အိမ်မက်ဆိုတာ ဘယ်လိုမျိုးလဲ....
အိမ်မက်ထဲမှာ မြင်ရတာက အတိတ်လား အနာဂတ်လား ဒါမှမဟုတ် စိတ်ကူးယဥ်သက်သက်လား....ကျွန်မရဲ့ အိမ်မက်ကတော့ အနာဂတ်ကို ပြတာထင်ပါရဲ့....
ကျွန်မရဲ့ အိမ်မက်ထဲမှာ သူကရုပ်တရက်ပျောက်ကွယ်သွားတယ် ကျွန်မအသည်းသန်လိုက်ရှာမိခဲ့တယ် ။ သူ့ကို ပြန်တွေ့ခဲ့တယ် ဒါပင့်မဲ့ ကျွန်မသူ့အရှေ့ကို မလျှောက်သွားခဲ့ဘူး အဝေးကပဲ လှမ်းကြည့်နေခဲ့မိတယ်။ ဘာလို့များ ရပ်တန့်သွားခဲ့ရတာလဲ ကျွန်မတွေးမိတယ်။
ကျွန်မတို့ ဆက်ဆံရေးက ဘာကြောင့် ပြောင်းလဲသွားရတာလဲ မဟုတ်ဘူး ကျွန်မဘက်ကပဲ ပြောင်းလဲခဲ့တာ ဘာကြောင့်လဲ ဆိုတာ ကိုယ့်ကိုကိုယ် တောင် မေးခွန်းထုတ်မရဘူး။ သူ့အပေါ်
သံယော်ဇဥ်ရှိနေသေးပင်မဲ့ အရင်လို့ မချစ်တော့ဘူး ကျွန်မက ကိုယ့်ကိုကိုယ်ပဲ ပိုချစ်တဲ့လူတစ်ယောက် ဖြစ်လာလို့များလား။သေချာတာတခုကတော့ အဲ့တုန်းက ထွက်ပြေးခဲ့တာ သူမဟုတ်ပဲ ကျွန်မ ဖြစ်နေခဲ့တယ်။ သူဆိုရင်ကော ကျွန်မလိုမျိုး တွေ့ရက်နဲ့ ပြန်လှည့်သွားမလား သိချင်မိတယ်။ အနားရှိတုန်း တန်ဖိုးမထားခဲ့မိဘူး အဲ့အတွက် တနေ့တော့ နောင်တတွေ တပွေ့တပိုက်နဲ့ ငိုပါ့မယ်။
thu thu~