part-3

284 38 4
                                    

နှိုးစက်သံကြောင့် နိုးလာခဲ့ပေမဲ့ ခေါင်းကတော့ ကြည်မနေခဲ့ ။ ဒီနေ့တော့ ‌အတန်းမတက်ဖြစ်လောက်တော့ပြီမို့ နှိုးစက်အား ပိတ်လိုက်တယ်။ တစ်ညလုံးစကားတွေပြောခဲ့ကြပြီး မနက်လေးနာရီလောက် မှ အိပ်ပျော်သွားသည့် ဟန်ဘင်းရှိရာကြည့်မိလေတော့ ။

" ရှိမနေခဲ့ဘူးပဲ "

ဒီလိုပါပဲ ဟန်ဘင်းဆိုသည်မှာ သူ့နှင့်ပတ်သတ်သမျှတွေကို ခွင့်ပြုချက်မတောင်း စိတ်ကြိုက်ပြုမူနေတတ်သည့်ကလေးမဟုတ်ပါလား ??

သူကလည်း ထိုကောင်လေး၏ပြုမူသမျှတွေကို အပြစ်မမြင်တတ်သည့် အခါ ။

" ဟျောင်း ကျနော့်ကို သဘောကျမနေလို့ တော်သေးတာပေါ့ ကျနော့် မှာ ချစ်ရတဲ့သူရှိနေပြီ ဒါပေမဲ့ သူကလဲ ကျနော့်ကို သဘောမကျဘူးတဲ့လေ " နှလုံးသားထဲထိ နက်နက်ရှိုင်းစိုက်သွင်းခံလိုက်‌ရသော စကားအချို့ ။

ရင်ခွင်ထဲ အခြားတစ်‌ယောက်အတွက် ငိုကြွေးနေသည့်လူသားက ကျနော် တန်ဖိုးထားချစ်ရပါသော ဟန်ဘင်းတဲ့လေ ။

မည်မျှသဘောကျကြောင်း ဖွင့်ပြောဖို့ သတ္တိရှိမနေခဲ့ခြင်းက ကျနော် နာကျင်သမျှတွေကို သက်သာစေမတဲ့လား ??

အတန်းခေါင်းဆောင်ဆိုသော ဂုဏ်ပုဒ်နဲ့အညီ စာတော်လွန်းသည့် ဆောင်းဟန်ဘင်းဆိုသည့်ထိုကောင်လေးက နောင်တစ်နှစ် စာသင်နှစ်အစမှာတော့ အပြောင်းလဲကြီးပြောင်းလဲလို့ပင် ။

နာမည်ကြားရုံ နှင့် ပွေရှုပ်လွန်းသည့်ဂျစ်ကန်ကန်ကောင်လေးအသွင်ဖြင့် ။

နေရာအနှံ့ဟန်ဘင်းအား လိုက်ရှာခဲ့ပြီးမှ ကျောင်းအနီးကော်ဖီဆိုင်ထောင့်စွန်းဝိုင်းတွင်တွေ့ရခြင်း ။ သူ့အနားလျှောက်သွားလိုက်ရင်းမှ ဟန်ဘင်းအနားရှိမနေပေးနိုင်ခြင်းကို ကိုယ့်အပြစ်လို့မြင်လာမိသည်။

" ဟန်ဘင်း !! ဟျောင်းကိုဘာလို့ ဆက်တိုက်ရှောင်နေခဲ့တာလဲ ဘာလို့ ဟျောင်း ဆီမလာတော့တာလဲ "

" မလာတဲ့သူကို မမျှော်ပါနဲ့လား ဟျောင်း !! "

" ဘာစကားလဲ ဟန်ဘင်း !! ငါတို့နှစ်ယောက်ရဲ့ ခင်မင်မှုက ဒီလောက်လေးပဲလား "

💕 LOVE SWITCH 💕Where stories live. Discover now