ғᴏʀɢᴇᴛ ᴍᴇ ɴᴏᴛ...
ᴇᴘɪsᴏᴅᴇ»«1🌨️
[ᴜɴɪᴄᴏᴅᴇ ]
☯︎☯︎☯︎☯︎☯︎☯︎☯︎☯︎☯︎☯︎☯︎☯︎☯︎☯︎☯︎☯︎☯︎☯︎☯︎ဆိုလ်းမြို့၏ စီးပွားရေးတက္ကသိုလ်တစ်ခုတွင်ဖြစ်သည်။
"ထယ်ယောင်းရေ...ငါဒီနေ့မင်းအတွက် မုန့်လုပ်လာတယ်နော်"
ဂျယ်ယူက ထမင်းဗူးအပြာနုလေးအား ခုံတန်းပေါ်တင်ပေး၏။ချက်ချင်းပင် မျက်နှာချင်းဆိုင်မှ ထယ်ယောင်းက လက်လေးတွေအလျင်အမြန်လှုပ်ရှားကာ ထိုဗူးလေးအားဖွင့်တော့၏။
"အူဝါး မွှေးနေတာပဲ...စားချင်စရာလေး
ဂျယ်ယူအာ့...အရမ်းချစ်ဖို့ကောင်းတာပဲ"ထယ်ယောင်းကချက်ချင်းပဲ ပတ်ခ်ဂျယ်ယူ၏ ပါးနှစ်ဖက်အားဆွဲညှစ်လိုက်ကာ နှုတ်ခမ်းလေးများဆူထော်၍ပြော၏။
"ဟိတ်...သူများကောင်လေးကိုပိုင်ဆိုးပိုင်နင်းနဲ့နော်...လွှတ်လိုက်စမ်း...ဟွန်း"
ထိုအပြောကြောင့်နှစ်ယောက်သားအသံလာရာဆီမော့ကြည့်မိလေတော့ ...
"ဂျွန်ဂျောင်ဂု"
ထယ်ယောင်းက ထိုသို့အမည်နာမအားခေါ်၏။ထယ်ယောင်းက ထူးခြားစွာအပြုံးတို့ရပ်တန့်ကာ ပတ်ခ်ဂျယ်ယူ၏ပါးပြင် ဆီမှလက်တို့ကိုယုတ်သိမ်း၏။ထမင်းဗူးအပြာလေးထဲမှ မုန့်တို့ကိုသာ ထယ်ယောင်းလက်တွေက ထိုးစွနေ၏။
"ကိုကို...ဒီနေ့နောက်ကျတယ်နော်"
"အင်း...အိမ်ကကားပျက်နေလို့ ဒယ်ဒီ့ကို ကုမ္ပဏီလိုက်ပို့ခဲ့ရတယ်လေ။အသက်..."
"ဗျာ"
"ကိုကို့ဖို့ရော ဘာလုပ်လာသလဲ"
"အော...လုပ်လာတာပေါ့ဗျ။ရော့...ဒီမှာ ကိုကို့အတွက်..."
ထပ်မံ၍ ပတ်ခ်ဂျယ်ယူက ခရမ်းရောင်ဗူးလေးအားထုတ်ပေး၏။သူတို့နှစ်ဦး၏ ပါတ်သတ်မှုတိုင်းမှာ ခရမ်းရောင်လေးတွေအများဆုံးပါတတ်၏။
"ထယ်ယောင်း....စားကောင်းလား"
ပတ်ခ်ဂျယ်ယူ၏အမေးကြောင့် ထယ်ယောင်းအမြန်ခေါင်းလေးငြိတ်ပြ၏။
"အော်...ထယ်ယောင်း...ဒီနေ့ မင်းအရင်ပြန်နှင့်လိုက်သိလား။ငါနဲ့အသက်နဲ့ Date မလို့ ခုညနေ"
YOU ARE READING
𝖥𝖮𝖱𝖦𝖤𝖳 𝖬𝖤 𝖭𝖮𝖳..[𝗄𝗈𝗈𝗆𝗈𝗌]
Romanceғᴏʀɢᴇᴛ ᴍᴇ ɴᴏᴛ...🌧️ᑌᑎIᑕOᗪᗴ ᐯᗴᖇ🍂 နောက်ကျမှသိလိုက်ရတာက... အချစ်အတွက်ဘယ်လောက်ပဲပေးဆပ်နေပါစေ... တစ်ဖက်သားက ငါ့လို မောင် ခံစားချင်မှခံစားနိုင်တယ်ဆိုတာပဲ။ အချိန်တော်တော်များများဟာ နက်နက်ရှိုင်းရှိုင်းကိုချစ်လေ အချင်းချင်းကိုဆီးတားဘောင်ခတ်ထားလေပါပဲ။ သံသရာ...