Extra 1

2.3K 91 9
                                    

Unicode
.................

နယ်စပ်မြို့လေးတစ်ခု၏ ကုန်ခြောက်အရောင်းဆိုင်တွင် ကောင်လေးတစ်ယောက် နဖူးကချွေး ခြေမကျအောင် ကြိုးစားအလုပ်လုပ်လို့နေသည်။ သူ့ပုံစံက နွမ်းဖက်ဖက်ပုံစံပေါက်နေသော်လည်း လုပ်ပုံကိုင်ပုံ ကြိုးစားအားထုတ်မှုကြောင့် ဆိုင်ရှင်အဒေါ်ကြီးက သဘောကျလို့နေသည်။

ကောင်လေးက အနီရင့်ရောင် အေပရွန်ဝတ်ထားကာ သူ၏သွယ်လျတဲ့ခန္ဓာကိုယ်ထက်တွင် လိုက်ဖက်လို့နေသည်။ ရုပ်ရည်ရူပါ ချောမောလွန်းလှပြီး မျက်နှာမြင်ချစ်ခင်စေဟူသော စကားလုံးနှင့်သင့်တော်လှသည်။ သူ၏ထူးခြားလွန်းလှသည့် စိမ်း​ပြာရောင်မျက်ဝန်းလေးတစ်စုံကလည်း တစ်ကိုယ်လုံးတွင် အလှပဆုံးနေရာပေါ့။

အိုမီဂါဖြစ်ပုံရသည့် ကောင်လေးကို စျေးဝယ်သူများအချို့က ရိသဲဲ့သဲ့လုပ်ကြသော်လည်း သူလေးကတော့ အပြုံးချိုချိုဖြင့်သာ ပြန်လည်နှုတ်ဆက်ခဲ့သည်။

'' လရောင်လေး... ဆိုင်သိမ်းရင် မှိုခြောက်လေးတွေယူသွားဦးနော်... စားစေချင်လို့''

''ရပါတယ် အန်တီရယ်... ကျွန်တော့်အတွက်မလိုပါဘူး''

''ဟယ်..ဘယ့်နှယ့်ရှိစ... မင်းအားရှိအောင်ကျွေးတာလေကွယ်။ အလုပ်ကြိုးစားတာက ကြိုးစားတာပဲ။ စားသင့်ရင်လည်းစားမှပေါ့''

''ဟုတ်... အာ့ဆို အားမနာတော့ဘူးနော်.. ကျေးဇူးပါ အန်တီ''

စျေးဆိုင်ပိုင်ရှင် အန်တီကြီးက လရောင်ချိုကို ဂရုဏာသက်စွာ ပေးကမ်းလာသည်။ ထိုသို့သော အစားအစာမျိုးကို ယခင်လရောင်ချိုသာဆိုရင် မစားဘူးဟု ငြင်းဆန်ကောင်းငြင်းဆန်နေလိမ့်မည်။

ယခုလရောင်ချိုမှာတော့ ထိုသို့မဟုတ်။ အဖိုးဖြစ်သူ ထောင်အကျခံလိုက်ရပြီးနောက် သူလည်း အကြွေးပင်လယ်ထဲမှာ မျှောပါသွားခဲ့ရသည်။ အိမ်နှင့်ခြံအပြင် ကုမ္ပဏီ ကိုပါရောင်းလိုက်ရတာကြောင့် သူ့မှာနေစရာပင်မရှိခဲ့။

အစက စိတ်ဆိုးနေသည့်ဇောဖြင့် လရိပ်ချိုကို လက်စားချေချင်ခဲ့သော်လည်း ယခုမှာမူ သူမလုပ်ချင်တော့။ ဒီငါးနှစ်တာ ကာလအတွင်းမှာ သူစိတ်သစ်လူသစ်ဖြင့် အေးအေးချမ်းချမ်းသာ ဖြတ်သန်းသွားချင်တော့သည်။

နှစ်မြွှာအချစ် (Twins' Love) နှစ်မြွှာအချစ် CompletedWhere stories live. Discover now