❣️❣️❣️chapter-36❣️❣️❣️

516 9 0
                                    

ကျွန်​တော်​မေ​မေဖြစ်ချင်တဲ့ဆရာ၀န်ကြီးတယောက်ဖြစ်သွားပြီဆိုတာ​မေ​မေနှင့်​ဖေ​ဖေကိုအသိ​ပေးချင်တယ်။ပြီး​တော့မမနန်းကကျွန်တော်နှင့်လိုက်လာတော့ကျွန်​တော်အချစ်ရဆုံး​ကောင်မ​လေးကို​ဖေ​ဖေနှင့်​​မေ​မေကိုလည်းပြခွင့်ရပြီပေါ့။ကျွန်​တော်တို့​ဖေ​ဖေနှင့်​​မေ​မေရှိတဲ့အုတ်ဂူ​ဆီ​ရောက်​တော့ကျွန်​တော်၀ယ်လာတာတဲ့ပန်းစည်းလေးနှစ်ခုကိုအုတ်ဂူ​လေးမှာပန်းစည်းလေးနှစ်ခုကျွန်​တော်တင်လိုက်တယ်။
စိုင်း"မေ​မေနှင့်​ဖေ​​ဖေဒါကကျွန်​တော့်ကို​ကျောင်းထား​ပေးခဲ့တဲ့ကျေးဇူးရှင်နန်းမွန်တဲ့။မမနန်းကြောင့်သာမေမေတို့ရဲ့သားကအခုဆိုပါရဂူဘွဲ့ရဆရာဝန်ကြီးတယောက်ဖြစ်နေပြီလေ။ကျွန်တော်ကတိတည်တယ်မလား၊မေမေ။ကျွန်တော်မေမေဖြစ်စေချင်တဲ့ဆရာဝန်ကြီးအခုဖြစ်နေပြီလေ။မေမေသိရဲ့လား။မေမေသာအခုချိန်ရှိနေရင်ဗျာ........။"
ကျွန်တော်ပြောရင်းပါးပြင်ပေါ်မျက်ရည်တွေစီးကျလာတယ်။
နန်း"စိုင်းရယ်၊အားမငယ်ပါနှင့်။စိုင်းမှာမိဘတွေမရှိတော့ပေမဲ့စိုင်းမှာနန်းရယ်၊ဘိုးဘိုးရယ်ရှိသေးတယ်လေ။စိုင်းတယောက်တည်းမဟုတ်ပါဘူး။"
နန်းစိုင်းရဲ့မျက်ရည်တွေကိုသုတ်ပေးရင်းပြောလိုက်တယ်။
စိုင်း"မမနန်းတို့ကြောင့်ပဲကျွန်တော်ရှေ့ဆက်ဖိုခွန်အားတွေရှိခဲ့တာ။ကျွန်တော််ဒီတသက်မမနန်းနှင့်ဘိုးဘိုးကိုကျေးဇူးဆပ်လို့ကုန်မှာမဟုတ်တော့ပါဘူး။မမနန်းတို့ရဲ့ကျေးဇူးကတကယ်ကြီးမားပါတယ်။"
နန်း"စိုင်းကကျေးဇူးသိတတ်တဲ့ကလေးဆိုတာသိပ်တယ်၊စိုင်းရယ်။မငိုနှင့်တော့နော်စိုင်း။အန်တီတို့လည်းစိုင်းအခုလိုစိတ်မကောင်းဖြစ်နေတာတွေ့ရင်ဘယ်စိတ်မကောင်းမလဲ။"
စိုင်း"ဟုတ်ကဲ့။"
ကျွန်တော်မျက်ရည်သုတ်လိုက်ပြီးတော့ဖေဖေနှင့်မေမေရဲ့အုတ်ဂူရှေ့မှာဒူးထောက်ထိုင်လိုက်ပြီးကန်တော့လိုက်တယ်။ပြီးမှမမနန်းနှင့်ကျွန်တော်ကျွန်တော့်မိဘတွေရှိတဲ့နေရာကနေထွက်လာလိုက်တယ်။

