( ၁ )
တင်းကြပ်နေတဲ့ ဆို့နင့်မူ။
အယောင်အမှားမှားနဲ့ကိုယ့်ခေါင်းကို ရိုက်လိုက်မိ ။
ငါမပြောဖူးလေဘူးလား ။ငါအကြောင်းကိုသိသွားရင် အားလုံးထွက်ပြေးကြမှာလို့။
ငါမပြောဖူးလေဘူးလားဆိုပြီးတွေးနေပေမဲ့ အမှန်တော့သူထွက်မပြေးခဲ့ဘူး။ငါကသာ သူ့ကိုတွန်းထုတ်နေတာ။
တွန်းထုတ်ခဲ့တာ။
မုန်းခဲ့တာ ။
သွားပါလို့ပြောခဲ့တာ။သူ့ကို ကိုယ်တိုင်တွန်းထုတ် ၊
ကိုယ်တိုင်ပြန်ခေါ်ပြီး ၊
ကိုယ်တိုင်ပြန်မောင်းထုတ်ခဲ့တာ။ဒီတစ်ခါ သူပိုပြီးနာကျင်ရမယ်ဆိုတာ သိလျက်နဲ့လေ။သိသိလျက်နဲ့ ငါလုပ်ခဲ့တာ။
ငါသူ့ကိုချစ်လား၊မချစ်လား မသေချာလို့အသုံးချပြီးခုတုံးလုပ်ခဲ့တာ။
4oct2022