ရှဲ့ဟယ် ထိုစကားကိုပြောခဲ့သည်မှာ မိနစ်ပိုင်းမျှသာ ကြာမြင့်ခဲ့ပေမယ့် ဒါတွေဟာ လူတစ်ယောက်၏ ခါးသီးလွန်းလှသော ဘဝဖြစ်စဉ်တစ်ခုဖြစ်ပါ.....
တိုတောင်းရိုးရှင်းလွန်းလှသော စကားလုံးများကိုနားထောင်ရုံနှင့် ငယ်ရွယ်သူတစ်ယောက်၏ ခါးသီးလွန်းလှသော ဘဝဖြစ်စဉ်တစ်ခုလုံးကို အလုံးစုံ သိမြင်နိုင်ဖို့ မလြယ္ကူခဲ့ပါဘူး......
ဒါတွေဟာ စကားလုံးသက်သက်တွေ ဟုတ်မနေတော့ဘဲ လူတစ်ယောက်ရဲ့ အတၳုပ္ပတိတစ်ခုဖြစ်နေခဲ့ပါတယ်.....
လောကမှာ ငွေသယရမယ်ဆို ဘာမဆို ရောင်းစားနိုင်သူတွေ တပုံတပင်ရှိနေဆဲပါ.....
ဒါပေမယ့်.....ဒီလူတွေထဲမှာ ရှဲ့ဟယ်မပါခဲ့ဘူး.....
သူဟာ ကူကယ်ရာမဲ့မှုတွေ၊ခါးသီးမှုတွေကို ကြုံတွေ့ခဲ့ရသူကို ညစ်ညမ်းစက်ဆုပ်ဖွယ်စကားလုံးတွေနဲ့သာ ဝါးကူထိုးခဲ့မိတယ်.....
ဒီအတွက်လည်း နှိုင်းပြစရာမရှိလောက်အောင်နောင်တရနေခဲ့ပါပြီ......
အခုနေသာ အခန်းထဲကို ဝင်သွားရင် ရှဲ့ဟယ်အဆင်မပြေဖြစ်နေမှာစိုးတာကြောင့် ဒီအတိုင်း လှည့်ပြန်လာခဲ့တယ်.....
အခုချိန်မှာ ကောင်လေးကို မျက်နှာမပြရဲတာကြောင့်လဲပါ ပါတယ်.....
ဒီကောင်လေးကို သိပ်ချစ်ပေမယ့်လည်း ကောင်းလေးအကြောင်း ဘာဆိုဘာမှမသိခဲ့ဘူး....ဖြစ်ကြောင်းကုန်စဉ်သိဖို့လိုနေပြီ.....
ဒါ့ကြောင့် ရှဲ့ဟယ်ရဲ့ အတိတ်ကအကြောင်းတွေကို စုံစမ်းဖို့ အမိန့်ပေးခဲ့တယ်.....
ရှစ်နှစ်ဆိုတဲ့ အချိန်ကာလက သိပ်အကြာကြီးမှမဟုတ်ခဲ့တာ....ဒါ့ကြောင့်မို့ လွယ်ကူပြည့်စုံစွာ စုံစမ်းနိုင်ခဲ့တယ်.....
ကောင်လေးရဲ့ ကျောင်းတုန်းက မှတ်တမ်းတွေကိုပါ ရလာခဲ့တယ်.....
ထူးချွန်တဲ့ကျောင်းသားတစ်ဉီးက အေးအေးဆေးဆေး စာသင်နေရမယ့်အစား ခက်ခဲကြမ်းတမ်းလွန်းတဲ့ လမ်းကြောင်းတစ်ကိုရွေးချယ်ခဲ့ရရှာတယ်.....ဒါပေမယ့်လည်း အနုပညာသည်ဘဝမှာလည်း အစွမ်းကုန်ကြိုးစားခဲ့တာကြောင့် ထူးချွန်ဆုတွေ ရခဲ့သေးတယ်.....

YOU ARE READING
ငါးဆားနူအထက်ပုဂ္ဂိုလ်တစ်ယောက်ကိုဖြားယောင်းခြင်းနည်းဗျူဟာ
General Fictionဝင်ဖတ်ကြည့်ပါ။အားမနာတမ်းဝေဖန်ပေးပါ။