1. 𝐣𝐢𝐰𝐨𝐨𝐧𝐠 × 𝐫𝐢𝐜𝐤𝐲

7.8K 295 198
                                    

(ဒီbookလေးမှာက နံပါတ်တစ်ခုကို oneshotတစ်ပုဒ်ပါဗျ တစ်ပုဒ်နဲ့တစ်ပုဒ်ကလည်း အဆက်အစပ်မရှိတဲ့ သီးခြားstory lineတွေနဲ့ပါ )


...

"တောက်! ရှက်ဖို့တောင်ကောင်းတယ် ကြိုက်မဲ့ကြိုက်မှ မင်းအစ်မနဲ့ စေ့စပ်ထားပြီးသားလူကိုမှကွာ"

ဧည့်ဝင်ခန်းထဲက TVဖန်သားပြင်ဟာ ဖေဖေ့လက်ရာကြောင့် ကြေမွှလို့။ မေမေ့ခေါင်းမှာလည်း ခေါင်းကပ်ပလာစတာနှစ်ခုနဲ့။

နောက်ပြီး သူ့ကိုအထင်သေးသလိုကြည့်နေတဲ့ အိမ်အကူတွေ....။ ဒေါသထွက်လို့လက်တွေကိုအကြောတွေထောင်ထွက်သည်အထိ တင်းထားတဲ့ လူရယ် အဲ့ဒီလူဘေးမှာထိုင်ပြီး ငိုနေတဲ့ အစ်မဖြစ်သူရယ်...။

"မဟုတ်ဘူးဖေဖေ သားဒီကိစ္စကို ဘာမှမသိဘူး"

"မင်း သူ့အခန်းထဲဝင်အိပ်နေတာကို ငါကိုယ်တိုင်မြင်တာတောင် ငြင်းချင်သေးတာလား"

"မဟုတ်ဘူး သားတို့ဘာမှမဖြစ်ခဲ့ဘူး သားအခုချိန်ထိ အရင်လိုပဲ သူလည်းအရင်လိုပဲ ဘာမှမပြောင်းလဲသွားဘူး"

"ချွမ်း..... သား မေမေနဲ့ဆေးခန်းသွားပြမယ်"

သွေးတိုးရှိတဲ့မေမေက ချက်ချင်းထလာလို့ သူ့ကိုတွဲခေါ်တဲ့အခါ သူဟာ မေမေ့လက်တွေကိုဆုပ်ကိုင်ထားလျက်ပါပဲ။ မေမေတစ်ယောက်တည်းပဲ သူ့ဘက်မှာရှိနေတာကိုး..။

"မေမေ သားကိုယုံပါ သားအဲ့လောက်ထိတော့ အောက်တန်းမကျဘူး ဂျီဝွန်းဟျောင်းကို သားချစ်တာမှန်တယ် ဒါပေမယ့် မမအပိုင်ကို သား လုယူရလောက်တဲ့အထိတော့ အတွေးမတိမ်သေးပါဘူး မေမေရာ"

စေ့စပ်ပွဲအပြီး လူပျိုပါတီမှာ သူမူးခဲ့တယ်။ သူ့နည်းတူ သူဆယ်စုနှစ်တစ်ခုကြာ ခိုးပြီးချစ်ခဲ့ရတဲ့ ကင်မ်ဂျီဝွန်းဆိုတဲ့လူရောပဲ။

စီစဥ်ပေးထားတဲ့ ဟော်တယ်ခန်းတွေက နံပါတ်လွဲနေတာမို့ မူးနေတဲ့သူက အဲ့ကင်မ်ဂျီဝွန်းဆိုတဲ့လူရဲ့အခန်းထဲ ဝင်ကောင်းဝင်သွားနိုင်တယ်။ ဒါပေမယ်​့ သူသေချာသိသည်။

To All the boys Ricky've loved beforeWhere stories live. Discover now