ဒီနေ့ကျောင်းက Sung Han Binဆိုတဲ့စီနီယာတစ်ယောက်အိမ်မှာ partyလုပ်မယ်ဆိုပြီး တစ်ကျောင်းလုံးကိုဖိတ်ထားတာမို့ ဒီလိုပွဲမျိုးတွေသဘောကျတဲ့Rickyတို့ နှစ်ခါမငြင်းပဲရောက်ခဲ့သည်။။....။
ဆူညံတဲ့သီချင်းသံတွေကြားထဲမှာ စိတ်ပြေလက်ပျောက်ကခုန်နေရင်း လက်ထဲမှာလဲခွက်တစ်ခွက်ကိုကိုင်လို့။ လက်ထဲကခွက်ကိုမော့သောက်ဖို့လုပ်တော့ ဘာမှမရှိတော့တာနဲ့ နောက်တစ်ခွက်ထပ်ယူဖို့ မီးဖိုချာင်ဘက်ကိုထွက်လာလိုက်တယ်။
" Hey Ricky "
" What! "
" Come Here "
သောက်စရာသွားယူပြီးပြန်လာတဲ့အချိန် နာမည်ခေါ်သံကြားလို့အသံကြားရာစီသွားလိုက်တော့ အခန်းတစ်ခန်းထဲမှာ စက်ဝိုင်းပုံစံဝိုင်းဖွဲ့ထိုင်ပြီး ဘာဆော့နေကြမှန်းမသိအစဥ်လိုက်ထိုင်ေနကြတဲ့နောက်ဆုံးနှစ်ကJi Woong ရယ်စတုတ္ထနှစ်ကHan Bin, Haoနဲ့ သူနဲ့တစ်နှစ်ထဲGyu Vinရယ်တတိယနှစ်ကMatthewနဲ့Tae Raeအပြင်အငယ်ဆုံးGun Wookနဲ့ Yujinတို့။ သေချာပေါက် သူ့ကိုခေါ်လိုက်တဲ့သူကတော့ Kim GyuVinပဲပေါ့။
" ငါတို့ spin the bottle နဲ့ Truth or dareဆော့နေကြတာ ဝင်ပါပါလား "
" စိတ်မဝင်စားဘူး "
" အဲ့လိုကြီးတန်းမငြင်းပါနဲ့ဟ ဒီမှာစီနီယာတွေလဲပါတာကို အားနာစရာကြီး လာစမ်းပါအပျော်ပေါ့ အချင်းချင်းပိုပြီးရင်းနှီးတာပေါ့ "
ကြည့်လိုက်တော့မှ သူတို့ထက်အကြီးတွေလဲပါနေတာမြင်တော့ ဆက်ငြင်းလို့မကောင်းတော့တာမို့ Gyuvinနားမှာပဲဝင်ထိုင်လိုက်တယ်။
" ကဲကဲ နေရာရပြီဆိုပြန်စလိုက်ကြရအောင် ဘယ်လိုဆော့ရလဲတော့သိတယ်မဟုတ်လား Ricky "
" ဟုတ်ကဲ့ Hao ဟျောင်း "
" အခုဘယ်သူ့အလှည့်လဲ "
" ဟန်ဘင်းဟျောင်းအလှည့်! ဟန်ဘင်းဟျောင်းအလှည့်! "
အသံကျယ်ကျယ်နဲ့ထအော်လာတဲ့Gun Wookကြောင့်နားတောင်အူသွားရသလိုပဲ။ ကလေးတွေများ တော်တော်energyပြည့်ကြတာပဲ။
" ကဲ ဒါဆိုလှည့်ပြီနော် "
ပြောပြီးအားထည့်ကာလှည့်လိုက်တဲ့ပုလင်းရဲ့ အဆက်မပြတ်လည်နေပုံကို အားလုံးကရင်တခုန်ခုန်နဲ့စောင့်ကြည့်ပြီး ဘယ်သူ့စီကိုကျမလဲဆိုတာကိုသိချင်နေကြတယ်။
YOU ARE READING
Our Destiny : Kim Ji Woong×Shen Ricky One Shot Collection
FanfictionJi Woongနဲ့Rickyတို့ရဲ့စဥ်းစားရသမျှone shotလေးတွေကိုအတွေးရတိုင်းတင်သွားမှာပါ