အပိုင်း ၂၀။

1.1K 153 46
                                    


(U)

BaekEunကလည်း Baekhyunနည်းတူ စိတ်လှုပ်ရှားနေပုံပင်။ မျက်စိရှေ့မှာရှိနေတဲ့ BaekEun ပျောက်သွားမှာစိုးရိမ်တာကြောင့် Baekhyun အပြေးသွားဖက်လိုက်သည်။

"ငါမင်းကိုသတိရနေခဲ့တာ BaekEun ..!"

ထိုစကားမှအပ Baekhyun ထပ်မပြောနိုင်တော့။ အဲ့ဒီအစား BaekEunကို တင်းတင်းကျပ်ကျပ် ဖက်ထားလိုက်သည်။

"မင်းကိုငါ ဘယ်လောက်တောင်ရှာခဲ့ရသလဲ ပြီးတော့ .. Chanyeolလည်း မင်းကိုလိုက်ရှာနေခဲ့တာ လာ ! ငါ မင်းကို Chanyeolဆီခေါ်သွားပေးမယ်"

"ဟမ် .. အင်းအင်း"

BaekEunပုံစံက ထူးဆန်းနေပေမယ့် Baekhyun သတိမထားမိခဲ့ပါ။ သူ့စိတ်ထဲမှာ BaekEunကို Chanyeolဆီအမြန်ခေါ်သွားပေးဖို့သာ ရှိနေသည်။

"ဒီအတောအတွင်း ဘယ်လိုများနေခဲ့လဲ BaekEunရယ် .. ငါ့မှာမင်းကိုဘယ်လောက်တောင် သတိနေရခဲ့လဲသိလား မင်းကိုသေချာမစောင့်ရှောက်ပေးခဲ့တဲ့ ငါ့အမှားတွေပါကွာ"

"ဟင့်အင်း မင်းအမှားမဟုတ်ဘူး Baekhyun .. မင်းအမှားမဟုတ်တာမို့ မင်းကိုယ်မင်း အပြစ်တင်စရာမလိုဘူး ငါသာ .."

"ခဏ ! မင်းကိုရှာတွေ့ပြီဆိုတာ ဖေဖေနဲ့မေမေ မသိလောက်သေးဘူးထင်တယ် Chanyeolအိမ်လာဖို့ ဖုန်းဆက်လိုက်မယ်"

လက်တစ်ဖက်ဖြင့် ကျွမ်းကျင်စွာကားမောင်းရင်း နောက်တစ်ဖက်ဖြင့် ဖေဖေတို့ကိုဖုန်းဆက်နေတဲ့ Baekhyunကိုကြည့်ပြီး BaekEun အသံတိတ်သက်ပြင်းချလိုက်မိသည်။

အချစ်ကြီးသလို အမုန်းကြီးတဲ့ သူ့ညီလေး .. အဖြစ်မှန်တွေကိုသိသွားပြီးတဲ့နောက်မှာလည်း အရင်အတိုင်း ပြုံးပြုံးရွှင်ရွှင်ပဲပြန်ဖြစ်ရင်ကောင်းမည်။ ညီငယ်ရဲ့အပြုံးက BaekEunအတွက် အဖိုးတန်ဆုံးမို့။

...

Chanyeol အိမ်ရှေ့ရောက်တာနဲ့ ကားကိုဖြစ်သလိုရပ်ပြီး BaekEun လက်ကိုဆွဲကာ အိမ်ထဲအပြေး၀င်လာလိုက်သည်။

"Chanyeol .. Chanyeol !"

"Baekhyun ဘယ်လိုဖြစ်ပြီး အလောတကြီးနဲ့ခေါ် .."

အပေါ်ထပ်ကပြုံးရယ်ရင်း ဆင်းလာတဲ့ Chanyeolက Baekhyunနဲ့အတူ BaekEun ကိုပါတွေ့တော့ ထိုနေရာမှာပဲ ရပ်တန့်သွားလေသည်။

PARK BAEKHYUN [ COMPLETED ]Where stories live. Discover now