နန်းတို့ဆိုင်ရောက်တော့နန်းသူငယ်ချင်းတွေအကုန်ရောက်နေကြပြီလေ။
နန်း"ဟယ်၊လူတောင်စုံနေကြပြီပဲ။ငါတို့မောင်နှမနှစ်ယောက်နောက်ကျနေတာပေါ့။"
မဟာ"နောက်မကျပါဘူးနန်းရဲ့။ငါတို့လည်းရောက်တာမကြာသေးပါဘူး။စိုင်းကမတွေ့ရတာကြာလို့လားမသိဘူး၊ခန့်ချောကြီးကိုဖြစ်လိို့။"
မိုး"ဟုတ်ပါ့။ငါဆိုနိုင်ငံခြားမှာစတွေ့တုန်းကkoreaမင်းသားလား၊စိုင်းလားလို့သေချာအောင်ပြန်ကြည့်ရတယ်။"
စိုင်း"အချင်းချင်းတွေကိုမြှောက်နေပြန်ပြီ။"
နန်းတို့တွေလူတွေစုံတော့စကားပြောကြတာအကြာကြီးပဲ။နန်းတို့တွေစားသောက်ပြီးသွားတော့karaokeသွားပြီးသီချင်းသွားဆိုကြတယ်။နန်းတို့တွေသီချင်းတွေဆိုလိုက်၊ကလိုက်ကြနှင့်စိတ်လွတ်ကိုယ်လွတ်နှင့်ကလေးတွေလိုပျော်နေကြတယ်။အခုလိုစိတ်လွတ်ကိုယ်လွတ်နှင့်မပျော်ရတာဘယ်လောက်တောင်ကြာနေပြီလဲ။နန်းဒီနေ့သူငယ်ချင်းတွေစုံစုံလင်လင်တွေ့ရတာအရမ်းပျော်တာပဲ။
နန်းအိပ်ယာကနိုးလာလို့နာရီကြည့်လိုက်တော့မနက်၁၀နာရီရှိနေပြီ။နန်းခေါင်းထဲမှာတဆစ်ဆစ်နှင့်ကိုက်နေတယ်။နန်းညကအကြောင်းတွေဘယ်လိုတွေဖြစ်ခဲ့လို့ပြန်တွေးလိုက်တယ်။နန်းမနေ့ညကအရမ်းပျော်တာကြောင့်ဝိုင်တွေအများကြီးသောက်လိုက်မိတယ်။နန်းအရမ်းမူးပြီးဘာဆိုဘာမှမသိတော့ဘူး။နန်းအိမ်ကိုဘယ်ချိန်၊ဘယ်လိုပြန်ရောက်လာမှန်းမသိတော့ဘူး။နန်းခေါင်းကိုက်နေတာကြောင့်အိပ်ယာထဲပြန်လှဲလိုက်ပြီးမျက်လုံးကိုမှိတ်လိုက်တယ်။နန်းမျက်လုံးမှိတ်ထားတုန်းအတွေးထဲပုံရိပ်တချို့ဝင်လာတယ်။💮💮💮💮💮💮💮💮💮💮💮💮💮💮💮💮
စိုင်းကနန်းကိုအိပ်ယာထဲညင်ညင်သာသာလေးချပေးပြီးနန်းကိုအချိန်ကြာကြီးကြည့်နေခဲ့တယ်။ပြီးတော့နန်းရဲ့နှုတ်ခမ်းလေးကိုစိုင်းကအနမ်းပေးပြီးအခန်းထဲကထွက်သွားခဲ့တယ်။နန်းအဲ့ဒီ့ပုံရိပ်ကိုအိမ်မက်လိုလို၊တကယ်လိုလိုနှင့်ပြန်လည်မြင်ယောင်လာတယ်။"စိုင်းကငါ့ကိုတကယ်နမ်းသွားတာလား။ဒါမှမဟုတ်ငါပဲစိတ်စွဲပြီးအိမ်မက် မက်တာလား။ဒါသာတကယ်ဆိုရင်စိုင်းကငါ့ကို...........။"နန်းတွေးရင်းမျက်နှာလေးနီသွားတယ်။အဲ့အချိန်စိုင်းကအအေးခွက်လေးတခွက်ကိုင်ပြီးတော့အခန်းထဲဝင်လာတယ်။
စိုင်း"မမနန်းခေါင်းကိုက်နေတယ်မလား။"
နန်း"ဟုတ်တယ်၊စိုင်းရဲ့။ခေါင်းထဲမှာဆစ်ဆစ်နှင့်ကိုက်နေတယ်။စိုင်းကနန်းခေါင်းကိုက်နေမှန်းဘယ်လိုသိတာလဲ။"
စိုင်း"မနေ့ညကမမနန်းကဝိုင်တွေအရမ်းသောက်တော့ဒီနေ့ခေါင်းကိုက်မယ်ဆိုတာကြိုသိတယ်လေ။အဲ့တာကြောင့်မမနန်းအတွက်သံပုရာဖျော်ရည်ချဥ်ချဥ်လေးကျွန်တော်ကိုယ်တိုင်ဖျော်ပေးထားတယ်။သောက်လိုက်အုန်းမမနန်း၊ခေါင်းကိုက်ပျောက်သွားအောင်။"
စိုင်းကပြောရင်းနန်းကိုအအေးခွက်လှမ်းပေးလိုက်တာကြောင့်နန်းလည်းစိုင်းဆီကအအေးခွက်ယူပြီးသောက်လိုက်တယ်။
နန်း"wow!!!လန်းသွားတာပဲ။ခေါင်းကိုက်တောင်ပျောက်သွားသလိုခံစားရတယ်။ဒါနှင့်စိုင်း၊တခုလောက်မေးအုန်းမယ်။မနေ့ညကနန်းဘယ်လိုအိမ်ပြန်ရောက်လာတာလဲ။နန်းမမှတ်မိလို့။"
စိုင်း"မနေ့ညကမမနန်းအရမ်းမူးနေလို့ကျွန်တော်အိမ်ပြန်ခေါ်လာဝာာ။မမနန်းအိပ်ပျော်နေတော့ကျွန်တော်အိပ်ယာထဲထိလိုက်ပို့ပေးလိုက်သေးတယ်။"
YOU ARE READING
မကကျွန်တော့်ရဲ့မီးအိမ်ရှင်
Romanceစိုင်းမွန်ဆိုတဲ့မိဘမရှိဘဲပထွေးလက်ထဲမှာကြီးပြင်းခဲ့ရတဲ့ကောင်လေးကိုဂရုဏာသက်မိပြီးနန်းမွန်ဆိုတဲ့ကောင်မလေးကဆရာ၀န်ဖြစ်အောင်ထောက်ပံ့ပေးခဲ့ပါတယ်။ဖြူစင်တဲ့မောင်နှမသံယောဇဥ်နှင့်အစပြုခဲ့တဲ့သူတို့နှစ်ယောက်က၁၅၀၀ဆိုတဲ့ချစ်မေတ္တာကိုကူးပြောင်းသွားတဲ...