ဆိုးလ်မြို့ရဲ့လမ်းမတွေဟာ သွားလာ
လှုပ်ရှားသူတွေအပြည့်နဲ့ နေ့တစ်နေ့ကို
စတင်ပြန်တယ်။ရာသီဥတုမှာလည်း
ကြည်လင်ကာ လျှောက်လည်လို့ကောင်း
သည့်အချိန်ဖြစ်သည်။ဆိုးလ်မြို့ရပ်ကွက်ရဲ့
ဆိုင်လေးတစ်ဆိုင်မှာလည်း စားသုံးသူတွေ
ဟာပြည့်လို့ ။" HB Bakery" ဆိုသည်မှာ ဆိုးလ်မြို့ရဲ့
ရပ်ကွက်ထိပ်မှ Bakery ဆိုင်လေးပင်။
ဒီနေ့ပိတ်ရက်မို့ လူအနည်းငယ်များသော်
လည်း ကျန်သည့်ရက်များတွင်တော့
ပုံမှန်အတိုင်းသာရှိသည် ။
ဆိုင်၏နာမည်ကြီးသည့်အချက်များမှာ
ကိတ်သားနူးညံ့၍စားကောင်းကာ တခြား
မုန့်လေးများမှာလည်း အိအိလေးနှင့်စားလို့
ကောင်းသည် ဆိုကြသလို ဆိုင်၏ဝန်ဆောင်
မှုကြောင့်လည်းဆိုကြသည်။ လူငယ်တွေ
ကြား အဓိကရေပန်းစားသည်က ဆိုင်အပြင်
အဆင်မှာ လူငယ်အကြိုက်ဖြစ်ပြီး ဆိုင်၏
ဝန်ထမ်းများမှာလည်း ငယ်ငယ်ချောချော
ကောင်လေးတွေဖြစ်သောကြောင့်ပင်။" မင်္ဂလာပါ HB Bakery မှကြိုဆိုပါတယ် "
" Nae "
" ဧည့်သည်ဘာများသုံးဆောင်မလဲဗျ "
အသံချိုချိုနှင့်မေးနေသူမှာ HB Bakery
ရဲ့ သူဌေး ဆောင်းဟန်ဘင်းပင်။" လက်ဖက်စိမ်းဖျော်ရည်တစ်ခွက် ပြီးတော့
ချောကလက်စတော်ဘယ်ရီကိတ်ပေးပါ "" ဟုတ်ကဲ့ ခဏလေးစောင့်ပေးပါနော် ဒီမှာ
ဘောင်ချာပါဗျ "ဧည့်သည်ကိုဘောင်ချာပေးကာ အမှာစာရင်း
ကိုလည်း လှည့်ပေးဖြစ်သည်။" ဂျီအွန်းဟျောင်းလက်ဖက်စိမ်းရယ်
ချောကလက်စတော်ဘယ်ရီကိတ်ရယ် "" အင်း လုပ်လိုက်မယ် "
" ကျွန်တော် ပြန်ရောက်ပါပြီ "
ပြန်လာပြီဖြစ်ကြောင်း သတိပေးကာဝင်လာ
သည့်ကောင်လေးကြောင့်" အင်း အဆင်ပြေခဲ့လား "
" ဟုတ်ကဲ့ မှာတဲ့သူတွေဆီသေချာပို့ခဲ့ပါတယ်"
" အင်း အိုကေ "
ဟန်ဘင်းရဲ့အမေးကို အပြုံးချိုချိုဖြင့်ဖြေနေ
သည့်ကောင်လေးမှာ ဆော့မက်သရူးပင်
ဖြစ်သည်။ မက်သရူးမှာ လွန်ခဲ့သည့်နှစ်နှစ်
ကနေဒါကနေ ကိုရီးယားကိုပြောင်းလာ
ကတည်းက ကျောင်းတက်ရင်း ဟန်ဘင်း
တို့ဆိုင်မှာ ဝင်လုပ်နေတာဖြစ်သည်။
![](https://img.wattpad.com/cover/341715489-288-k612007.jpg)
YOU ARE READING
Love In Bakery ( Binthew)
FanfictionBinthew One Shot From First Project ( ဤဇာတ်လမ်းတွင်ပါဝင်သောအကြောင်းအရာအားလုံးသည် စိတ်ကူးယဉ်သက်သက်သာဖြစ်သည်။)