နန်းတို့နှစ်ယောက်၅မိနစ်လောက်မလှုပ်မယှက်တယောက်နှင့်တယောက်နှုတ်ခမ်းချင်းထိထားဆဲပါ။နောက်မှနန်းတို့နှစ်ယောက်သတိပြန်၀င်လာပြီးလူချင်းခွဲလိုက်တယ်။နန်းရှက်လွန်းလို့မျက်နှာတခုလုံးstrewberryသီးလေးလိုမျိုးနီရဲသွားတယ်။စိုင်းကိုကြည့်လိုက်တော့စိုင်းလည်းနန်းလိုမျိုးမျက်နှာနီရဲနေတာပဲ။
နန်း"နယ်ထားတဲ့ဂျုံတွေမှောက်သွားတာပဲ။ထပ်နယ်လိုက်အုန်းမယ်။"
နန်းပြောရင်းကြွပ်ကြွပ်အိတ်ထဲကဂျုံထုပ်ကိုယူပြီးဖောက်လိုက်တယ်။စိုင်းကလည်းသူလုပ်စရာရှိတာကိုဆက်လုပ်နေခဲ့တယ်။နောက်တော့နန်းဂျုံတွေကိုဇလုံတခုတည်းထည့်လိုက်ပြီးဂျုံထပ်နယ်တယ်။ပြီးတော့နန်းတို့ဖက်ထုပ်အစာသွပ်လိုက်တယ်။ပြီးတော့စိုင်းကဖက်ထုပ်စကြော်တယ်။စိုင်းကြော်တဲ့ဖက်ထုပ်ကမွှးပြီးတော့ရွှေဝါရောင်သန်းနေတာပဲ။ကြည့်တာနှင့်သရေကျချင်စရာပဲ။နန်းကတော့စိုင်းကြော်ပြီးသားကိုကြော်ထုပ်တခုကိုယူပြီးမြည်းကြည့်လိုက်တယ်။ဖက်ထုပ်ကကြွပ်ကြွပ်ရွရွလေးနှင့်အရမ်းစားလို့ကောင်းတာပဲ။
နန်း"အရမ်းစားလို့ကောင်းတာပဲ၊စိုင်းရယ်။ဆိုင်က၀ယ်စားတာတွေနှင့်အရသာတော်တော်ကွာတာပဲ။စိုင်းလည်းစားကြည့်လေ။"
နန်းဖက်ထုပ်တခုယူပြီးစိုင်းကျွေးလိုက်တယ်။ကျွန်တော်မမနန်းခွံကျွေးတဲ့ဖက်ထုပ်ကိုစားလိုက်တယ်။မမနန်းကျွေးတာမို့လို့လားမသိဘူး၊အရမ်းစားလို့ကောင်းတာပဲ။
နန်း"စားကောင်းတယ်မလား။"
ကျွန်တော်ဖက်ထုပ်ဝါးနေတာမို့ခေါင်းငြိမ့်ပြလိုက်တယ်။မမနန်းကကျွန်တော်နားမှာနေပြီးကျွန်တော်ကြော်ထားတဲ့ဖက်ထုပ်နှင့်အကြော်တွေကိုတခုခုပြီးစားနေတာအရမ်းချစ်ဖို့ကောင်းတာပဲ။ကျွန်တော်မမနန်းကိုမသိမသာခိုးကြည့်နေရတာအမောပါ။ကျွန်တော်မမနန်းကိုဘယ်လောက်ချစ်လဲဆိုတာကျွန်တော်သာအသိဆုံးပါ။ကျွန်တော်စိတ်ထဲရှိတဲ့အတိုင်းသာဆိုအခုချက်ချင်းမမနန်းနှင့်လက်ထပ်လိုက်ချင်တယ်။ဒါပေမဲ့မမနန်းကကျွန်တော့်ကိုကျေးဇူးမသိတတ်တဲ့သူလို့ထင်သွားမှာဆိုးလို့ကျွန်တော်လည်းအခုလိုပဲမမနန်းနှင့်မောင်နှမလိုပဲနေနေရတာပေါ့ဗျာ။
YOU ARE READING
မကကျွန်တော့်ရဲ့မီးအိမ်ရှင်
Romanceစိုင်းမွန်ဆိုတဲ့မိဘမရှိဘဲပထွေးလက်ထဲမှာကြီးပြင်းခဲ့ရတဲ့ကောင်လေးကိုဂရုဏာသက်မိပြီးနန်းမွန်ဆိုတဲ့ကောင်မလေးကဆရာ၀န်ဖြစ်အောင်ထောက်ပံ့ပေးခဲ့ပါတယ်။ဖြူစင်တဲ့မောင်နှမသံယောဇဥ်နှင့်အစပြုခဲ့တဲ့သူတို့နှစ်ယောက်က၁၅၀၀ဆိုတဲ့ချစ်မေတ္တာကိုကူးပြောင်းသွားတဲ...