နန်းတို့ထမင်းစားပြီးသွားတော့နန်းစိုင်းနှင့်စကားပြောဖို့ခြံထဲခေါ်လာလိုက်တယ်။
နန်း"စိုင်း၊နန်းနှင့်မဟာနှင့်စကားပြောစရာရှိတယ်။ညနေလည်းစောင်းနေပြီဆိုတော့နန်းတယောက်တည်းပြန်လာဖို့အဆင်ပြေမှာမဟုတ်ဘူး။စိုင်းနန်းနှင့်လိုက်ခဲ့ပါလား။"
စိုင်း"ဟုတ်ကဲ့၊ကျွန်တော်လိုက်ခဲ့ပါမယ်။"
ကျွန်တော်အရမ်းပဲခံစားရတယ်။မမနန်းကအခြားတယောက်နှင့်လက်ထပ်ရတော့မယ်ဆိုတော့ကျွန်တော်အရမ်းပဲဝမ်းနည်းတာပဲဗျာ။ကျွန်တော့်နှလုံးသားတခုလုံးဆူပွတ်နေတဲ့ရေအိုးထဲပစ်ချလိုက်သလိုအရမ်းပဲပူလောင်တာပဲဗျာ။မမနန်းကကျွန်တော့်လိုလူမျိုးနှင့်မလိုက်ဖက်ပါဘူးဗျာ။မမနန်းကကိုကြီးမဟာလိုမျိုးထက်မြက်ပြီးအရည်အချင်းရှိတဲ့သူနှင့်ပဲလိုက်ဖက်ပါတယ်။ကျွန်တော်မမနန်းကိုအရမ်းချစ်တယ်။အရမ်းချစ်လွန်းလို့ကျွန်တော့်အနားမခေါ်ရက်ပါဘူးဗျာ။ကျွန်တော်တွေးရင်းစိတ်ထဲဝမ်းနည်းလာတာကြောင့်မျက်ရည်တွေဝဲလာတယ်။ကျွန်တော့်ဘေးမှာမမနန်းရှိနေတာကြောင့်မျက်ရည်မကျအောင်လို့ထိန်းလိုက်တယ်။
အိမ်ကမထွက်ခင်မမနန်မကကိုကြီးမဟာကိုcoffee shopတတခုမှာချိန်းလိုက်တယ်။ပြီးတော့မှကျွန်တော်နှင့်မမနန်းချိန်းထားတဲ့နေရာထွက်လာခဲ့တယ်။ဆိုင်ရောက်တော့ကျွန်တော်နှင့်မမနန်းကော်ဖီသောက်ရင်းကိုကြီးမဟာလာတာစောင့်နေတယ်။၅မိနစ်လောက်ကြာတော့ကိုကြီးမဟာရောက်လာတယ်။
မဟာ"စိုင်းပါပါလာတာကိုး။မိနန်း၊ဘာကိစ္စရှိလို့အရေးတကြီးနှင့်ငါ့ကိုခေါ်လိုက်တာလဲ၊ဆိုင်းမဆင့်ဘုံမဆင့်နှင့်။"
နန်း"ကိစ္စရှိလို့ခေါ်လိုက်တာပေါ့ဟ။နင်သိပြီးသွားပြီမလား။နင်နှင့်ငါ့နှင့်လူကြီးတွေသဘောတူထားတာကို။"
မဟာ"သိတယ်လေ၊တနေ့တုန်းကမေမေတို့ပြောပြတယ်။"
နန်း"ဖြစ်နိုင်ရင်လေ၊နင်ဒီလက်ထပ်ပွဲကိုငြင်းပေးပါလားဟာ။နင်လည်းငါ့ကိုစိတ်မဝင်စားသလိုငါကလည်းနင့်ကိုစိတ်မဝင်စားဖူးလေဟာ။အဲ့တော့နှစ်ဦးလုံးရဲ့ဆန္ဒမပါတဲ့ဒီလက်ထပ်ပွဲကရှေ့ဖို့မှမဖြစ်နိုင်တော့တာ။"
နန်းဖက်ကမဟာ့ကိုဖြစ်စေချင်တာကိုပြောပြလိုက်တယ်။
YOU ARE READING
မကကျွန်တော့်ရဲ့မီးအိမ်ရှင်
Romanceစိုင်းမွန်ဆိုတဲ့မိဘမရှိဘဲပထွေးလက်ထဲမှာကြီးပြင်းခဲ့ရတဲ့ကောင်လေးကိုဂရုဏာသက်မိပြီးနန်းမွန်ဆိုတဲ့ကောင်မလေးကဆရာ၀န်ဖြစ်အောင်ထောက်ပံ့ပေးခဲ့ပါတယ်။ဖြူစင်တဲ့မောင်နှမသံယောဇဥ်နှင့်အစပြုခဲ့တဲ့သူတို့နှစ်ယောက်က၁၅၀၀ဆိုတဲ့ချစ်မေတ္တာကိုကူးပြောင်းသွားတဲ...