      💮💮💮💮💮💮💮💮💮💮💮💮💮💮

စိုင်းကမျက်နှာမကောင်းတာကြောင့်နန်းလည်းစိတ်မကောင်းဘူး။သူစိတ်ပြောင်းသွားအောင်နန်းတခုခုလုပ်ပေးချင်တယ်။နန်းတွေးရင်းနှင့်အကြံတခုရသွားတယ်။
နန်း"စိုင်း၊နန်းစိုင်းလက်ရာမစားရတာကြာပြီ။တို့တွေတခုခုလုပ်စားကြမလား။"
စိုင်း"ကောင်းသားပဲ။မမနန်းဘာစားချင်လဲ၊ကျွန်တော်လုပ်ကျွေးမယ်လေ။အင်း၊ဖက်ထုတ်ကြော်ပူပူလေးစားချင်တယ်။ပြီးတော့အကြော်စုံပူပူလေးရောပဲ။"
စိုင်း"ok!!!အဲ့တာဆိုလိုအပ်တာတွေmarketဝင်လိုက်မယ်နော်၊မမနန်း။"
နန်း"အင်း၊ဝင်လိုက်လေ၊စိုင်း။"
နန်းတို့တွေmarketတခုဝင်ပြီးလိုအပ်တာဝယ်ရင်းအရုပ်ကောက်စက်ကိုတွေ့လိုက်တယ်။
နန်း"စိုင်း၊ဟိုမှာအရုပ်ကောက်စက်။အရုပ်သွားကောက်ကြမယ်။"
နန်းစိုင်းရဲ့လက်ကိုဆွဲပြီးအရုပ်ကောက်စက်ရှိတဲ့နေရာပြေးသွားတယ်။ဒီတခါလည်းအရင်တုန်းကအတိုင်းပါပဲ။နန်းကောက်တာတရုပ်မှလည်းမရဘူး။အချိန်တွေကုန်၊ပိုက်ဆံတွေသာကုန်သွားတယ်။နန်းအရုပ်ကောက်နေတုန်းစိုင်းကနန်းရဲ့လက်ပေါ်မှာသူ့ရဲ့လက်တွေထပ်လိုက်တယ်။စိုင်းကရုတ်တရတ်အခုလိုလုပ်တော့နန်းအရမ်းအံ့သြသွားတယ်။နန်းအံ့သြတဲ့အကြည့်လေးနှင့်စိုင်းကိုမော့ကြည့်လိုက်တယ်။နန်းစိုင်းကိုမော့ကြည့်လိုက်တော့စိုင်းနှင့်နန်းမျက်နှာတော်တော်လေးနီးသွားတယ်။နန်းစိုင်းမျက်နှာကိုစက္ကန့်ပိုင်းလောက်ငေးကြည့်လိုက်မိတယ်။နောက်မှနန်းသတိပြန်ဝင်လာပြီးမျက်နှာလွဲလိုက်တယ်။နန်း"မိနန်း၊မိနန်း၊သတိလေးပါလေးလည်းထားပါအုန်း။မိန်းကလေးဖြစ်ပြီးသိက္ခာလည်းထိန်းပါအုန်းဟယ်။"လို့နန်းကိုယ့်ကိုစိတ်ထဲကပြောလိုက်တယ်။

💮💮💮💮💮💮💮💮💮💮💮💮💮💮💮💮

စိုင်းကနန်းရဲ့လက်လေးကိုကိုင်ရင်းအရုပ်ကောက်လိုက်တယ်။အရုပ်လေးတရုပ်​ကောက်လို့ရခဲ့တယ်။
စိုင်း"မမနန်း၊ဒီမှာမမနန်းကောက်ထားတဲ့အရုပ်လေး။"
စိုင်းကရလာတဲ့အရုပ်လေးကိုနန်းကိုပေးရင်းပြောလိုက်တယ်။
နန်း"နန်းတယောက်တည်းကောက်တာမဟုတ်ပါဘူး။စိုင်းနှင့်အတူကောက်ခဲ့တာပါနော်။"
နန်းစကားကြောင့်စိုင်းပြုံးလိုက်တယ်။နန်းတို့အိမ်ပြန်နောက်ကျမှာစိုးလို့အရုပ်ဆက်မကောက်တော့ပဲအိမ်ပြန်လာခဲ့တယ်။အိမ်ရောက်တော့နန်းနှင့်စိုင်းမီးဖိုခန်းထဲအတူတူဝင်ပြီးညစာပြင်ကြတယ်။ဖက်ထုပ်လုပ်ဖို့စိုင်းကဂျုံတွေကိုရေနှင့်ရောလိုက်ပြီးဂျုံနယ်နေတယ်။နန်းလည်းစိုင်းလိုပဲဂျုံနယ်နေတယ်။
နန်း"စိုင်း၊ဒီလောက်ဆို..........။"
နန်းကိုဂျုံနယ်တာရပြီလားလို့မေးမလို့စိုင်းဖက်လှည့်လိုက်တာစိုင်းကလည်းနန်းရှေ့ရောက်နေတာကြောင့်နန်းလည်းစိုင်းနှင့်တိုက်မိမှာမလို့ရှောင်ရင်းအနောက်ကိုလှန်ကျသွားသွားတယ်။စိုင်းကနန်းလဲသွားမှာဆိုးလို့လက်ကိုလှမ်းစွဲလိုက်တယ်။နန်းကလည်းလဲကျမှာဆိုးလို့လက်ထဲကဂျုံပန်းကန်ကိုလွှတ်ချပြီးစိုင်းကိုဖက်လိုက်တယ်။နန်း​ကြောင့်စိုင်းကလည်းအရှိန်မထိန်းမထိန်းနိုင်​တော့ပဲနှစ်ယောက်သားကြမ်းပြင်ပေါ်လဲကျသွားတယ်။ကြမ်းပြင်ပေါ်လဲကျတော့နန်းနှင့်စိုင်းနှုတ်ခမ်းချင်းထိမိသွားတယ်။ဒီအခိုက်အတန့်လေးအတွင်းမှာနန်းရဲ့နှလုံးခုန်သံတွေအရမ်းမြန်လာပြီးနှလုံးသားတခုလုံးပေါက်ထွက်တော့မလိုအရမ်းမြန်နေတယ်။ကျွန်တော်မမနန်းဆီကအခုလိုfirst kissရတဲ့အတွက်အရမ်းပဲရင်တွေခုန်လာတယ်။မမနန်းကြောင့်ကျွန်တော်ရူးတော့မယ်ထင်ပါတယ်ဗျာ။မမနန်း!!!ကျွန်တော့်ကိုရင်ခုန်အောင်အရမ်းမလုပ်ပါနှင့်။ကျွန်တော်နှလုံးရောဂါရတော့မယ်၊ချစ်ရတဲ့မမနန်းရေ။

🌺🌺🌺🌺🌺🌺🌺🌺🌺🌺🌺🌺🌺🌺🌺🌺🌺🌺

Chapter-37 coming soon💌💌💌.

🎀🎀 Author-yoon mieno🎀🎀

မကကျွန်​တော့်ရဲ့မီးအိမ်ရှင်Where stories live. Discover now