နှင်းတွေလွှမ်းနေသည့် လမ်းမကြီးကို မက်သရူး ပြတင်းပေါက်မှ ကြည့်လိုက်တော့ အပြင်မှာ ကိုကို ကလက်ပြနေသည်။
ကိုကို အလုပ်သွားတိုင်း မက်သရူးက ချော့ကလက်ရည်နွေးနွေးလေးထည့်ထားသော ကြောင်ပုံလေးပါသည့် ခွက်ကလေးကို ကိုင်၍ ပြတင်ပေါက်မှ ကိုကို ကိုမမြင်ရတော့သည့်တိုင်အောင် ငေးကြည့်နေကြဖြစ်သည်။
ကိုကိုကလည်း နေ့တိုင်းမပျက် မက်သရူးကို လက်ပြနှုတ်ဆက်လေ့ရှိသည်။
စိတ်ဆိုးပြီးအဆင်မပြေနေသည့် အချိန်မှာတောင် အပြင်သွားခါနီးတိုင်း နှုတ်ဆက်လေ့ရှိသည့် ကိုကိုကြောင့် မက်သရူးအချစ်ပိုရသည်။
မက်သရူးကိုကို့ ကိုနှုတ်ဆက်နေသည့်အချိန်မှာ ကြောင်အမွှေးပွလေးက မက်သရူး၏ ခြေထောက်ကိုပွတ်သပ်နေသည်။
"ကင်မ် ဒီနေ့အေးတယ်နော် မီးလင်းဖိုနားသွားရအောင်"
ကြောင်လေးကင်မ်ကတော့ နားလည်နေသလို မီးလင်းဖို့ရှေ့က ဆိုဖာအောက်လေးမှာ ခွေခွေလေး ဦးအောင်သွားကွေးနေသည်။
"တကယ့်လူလည်လေး အာ့ကြောင့်မင်း နာမည် ကင်မ်ဖြစ်နေတာ"
မက်သရူး ကင်မ်ကို ကျော်ခွ၍ ဆိုဖာပေါ်တတ်ထိုင်လိုက်သည်။
လန်ဒန်ကိုရောက်တာ 3နှစ်ပင်ပြည့်တော့မည်။လန်ဒန်ရောက်ကတည်းက မက်သရူးမှာလုပ်စရာ မယ်မယ်ရရမရှိပေ။
ထို့ကြောင့် အားတဲ့အချိန်တိုင်း ကြောင်တွေနှင့် စကားပြောလိုက် စာအုပ်ဖတ်လိုက်နှင့်နေရသည်။"ကင်မ်ရေ ဘင်း လေးကော ဘယ်ချောင်မှာအိပ်နေလဲမသိဘူး"
မက်သရူးသည် ကြောင်အလွန်ချစ်တတ်ပါသည်။ ထို့ကြောင့်ကိုကိုက ကြောင်လေးနှစ်ကောင်မွေးပေးထားသည်။
ထိုကြောင်များသည် အမွေးပွပွနှင့် ဝကစ်ကစ်ကြောင်လေးများဖြစ်သည်။"ဘင်း ကအပျင်းကြီးတယ်နော် မနက်က သူ့ပန်းကန်ထဲ နိုးတွေထည့်တိုက်တာတောင်မသောက်ဘူး" ဘင်းက ငပျင်းလေးပေ။
မက်သရူး မီးလင်းဖိုရှေ့တွင် မျက်လုံးများကိုမှေးထားလိုက်သည်။
အေးခဲနေသောဆောင်းတွင်းလေးမှာ မီးလင်းဖိုက အနွေးဓာက်ကလေးနဲ့ နေရတာလောက်ဇိမ်ရှိတာလောကကြိးမှာမရှိပါပေ။မက်သရူး မှေးထားသောမျက်လုံးများကိုပင် မဖွင့်ချင်တော့လောက်အောင်ပါပေ။
ရုတ်တစ်ရပ် ဖွင့်ထားသောရေဒီယိုမှ ထွက်ပေါ်လာသော သီချင်းသံကြောင့် မက်သရူး နှုတ်ခမ်းလေး တွန့်ရုံပြုံးမိသည်။
YOU ARE READING
အတန်းခေါင်းဆောင်လေး sunshine (One Shot)
Short Storyထိုလူ၏အပြုံးက နှစ်လိုဖွယ်ကောင်းသည်။ ထိုလူ၏စကားလုံးတွေနဲ့ အမူအယာတွေက ရင်ကိုခုန်စေသည်။ သေချာပါသည် မက်သရူး ရွေးချယ်ထားတဲ့သူဟာ မက်သရူးကို ကာကွယ်မှုအပြည့်ပေးနိုင်လိမ့်မယ်ဆိုတာ။