မနက်ခင်းအိပ်ရာကနေ ထလာရင်း နေသားမကျသေးတဲ့ ပုံမှန်မဟုတ်သော လေထုအတိုင်းလိုက်ရင်း ရှူရှိုက်ကြည့်လိုက်တော့ ဦးနှောက်ထဲကို နောက်တစ်ကြိမ်ထပ်တိုးဝင်လာပြန်တဲ့ အမှတ်တရတွေ........
မေ့ပစ်ဖို့ကြိုးစားေနတယ်ဆိုပေမယ့် မရှင်းထုတ်နိုင်တဲ့ ဖုန်မှုန့်တွေလိုပဲ ဦးနှောက်ထဲမှာ ကျန်ရှိနေဆဲ
မင်းကို သဘောမကျတော့ဘူးလို့ ပြောနေတဲ့အတိုင်း တကယ်သဘောမကျတော့ရင် ကောင်းမှာပဲ
အခု မင်းကို အရမ်းချစ်လှပါတယ်ဆိုတဲ့ စိတ်ကိုလည်း ရပ်တန့်ပစ်ချင်နေပြီ။
ဟိုဟိုဒီဒီ လှည့်ပတ်ကြည့်လိုက်မိတော့ အခန်းထောင့်က အဝတ်စင်လေးမှာ အမှတ်တမဲ့ ချိတ်ထားသော ဖုန်တက်နေတဲ့ Jacket လေးတစ်ထည်.......
ခါးသီးမှုတွေ တောင်းတမှုတွေနဲ့ ပြည့်နေတဲ့ Jacket ပေါ်က ဖုန်မှုန့်တွေကိုတောင် ခါချထားတာမျိုး မရှိဘူးပဲ
သူ့ကိုမေ့မရသေးတဲ့အကြောင်းအရင်းက......
ရူးမိုက်မိတဲ့ ကျွန်တော်ကပဲ သူ့ရဲ့အရမ်းချစ်ပါတယ်ဆိုတဲ့ စကားကို အခုချိန်ထိ ယုံနေမိတာများလား....?
ဒါမှမဟုတ်ရင် ခါထုတ်မပစ်သေးတဲ့ Jacket ပေါ်က ဖုန်မှုန့်တွေလိုမျိုး ရှင်းထုတ်ဖို့မကြိုးစားနိုင်သေးတာလား....?
Jacket ကိုတစ်ချက် ရှုရှိုက်ကြည့်လိုက်တော့ သင်းပျံ့စွာရနေတဲ့ သူ့ရဲ့ကိုယ်သင်းနံ့ကြောင့် အတိတ်ကမ္ဘာထဲကို ပြန်လည်ရောက်ရှိသွားသယောင်ပင်......
မင်းနိုင်ပါတယ် Yoon Jeonghan ရေလို့သာ အော်ပြောရင်း အတိတ်ကမ္ဘာကို စီးမျောကြည့်လိုက်တော့.....မင်းဘေးက မြူးကြွစွာ ပျော်ရွှင်နေတဲ့ အတိတ်ထဲက Hong Jisoo က မင်းမရှိတော့လို့ နေသားမကျနိုင်တော့တဲ့ ပစ္စုပန်က Hong Jisoo ဆိုတဲ့ငါ့ကို လှောင်ပြောင်နေသလို.........
ငါ့ဘဝထဲကို မင်းဝင်ချင်တဲ့အချိန်မှာ ပျော်ပျော်ကြီးဝင်လာခဲ့ပြီးတော့ မင်းထွက်သွားချင်ပြန်တော့လည်း ဘာမှမဟုတ်တဲ့စွပ်စွဲချက်တွေနဲ့ ထွက်သွားခဲ့ပြန်တယ်။
မင်းကတော့ တကယ်ကို ကောင်းကောင်းရှင်သန်နေလောက်ပေမယ့် ငါကတော့ မလုပ်နိုင်လောက်ဘူး....