်ဘဝတံခါးကိုပါ တီးခေါက်လာခဲ့ပါတယ်...
×××
လမ်းထိပ်ပန်းခြံမှာ အခြားရွယ်တူသူငယ်ချင်းတွေနှင့် ကစားနေတုန်း လှမ်းကြည့်နေတဲ့ Hyunjin ကို မျက်လုံးထောင့်ကနေ သတိထားမိတဲ့အခါ Miyoon ကို ဒန်းပေါ်မှာ ချန်ထားရင်း ထွက်လာလိုက်သည်။
"Hyunjin ဘာရပ်လုပ်နေတာလဲ? ငါတို့နဲ့ ကစားမလား?"
ထိုအခါ Hyunjin ဟာ ခေါင်းကို ဖြည်းဖြည်းညိတ်လာသည်။
YOU ARE READING
바보 • 황승
Fanfictionလူတွေက ချောတဲ့သူ၊ ကိုယ့်အပေါ် ကောင်းတဲ့သူ၊ ကိုယ့်ထက် တော်တဲ့သူ အစရှိတဲ့ လူမျိုးတွေကို သဘောကျတတ်၊ ချစ်မိတတ်ကြပါတယ်။ ဒါပေမဲ့ ကျွန်တော်ကတော့ အဲ့ဒီလိုမဟုတ်ဘဲ အရူးလေးတစ်ယောက်ကို ချစ်မိသွားခဲ့တယ် ဆိုရင် ခင်ဗျားတို့ ယုံကြမလား... ?