30unizg

1.9K 129 3
                                    

...မင်းသည်သာ... 🍁🍁🍁...
       ...အပိုင်း (၃၀)...

"ဘာ..သော..မင်းဘာပြောလိုက်တယ် ..ပြန်ပြောစမ်းပါ..မင်းဘာတွေ့လိုက်တယ်..ငါ့အပိုင်လေးကိုတွေ့လိုက်တယ်..ဟုတ်လား..."

ဂျောင်ဂု..သော..ပြောတဲ့စကားကြောင့်..သူ့ရင်တွေအခုန်မြန်ကာ..အသားပင်တုန်ချင်သလိုဖြစ်လာသည်...အရူးတစ်ယောက်လို သူ့အပိုင်လေးဆိုတဲ့
အသံကြားတာနဲ့..သူအသည်းသန်ဖြစ်
နေသည်..ခုလည်း..သော.အင်္ကျီရင်ဘတ်စတွေကိုဆွဲရမ်းကာ..သူမေးလိုက်ချင်းဖြစ်သည်။

"ဟုတ်တယ် ဘော့စ်..အစ်ကိုလေးနဲ့တူတဲ့လူကိုကျွန်တော်ဒီနေ့တွေ့လိုက်တယ်.ကျွန်တော်ထင်တာကတော့.အစ်ကိုလေးမှအစ်ကိုလေးအစစ်ပဲ...ဒါပေမယ်.."

"ဒါပေမယ်..ဘာဖြစ်လဲ.. "

"ကျွန်တော့်ကို လုံးဝမမှတ်မိဘူး.."

သော..အင်္ကျီစကိုဆုပ်ကိုင်ထားတဲ့သူ့လက်တွေပြုတ်ကျသွားခဲ့ရသည်...ခဏမျှသူခေါင်းကိုငုံ့ချလိုက်မိသည်...။

"ရတယ်..သော..သူဆိုတာသေချာနေရင်..သူအကြောင်းတစ်ခုခုကြောင့်အတိတ်ကိုမေ့နေတာဖြစ်မယ်..ရတယ်..ငါ့အချစ်နဲ့သူ့အတိတ်တွေကိုပြန်ဖော်ပေးမယ်..သော...ငါယုံတယ်...ငါ့အချစ်ကိုငါယုံကြည်တယ်သော..."

ထိုမျှသာပြောပြီး..ဂျောင်ဂု..အိမ်ထဲကထွက်လာခဲ့သည်..သူ့မျက်ဝန်းမှာ တော့..မျက်ရည်တွေရစ်ဝဲလာမိသည်..တကယ်လို့များ.သူ့ကိုလုံးဝမမှတ်မိဘူးလို့..သူ့အပိုင်လေးနူတ်ဖျားက..ပြောလာခဲ့ရင်..သူခံနိုင်ရည်ရှိပါ့မလား...။

ရစ်ဝဲလာတဲ့..မျက်ရည်စတွေကို..ဂျောင်ဂု သုတ်ပြစ်လိုက်ပြီး..သော..ပြောတဲ့နေရာဆီကို..သူ့ကားလေးဦးတည်လာခဲ့သည်....။

သူ့အချစ်ကိုယုံကြည်ပေမဲ့...
တကယ်တော့.မောင့်ကိုမမှတ်မိမှာ..
မောင်ကြောက်မိတယ်....မောင့်အပိုင်လေးရယ်....။

🍁🍁🍁🍁🍁

"အဘ.."

"ဟေ..လူလေး..ပြောလေကွယ်..နေရောကောင်းရဲ့လားလူလေးရယ်...."

"ဗျာ.. ဟုတ်အဘ..ညကခေါင်းနည်းနည်းကိုက်လာလို့..အိပ်မပျော်လို့ပါ.."

မနေ့က..တွေ့ခဲ့တဲ့..သော..ဆိုတဲ့လူငယ်လေးကိုတွေ့ပြီးကတည်းက..ဂျီမင်း..သူမေ့နေတဲ့အတိတ်ကိုအစဖော်မိသည်...သူစဥ်းစားပေမဲ့..ဘာမှသူ့ခေါင်းထဲမှာ.ပေါ်မလာ..စဥ်းစားပါများတော့..သူ့ခေါင်းကထိုးကိုက်လာခဲ့သည်..အစပိုင်းနည်းနည်းသာကိုက်လာတာကြောင့်..သူဆေးသောက်ပြီး.ခဏမှေးနေလိုက်ရသည်..ခဏသာအိပ်ပျော်သွားပြီး..အဆမတန်ကိုက်ခဲလာတဲ့ခေါင်းကြောင့်..သူဆက်မအိပ်နိုင်တော့ပဲ...အခန်းထဲကထွက်ကာ...တဲရှေ့လေဖြူးဖြူးတိုက်တဲ့နေရာမှာ.သူထိုင်နေခဲ့သည်...မိုးသာလင်းသွားခဲ့သည်..သူထပ်မအိပ်ဖြစ်တော့..ခုလည်း..သူ့ဘဝဇာတ်ကြောင်းကို.မနေ့ကတွေ့ခဲ့တဲ့ကောင်လေးက..အကုန်သိနိုင်မည်ဟု..သူတွက်ကာ..သူထိုကောင်လေးနဲ့တွေ့ခဲ့တဲ့နေရာကို..သူထပ်သွားရန်ဆုံးဖြတ်ချက်ချလိုက်သည်..ဒါကြောင့်..အဘဆီက..ခွင့်တောင်းရန်..အဘရှိတဲ့..ယာခင်းထဲကိုလိုက်လာခဲ့သည်..အဘက..သူ့ပုံစံကို မြင်တော့..စိတ်မကောင်းဖြစ်သွားသည်..အဘမေးတာကို..အလိုက်သင့်ဖြေလိုက်တော့..အဘဆီက..သက်ပြင်းချသံသဲ့သဲ့ကိုကြားလိုက်ရသည်...။

မင်းသည်သာ.🍁🍁🍁Where stories live. Discover now