ғᴏʀɢᴇᴛ ᴍᴇ ɴᴏᴛ...
ᴇᴘɪsᴏᴅᴇ»«3🌨️
[ᴜɴɪᴄᴏᴅᴇ ]
☯︎☯︎☯︎☯︎☯︎☯︎☯︎☯︎☯︎☯︎☯︎☯︎☯︎☯︎☯︎☯︎☯︎☯︎☯︎ပင်လယ်ပြာပြာ၏ညနေခင်းက အတော်အတန်လေးကိုအေးချမ်းလှ၏။ရေပြာပြာတွေကလည်း အပမ်းဖြေလာသူတို့အဖို့ "ရေကူးလှည့်ပါ ထိတွေလှည့်ပါ" ဟု လက်ယက်ခေါ်နေသလိုပင်။ကျောက်ဆောင်ကြီးတစ်ခု၏အနောက်မှာတော့ ကောင်လေးတစ်ယောက်ကရေစိမ်နေသလို တစ်ယောက်ကတော့မလှမ်းမကမ်းမှာ ကူးခတ်နေ၏။
"ဂျယ်ယူ...ပြန်လာခဲ့ချည်။ငါကရေကူးတတ်တာမဟုတ်ဘူးနော််...ငါကြောက်တယ်"
ကျောက်ဆောင်ကိုကိုင်ထားရင်း ထယ်ယောင်းအသံကတုန်ရီနေသည်။သူရေပြင်ကျယ်ကျယ်ကိုအလှသာကြည့်လို၏။ကူးခတ်ဖို့ရာကြောက်ရွံ့မိ၏။
"ထယ်ယောင်းရာ့...
ရပါတယ်ကွ။ငါရေကောင်းကောင်းကူးတတ်ပါတယ်"ရေနှင့်ပါတ်သတ်ပြီး စိတ်ရောဂါရှိလေသော ထယ်ယောင်းကို ဂျယ်ယူစာနာမိပါ၏။တကယ်ဆို ထယ်ယောင်းက သူတစ်ယောက်တည်းနှင့်သာရေအတူဆော့တတ်ခြင်း။ဘယ်တော့မှလည်းကမ်းမခွာတတ်သလို ရေကူးကန်ဆိုလည်း အမြဲဘောင်နားမှာသာနေတတ်၏။ရေကူးကန်ထဲတွင်ရေနစ်၍ ရေမွမ်းခြင်းကို ထယ်ယောင်း 5 နှစ်သားကတည်းကအကြီးအကျယ် ဆရာဝန်ပြရသည်အထိ စိတ်ရောဂါရခဲ့သည်မှာ ယခုထိပင်။ထယ်ယောင်းကဂျယ်ယူနှင့်ဆိုလျှင်တော့ ဂျယ်ယူ့စကားနားထောင်ရှာ၏။ယခုလည်း ကျောက်ဆောင်နားရပ်ကာ ရေသာစိမ်နေရင်း သူ့လည်းစိတ်ပူစကားပြောခြင်းပင်။ထယ်ယောင်း၏ ရေကြောက်တတ်သော အမှောင်ဘက်ခြမ်းကို သူစိမ်းဟူ၍ ဂျယ်ယူတစ်ယောက်သာသိရှာ၏။
"လှိုင်းတွေနဲ့ဂျယ်ယူ...ပြန်လာခဲ့စမ်းပါ။ဘယ်မှာလဲ ဂျွန်ဂျောင်ဂု....ငါမင်းကိုစိတ်ပူတယ်ဂျယ်ယူ...မင်းဂျွန်ဂျောင်ဂုနဲ့ပဲရေကူးသင့်တယ်။ငါကဘာမှမလုပ်တတ်ဘူး ဂျယ်ယူ"
"ကိုကိုက သူ့ကုမ္ပဏီကဖုန်းဆက်လို့ အလုပ်တစ်ချို့အခန်းထဲလုပ်ကျန်ခဲ့တယ်လေ။ရပါတယ်...ငါ့ကိုစိတ်မပူပါနဲ့ထယ်ယောင်းရာ"
ထယ်ယောင်းအမှန်ပင်စိတ်ပူမိသည်။ယခုချိန်မှာ ဂျွန်ဂျောင်ဂုသာလျှင် ဂျယ်ယူအနားစောင့်ရှောက်နိုင်ပေမည်။ကျွန်ုပ်စိတ်ထဲ အနည်းငယ်လေးလံနေမိသည်။ကျွန်ုပ်ရေကြောက်တတ်လို့ပဲဖြစ်မှာပါလေ။
YOU ARE READING
𝖥𝖮𝖱𝖦𝖤𝖳 𝖬𝖤 𝖭𝖮𝖳..[𝗄𝗈𝗈𝗆𝗈𝗌]
Romanceғᴏʀɢᴇᴛ ᴍᴇ ɴᴏᴛ...🌧️ᑌᑎIᑕOᗪᗴ ᐯᗴᖇ🍂 နောက်ကျမှသိလိုက်ရတာက... အချစ်အတွက်ဘယ်လောက်ပဲပေးဆပ်နေပါစေ... တစ်ဖက်သားက ငါ့လို မောင် ခံစားချင်မှခံစားနိုင်တယ်ဆိုတာပဲ။ အချိန်တော်တော်များများဟာ နက်နက်ရှိုင်းရှိုင်းကိုချစ်လေ အချင်းချင်းကိုဆီးတားဘောင်ခတ်ထားလေပါပဲ။ သံသရာ...