Uni
"ဒါက ဘယ်လဲ ဟိုသားအဖ "
မနက်မိုးလင်းစ ရှိသေးတယ် အကိုနဲ့သားက ဆိုင်ကယ်ပေါ် ရောက်နေပြီလေ ။ အကိုက ခါးနာနေတာမို့အိမ်မှာနားခိုင်းထားတာ၂ပတ်ရှိပါပြီ။ အ ရမ်းတွေ ဆိုင်ကယ် စီးပြီးထွက်ချင်နေတဲ့သား အဖက သူမသိခင် သွားဖို့ ချောင်းနေတော့၏။ သူလည်း မရမက မြင်ဖြစ်အောင် မြင်သွားတာမို့ သားအဖ နှစ်ယောက် ပြုံးစိစိဖြင့်သူ့ကို ကြည့်နေကြပြန်၏။
"ခြံထဲခဏသွားမှာပါ "
"ခဏပဲလေ ဖေဖေ "
"မသွားရဘူး ဘယ်မှမသွားရဘူး
ခါးနာ နေတယ်မို့လား ""မနာတော့ပါဘူး အုဝဲကလည်း"
ဘယ်လောက်တောင် သွားချင်နေလည်းတော့မသိဘူး သားအဖ နှစ်ယောက် လုံးသူ့ကို ဂျီကျနေတော့သည်။ သူကလည်း ပြောသာပြောနေရတာရယ်ချင်နေတော့သည်။ သားလေးကလည်း သားဖေကြီး ဆိုင်ကယ် မစီးရတာကြောင့် သူလည်း မစီးရပါ။ နှစ်ယောက်လုံးအိမ်ထဲကအိမ်ပြင်မထွက်ရတာကြောင့်အရမ်းတွေ သွားချင်နေတာ သိသာ လှသည်။
"အုဝဲရယ် ခဏပဲ မုန်တိုင်းလည်း လာမှာဆိုတော့ ခြံထဲသွားကြည့်ချင်လို့ "
"မုန်တိုင်းက ဒီကိုမလာဘူးလေ
တော်ပြီ သွားချင်သွားကြ
ကျနော့်အိမ်တော့ ပြန်မလာကြနဲ့ "အုဝဲ ပြောမရတဲ့သားအဖကို ထားကာ စျေးဆိုင်ထဲဝင်သွားတော့သည်။ အကို့ကို မသွားခိုင်းတာကနားခိုင်းနေတာပါ။ ခါးနာတာကလည်း ပျောက်သွားပါပြီ။ ဆရာနေကို လှမ်းဖုန်းဆက်ပြီး မေးကြည့်တော့ သွားလို့ရပါပြီတဲ့ ။ မနက်တစ်ကြိမ်ညတစ်ကြိမ်ရေနွေးအိတ် ကပ်ခိုင်းပြီး လေ့ကျင့်ခန်း ၃မျိုးကို အမြဲလုပ်ပေးရမယ်လို့ ပြောတာမို့ သူ့မှာ အပျင်းကြီးတဲ့အကို့ကို မရမက ချော့တခါ ခြောက်တခါ လုပ်ခိုင်းနေရသည်။
"အုဝဲ !!!
အကိုဗိုက်ဆာပြီ""ဖေဖေ တား လည်းဆာနေရီ"
ရာစု မှာ မရယ်ဖြစ်အောင်မနည်းထိမ်းပြီး အံသြစွာ ကြည့်နေရသည်။ သူပိုင်တဲ့နှစ်ယောက်က သူစိတ်ဆိုးမှာ ကြောက်လို့ဘယ်မှမသွားတော့ဘဲ မနက်စာ စားဖို့လာပြောနေကြတာမို့ပါ ။ ရာစု လည်း ဘာသဘောလည်းဆိုပြီးတချက်ကြည့်လိုက်သည်။ ဒါကိုမျက်နှာပိုးမသေတဲ့အကိုက မျက်စိတဖက်မှိတ်ပြကာ ထမင်းစားခန်းထဲဝင် သွားတော့သည်။
أنت تقرأ
My Owner (Completed)
عاطفيةမင်းက ငါ့ဘဝကို အပိုင်သိမ်းလိုက်တာကွ #ဓနပြည့်စုံ ကျနော်ဘာမှားနေလို့လည်း အကို ထားတဲ့နေရာမှာနေမယ် အကိုကျွေးတာစားမယ် အကို လုပ်သမျှလက်ခံဖို့ အဆင်သင့်ပဲလေဗျာ #ရာစုငယ်