New York's

67 10 2
                                    


နယူးယော့ခ်ရဲ့ မြေအောက်ရထားဘူတာတွေဟာ ပုံမှန်အားဖြင့် လူအများအပြားသိပ်သည်းနေတတ်တယ်။အထူးသဖြင့် အလုပ်ဆင်းချိန်တွေမှာဆို ရထားပေါ်ရောက်သွားဖို့က နေ့စဉ်စိန်ခေါ်မှုတစ်ခုတောင်ဖြစ်လို့နေတယ်။ဒီနေ့လဲ ထုံးစံအတိုင်းပါပဲ နယူးယောက်ခ်ဘူတာဟာ လူတွေပြည့်ကြပ်နေမြဲ....။

ရထားမမှီမှာစိုးလို့ ဘူတာကိုစောစောလာတတ်တဲ့ဒါအူးလ်က ဒီနေ့တော့ကိစ္စတချို့ကြောင့် အနည်းငယ်နောက်ကျတယ်။ထိုင်းမှိုင်းနေတဲ့ရာသီဥတုနဲ့အတူ မကြည်လင်နေတဲ့စိတ်တို့က ဘူတာမှာလူတွေအများကြီးကိုမြင်လိုက်ရတဲ့အခါပိုလို့တောင်နောက်ကျိသွားတယ်။

နိုင်ငံခြားသားတွေက အရပ်ရှည်ပီးလူကောင်ကြီးသည်။ဒီကြားထဲမှာ လူကောင်သေးသေးဒါအူးလ်က ရထားပေါ်ထိရောက်အောင်ဝင်မတိုးနိုင်ခဲ့။တအုံကျက်ကျက်တွန်းထိုးနေကြတဲ့လူတွေကြား "တဆိတ်လောက်ပါ" အော်ရင်း ဒါအူးလ်က ရထားနဲ့ပိုပိုဝေးရာဆီရောက်သွားတော့သည်။အဆုံးသတ်မှာ ဒါအူးလ်တစ်ယောက် ရထားလွတ်ပါတော့သည်။

ရထားတံခါးမပိတ်ခင် အပြေးလေးသွားခဲ့ပေမယ့် လက်တစ်လုံးလောက်အလိုမှာတင် ပိတ်သွားတဲ့ရထားကြောင့် ဒါအူးလ်က လွယ်ထားတဲ့အိတ်ကိုပါပစ်ချပီး ဆံပင်တွေကိုဆွဲဖွလို့ စိတ်ပျက်စွာခြေဆောင့်သည်။

"သေစမ်း ဒီနေ့ဘာဆိုဘာမှအဆင်မပြေဘူး"

နယူးယောက်ခ်ရဲ့ မြေအောက်ဘူတာတွေဟာ အင်မတန်ကျယ်ဝန်းသည်။ပုံမှန်ဆို မတူညီတဲ့ရထားအသွားအလာကိုစောင့်နေတတ်တဲ့ လူအနည်းအကျဉ်းရှိတတ်ပေမယ့် အခုတော့ ဘူတာတစ်ခုလုံးပြောင်သလင်းခါလို့နေသည်။လူတိုင်းရထားမှီလိုက်တာကိုတွေးမိရင်း ဒါအူးလ်ပိုလို့ဒေါသထွက်လာသည်။

"အဟက်"

တစ်ယောက်တည်းရာသီဥတုမှောင်မှိုင်းနေရာကနေ ညာဘက်ခြမ်းဆီက ရယ်သံခပ်အဲ့အဲ့ကိုကြားလိုက်ရတဲ့အခါ ဒါအူးလ်ခေါင်းထဲက ခေါင်းလောင်းလေးဟာ *တင်*ခနဲ။

သူ့လိုရထားမမှီလိုက်တဲ့သူနောက်တစ်ယောက်ရှိသေးကြောင်း။

ကောင်ကလေးဟာအရပ်ရှည်သည်။အသားဖြူသည်။ခန္ဓာကိုယ်အချိုးအစားကြည့်လို့ကောင်းသည်။ပုံမသွင်းထားတဲ့ဆံပင်ဖွာလန်ကြဲတွေက ထူးထူးဆန်းဆန်းထိုကောင်ကလေးနဲ့မှ ပရန်သင့်လို့နေပြန်သည်။လည်သာဂျက်ကတ်အမဲရောင်ပွပွကိုဝတ်ဆင်လို့ အိတ်ကပ်တွေထဲလက်ထည့်ကာ သော့သော့ကလေးရယ်မောနေပုံက အဟုတ်...ကာတွန်းစာအုပ်ထဲကခုန်ထွက်လာသလို။

You've reached the end of published parts.

⏰ Last updated: May 09, 2023 ⏰

Add this story to your Library to get notified about new parts!

We both missed our trainWhere stories live. Discover now