Part-14

220 30 5
                                    

ဂျောင်ဝူးရှေ့ကမြင်ကွင်းကို
စိတ်ပျက်စွာကြည့်နေမိသည်...

ရူတိုကလေးရက်မြောက်နေ့မှာပဲပြန်
ရောက်လာခဲ့တယ်သူမေးတာကိုလဲ
'အော်...ကိုယ့်အသိကောင်မလေးပါ'
ဆိုတဲ့စကားနဲ့ပဲနှစ်သိမ့်ခဲ့သည်...

ဘယ်နေရာကဘာတွေလွဲမှားသွား
တာလဲဂျောင်ဝူးမသိပေမဲ့ခရီးကပြန်
လာကတည်းကရူတိုကအရင်ကနဲ့မတူ
တော့ဘူး...

အခုလဲအဲ့ကောင်မလေးကကျောင်း
ကန်တင်းထိလိုက်လာပြီးနှစ်ယောက်
အတူထိုင်ကာစကားပြောနေတာက
သူ့ကိုသူတတိယလူလိုခံစားရစေ
သည်...သူနဲ့ရူတိုအကြောင်းကိုတစ်
ကျောင်းလုံးကသိနေတော့ကန်တင်း
ကလူများကလဲမသိမသာအကဲခတ်
နေကြသည်...

"နင်ငယ်ငယ်ကဆိုငါ့ကိုအတင်း
ကပ်တာလေ"

"ဟားး...ဟုတ်လားငါမမှတ်မိ
တော့ဘူး"

"ဟုတ်တယ်လေကြီးလာရင်ငါနဲ့
ယူမယ်တောင်ပြောသေးတာကို"

ရှီဟိုကစားပွဲအောက်ကနေဂျောင်ဝူး
လက်ကိုအားပေးသလိုဆုပ်ကိုင်ပေး
ထားသည်...

ငိုချင်စိတ်ကိုဂျောင်ဝူးအတင်းထိန်း
ချုပ်ထားရသည်...ရူတိုကတကယ်ကြီး
သူ့ကိုရှိတယ်တောင်သဘောမထား
တော့ဘူးအရင်ကထမင်းစားမယ်ဆို
ဟင်းတောင်သေချာထည်ပေးတဲ့လူက
ခုတော့တစ်ခြားလူနဲ့ပြုံးရယ်နေတော့
သည်...

"တော်ပြီ...ငါသွားနှင့်တော့မယ်"

ဂျောင်ဝူးထတော့မယ်လုပ်မှရူတိုက
မော့ကြည့်လာသည်...

"ဟင်..ဝပြီလားစားတာလဲနည်းနည်း
လေးအချစ်ရယ်..."

အချစ်ခေါ်ပြီးစိုးရိမ်သလိုပြောလာပြန်
တော့လဲအရင်လိုနွေးထွေးမှုကိုခံစား
ရဆဲပါပဲဒါပေမဲ့ရူတိုပြောင်းလဲနေတာ
လဲသေချာပါသည်...

"အင်း...မင်းအသိနဲ့စကားပြောနေတာ
မလားငါနဲ့ရှီဟိုသွားနှင့်မယ်"

"အင်း...ကိုယ်နောက်ကလိုက်ခဲ့မယ်"

ကြည့်အရင်ကဆိုအနားကနေ
တစ်ဖဝါးမှတောင်မခွာချင်တာကို
ခုတော့နေခဲ့ပါမယ်တဲ့...

ဂျောင်ဝူးဘာမှပြန်မပြောပဲထွက်လာ
ခဲ့လိုက်တော့သည်...
မျှော်လင့်ချက်လေးအနည်းငယ်နဲ့
အနောက်ကိုလှည့်ကြည့်မိတော့
ရှေးဟောင်းနှောင်းဖြစ်တွေက
တကယ်ပဲပြောမကုန်တော့တာလား...

ကျောင်းတော်ရဲ့ရုပ်ဆိုးလေးကWatanabeမျိုးရိုးတဲ့Where stories live. Discover now