how could i forget him?

454 43 8
                                    

song recommend - twice ( rewind )

❄️

ဆောင်းရာသီရဲ့ညပိုင်းတွေဟာ သာမန်ညတွေထက်ပို၍ပင် ရှည်ကြာလွန်းသည် သို့သော် ညဆို အမြဲနောက်ကျမှအိပ်ရာဝင်တတ်သည့် ညဇီးကွက်လေး ကျန်းဟောင့် အတွက်တော့ တိတ်ဆိတ်သည့်ဆောင်းဦးရဲ့ညတာရှည်တွေက ပို၍ပင် သဘောကျချင်စရာကောင်းလှသည် ။ ကျန်းဟောင့်က ဆူညံသံတွေကိုမနှစ်သက် တိတ်ဆိတ်တာမျိုး ကိုပိုသဘောကျတတ်သည့်သူမို့ ပိတ်ရက်ဆို မနက်ခင်းပိုင်းမှာ မိုးအတော်လင်းမှထတတ်ပြီး ညပိုင်းဆို ခုလိုမျိုး နောက်ကျသည် အထိနေတတ်သည် ။

ကျန်းဟောင့် ကစာဖတ်ရတာကိုသဘောကျသည် ၊ စာဖတ်ရင်ဘေးပတ်ဝန်းကျင်ကို အာရုံမရပဲ စာထဲကိုပဲ စိတ်နှစ်ပြီးဖတ်တတ်သည့်အကျင့်ရှိသည်မို့ ခုလိုလူခြေတိတ်ဆိတ်သည့်အချိန်မျိုးသည် သူ့အတွက်အကောင်းဆုံးပါပင် ။ နာရီအတော်အကြာ စာအုပ်အထူကြီးကိုကိုင်ထားရသည်မို့ လက်များပင်ထုံလာရသည် ။ ကျန်းဟောင့်က အချစ်စာအုပ်တွေ ဇာတ်လမ်းအကြောင်းတွေထက် သမိုင်းအကြောင်းတွေကိုသာ ပို၍စိတ်ဝင်စားသူဖြစ်၍ စာအုပ်အထူကြီးတွေကိုဖတ်ခြင်းက သူ့အတွက်ပုံမှန်လိုပင် အထူကြီးဆိုသည့်အတိုင်း ကိုင်ရတာလက်တော့ညောင်းပါသည် ၊ ပြောရင်းပို၍ထုံလာသော လက်ကြောင့် ဖတ်လက်စ ပြင်သစ်သမိုင်းအကြောင်း စာအုပ်ကိုပိတ်လိုက်ပြီး နောက်နေ့ပြန်ဖတ်သည့်အခါ အစပြန်ရှာနေစရာမလိုတော့အောင် ဖတ်လက်စ စာမျက်နှာကြားထဲတွင် bookmark လေးညှပ်ထားလိုက်သည် ။ စာကြည့်မျက်မှန်အပါးလေးကို ချွတ်ပြီး ကုတင်ဘေးက ခုံပေါ်တင်လက်စနှင့် နာရီကိုကြည့်မိတော့ 2:48 ၊ မနက်က နောက်ကျမှနိုးသည့် သူ့အဖို့ ထိုအချိန်ကတအားကိုအိပ်ရာဝင်ဖို့ စောလွန်းသေးသည် ။

အိပ်မရတာကြောင့် ဖုန်းကိုဖွင့်ကာ ဟိုကြည့်ဒီကြည့် လုပ်မိနေသည် ။ ခဏအကြာ ကျန်းဟောင့် ဖုန်းသုံးနေတုန်းပင် post တစ်ခုက ကျန်းဟောင့် ဆီသို့တက်လာခဲ့သည် ။ ကျန်းဟောင့် ကျော်သွားဖို့လုပ်ခဲ့ပေမဲ့ တင်တဲ့သူက ကျန်းဟောင့် တို့ မေဂျာက စီနီယာဖြစ်၍ ကျန်းဟောင့် မကျော်သွားတော့ပဲ သူတင်ထားသည့် ပုံများကို အသဲပေး၍ တစ်ပုံချင်းဆီကိုလိုက်ကြည့်မိပါသည် ။ ပုံတွင် အရက်ခွက်များကိုင်ကာဖြင့် မြူးတူးကခုန်ပျော်ပါးနေကြသော လူငယ်တစ်စုကိုတွေ့မြင်ရသည် ။ အပေါ်ကကျန်ခဲ့တဲ့ ပုံတွေရဲ့ အောက်ဆုံးနားအရောက် မြင်လိုက်ရသည့် ပုံကြောင့် ကျန်းဟောင့်၏ စိတ်အလုံးဆုံဟာ အာကာသကွင်းပြင်ကြီးထဲသို့ လွင့်ထွက်သွားသည့်အလား ၊ တစ်ဆက်တည်း၌ စီနီယာရဲ့ post ကိုကျော်သွားလိုက်လျှင် ကောင်းသား ဟုပါတွေးမိသည် ။ ဖုန်းကိုင်ထားသော လက်လေးတွေဟာတုန်ယင်လာပြီး မျက်လုံးအစုံသည် မျက်ရည်တို့ဖြင့်ပြည့်နှက်လာကာ ကျန်းဟောင့် ရင်ဘတ်ထဲ၌ လည်း အပြင်ကအေးစက်စက်ရာသီဥတုနှင့်ဆန့်ကျင်ဘက် ပူလောင်လာခဲ့သည် ။

You've reached the end of published parts.

⏰ Last updated: May 11, 2023 ⏰

Add this story to your Library to get notified about new parts!

maybe if // BINHAOWhere stories live. Discover now