"ဂယူဘင်း ဂျီအူးနီးHyungကို ဖုန်းဆက်လို့မရဘူး၊ ဒီနေ့ ငါတို့ ညစာသွားစားမယ်ပြောထားတာ"
"အာ ဟုတ်တယ် hyung၊ ဂျီအွန်းHyung နည်းနည်း ကွန်ဒီရှင်းမကောင်းလို့ အိမ်ပြန်ရောက်နေတယ်။ "
"သြော်...အင်း ရပါတယ်၊ Hyung အဆင်ပြေသွားရင် ငါ့ကို ဖုန်းဆက်လို့ ပြောပေး။"
"ဟုတ်ကဲ့ Hyung "
အူဟျွန်းက ဖုန်းပိတ်ကာ သက်ပြင်းချရင်း လမ်းလျှောက်ပြန်လာခဲ့သည်။
အတွေးတွေက ခေါင်းထဲ ကဆုန်ပေါက်ပြေးလွှားနေလျက်။
ဒီနေ့က သူ့မွေးနေ့မို့ ဂျီအူးနီးHyungက ညစာ အတူစားပေးဖို့ ပြောထားတာဖြစ်သည်။
သူငယ်ချင်းရဲ့အစ်ကိုကို တစ်ဖက်သတ်သဘောကျနေရတာလည်း မလွယ်ကူပါ။
အထူးသဖြင့် အဲ့အစ်ကိုက ကိုယ့်ကို ညီလေးရဲ့သူငယ်ချင်းတစ်ယောက်လိုပဲ မြင်နေတဲ့အခါပေါ့။ခြေဦးတည့်ရာလျှောက်လာပေမယ့် သူ့ခြေလှမ်းတွေက hyung ရဲ့ တိုက်ခန်းဆီ ရောက်နေခဲ့သည်။
အထပ်မြင့်တိုက်ကို မြေပြင်ပေါ်ကနေ မော့ကြည့်မိတော့ အရမ်းကိုမှ ဝေးကွာနေခဲ့သည်ပဲ။Hyung နဲ့ သူ့ရဲ့ ဆက်ဆံရေးလိုမျိုး။
xxx
"ဂယူဘင်း !"
"Hyung ...."
ဂယူဘင်းက သူ့ကိုမြင်မြင်ချင်း ပြေးလာကာ ပွေ့ဖက်နှုတ်ဆက်သည်။ အူဟျွန်းက ဂယူဘင်းထက် နှစ်နှစ်ပိုကြီးပေမယ့် ကနေဒါကနေ ကျောင်းပြောင်းကျောင်းသားမို့ တက္ကသိုလ်နှစ် တူနေတာဖြစ်သည်။
"မနက်ပိုင်းအချိန်တွေ အမြဲလစ်တယ်နော် မင်း"
"Hyung ရှိနေတာပဲဟာ၊ notes လေးတွေ ပေးဦးနော်။ "
"ငါ့ကို ကော်ဖီဝယ်တိုက် "
အူဟျွန်းက ဂယူဘင်းအတွက် သက်သက်မှတ်ပေးထားတဲ့ note စာအုပ်ကို ထုတ်ကာ ကမ်းပေးလိုက်ပြီး ကန်တင်း ထွက်ခဲ့ကြတော့သည်။
ကန်တင်းထဲမှာတော့ အူဟျွန်းက ကော်ဖီဘူးလေးကို လေဖြင့်မှုတ်ရင်း notes တွေကြည့်နေတဲ့ ဂယူဘင်းကို အကဲခတ်နေမိသည်။
ညက ဂျီအွန်းhyung ဘာဖြစ်တာလဲလို့ မေးချင်ပေမယ့် မေးသင့်မမေးသင့် တွေဝေနေသည်။