Part-12

4.2K 308 48
                                    

ပြင်ဦးလွင်မှ အပြန်လမ်းတစ်လျှောက်လုံး စိုင်းအပါအဝင် သက်ပိုင်ကောပါ
တစ်ယောက်နှင့်တစ်ယောက်စကား
တစ်ခွန်းမျှမပြောဖြစ်ခဲ့ကြ။

အခြေအနေဟာ အနည်းငယ်ကသိကအောက်နိုင်သည်ကြောင့်လည်းပါလိမ့်မည်။

သက်ပိုင်ဟာ သူ့ကိုမျက်လုံးချင်းပင်မစုံပဲ ပြတင်းပေါက်အပြင်ဘက်မှ ကျော်လွန်သွားသောသစ်ပင်တို့ကိုသာ တိတ်တဆိတ်ငေးကြည့်နေ၍
သူ၏ပယင်းရောင်မျက်ဝန်းတို့ဟာ အနည်းငယ်ဖျော့တော့လို့နေသည်။

မျက်ခွံတို့မှာအနည်းငယ် မို့အစ်နေကိုကြည့်ခြင်းဖြင့် ဒီကောင်လေးဟာမနေ့ညကငိုထားခဲ့မှန်းသိသာလေသည်။

ငါ့လိုကောင်က မင်းမျက်ရည်တွေနဲ့မထိုက်တန်ပဲ အသက်ရယ်။

အောင်သက်ပိုင်ဆိုတဲ့ ကောင်လေးဟာအကောင်းဆုံးတွေနဲ့ပဲထိုက်တန်တဲ့သူတစ်ယောက်မို့ သူ့လိုကောင်နဲ့လားလားမျှမသက်ဆိုင်။

သူ သက်ပိုင်ကိုမချစ်ဘူးလားဆိုရင် ဘယ်ဟုတ်မလဲ၊သူချစ်တာပေါ့...သက်ပိုင်ဆိုတဲ့ကောင်လေးကို ပိုးမွေးသလိုတယုတယလေးနဲ့ အထိအခိုက်အရှအနာမရှိစေပဲ ကာကွယ်ပေးချင်တဲ့အထိ။

ဒါပေမဲ့ သူတို့နှစ်ယောက်က မဖြစ်နိုင်ဘူးမဟုတ်လားလေ။

စိုင်း သက်ပိုင်ကိုပထမဆုံး တွေ့သည့်အချိန်ကိုမှတ်မိပါသေး၏။
အဲ့နေ့က လပြည့်နေ့...လူအသွားအလာမပြောနဲ့ လမ်းဘေးခွေးတောင်ဖြတ်မလျှောက်တဲ့ နောက်ဖေးလမ်းကြား
ကျဥ်းကျဥ်းလေးထဲမှာ 13နှစ်အရွယ်ကလေးလေးတစ်ယောက်က သူတစ်ယောက်တည်းထိုင်ပြီး လမင်းကြီးကိုကြည့်ရင်း စကားတွေထိုင်ပြောနေတဲ့ မြင်ကွင်းလေး။

နဖူးပေါ်ကို ခပ်အုပ်အုပ်ကျနေတဲ့ဆံပင်တို့ကြားကနေ ထိန်ထိန်သာနေတဲ့ လမင်းကြီးကို ကြည့်နေတဲ့ ပယင်းရောင်မျက်ဝန်းတို့ဟာ ကျောက်မျက်ရတနာတစ်ခုအလား။

သို့ပေမဲ့ မျက်ဝန်းတို့ဟာ
ဘယ်လောက်လှလှ သိပ်ကိုအထီးကျန်ဆန်ဖို့ကောင်းနေသည်ကိုလည်း ငြင်း၍မရခဲ့။

13နှစ်အရွယ်ကလေးလေးတစ်ယောက်တောင်းခဲ့တဲ့ ဆုတောင်းကိုသူအခုထိမှတ်မိပါသေး၏။

In Love With An Old Mafia(Complete)Where stories live. Discover now