( ၄ )
မင်းကငါ့အတွက် ခါးထိကျနေတဲ့ဆံပင်ကိုဂုတ်အထိ ညှပ်ခဲ့တယ်။ငါက မင်းအရှေ့မှာပဲ
အခြားသူနဲ့ဆင်တူ နားပေါက်ဖောက်ခဲ့တယ်။ရယ်ရတယ်မလား။ မင်းနာကျင်နေမှာသိပေမဲ့ ငါလုပ်ခဲ့တယ်။ဒါ ရယ်ရတယ်မလား။ ငါအကြောင်းပြချက်မရှိဘဲ လုပ်မိခဲ့တာ။ငါ့ကိုက စိတ်ရောဂါရှိနေတာ။
( ၅ )
KTVသွားတယ် ။မူးပြီးပြန်လာတယ်။ KTV
မှာ မင်းကိုသစ္စာဖောက်တဲ့ကိစ္စကို လုပ်ခဲ့တယ်။ပုံမှန်အသိစိတ်နဲ့။ပုံမှန်ပဲ အခြားအမျိုးသမီးတစ်ယောက်ကို နမ်းခဲ့တယ်။မင်းပြောသလိုပေါ့ ။ငါကအချစ်ခံရတာကို သာယာနေတာ။
( ၆ )
အစ်မက အစ်မကိုအစ်မ ညီမနဲ့ပတ်သက်လို့နာကျင်ရတိုင်းဝဋ်ခံနေရတယ်လို့ထင်နေတာ။
ညီမကလည်း အစ်မညီမကို အဲ့လိုမြင်နေတာညီမရဲ့ဝဋ်ကြွေးကြောင့် လို့ထင်နေတယ်။
ဝဋ်ကြွေးက ဝဋ်ကြွေးကိုဘယ်လိုအနိုင်ယူနိုင်မှာတဲ့လဲ။အစ်မနဲ့တွဲလို့ ငါကပုံမှန်သူငယ်ချင်းတွေနဲ့ဝေးသွားကြတယ်လို့ အစ်မကထင်တယ်။
ဒါပေမဲ့လေ အစ်မကငါနဲတွဲလိုက်လို့ စိတ်ဒုက္ခရောက်နေရတာကိုပဲ ငါကမြင်ခဲ့တယ်။ချစ်သူရည်းစား အဖြစ်ကနေရပ်ပြီး သူငယ်ချင်းအဖြစ်ပဲနေဖို့ပြောခဲ့တယ်။ငါသူ့ကိုလက်မလွှတ်ချင်ဘူးလေ။