49.50

586 21 3
                                    

Moe yanant thin 080:
လေပြေရှိုက်နမ်းတဲ့မမရဲ့အသက်ရှုသံလေး

အပိုင်း(49)

အစကတော့ သူ့ကိုချစ်တယ်လို့ပြောခဲ့ပြီးမှ အခု‌ကျတော့ သူနဲ့ပတ်သတ်မူ့ကိုလုံးဝဖြတ်ချချင်နေတာပဲ

သူဆိုတဲ့ကောင်ကလဲ အလှလေးတွေဘယ်လောက်ရှိရှိ သူမမှသူမဖြစ်နေတာကိုး

သူမက သူ့နဲ့မနေချင်ပေမဲ့ သူ‌ကတော့ သေဆုံးသွားသည့်တိုင်သူမကိုလုံးဝလက်မလွှတ်နိုင်ဘူး

သူမသူ့အပေါ်ကိုဘယ်လောက်အမြင်ဆိုးသွားပါစေ သူလူဆိုးဖြစ်သွားရင်တောင် သူမကိုကျိန်းသေပေါက်ဖက်တွယ်ထားမှာ

ဒါက သူမအပေါ်ထားတဲ့သူ့ရဲ့အတ္တပဲ

"မုယွမ်ယွမ် ကျွန်တော့်လက်ကလွတ်ဖို့မကြိုးစားနဲ့  မင်းကိုဘယ်တော့မှလက်လွှတ်ပေးမှာမဟုတ်ဘူး "

ကောင်းမင်ထျန်း ပြောပြီးတာနဲ့ ဝုန်းဒိုင်းကြဲပြီးထွက်လာခဲ့‌ေတာ့တယ်

မဟုတ်ရင် သူမရဲ့နောက်ထပ်ထွက်လာတဲ့စကားတွေက သူ့ကိုပဲနာကျင်စေလိမ့်မယ်

ပြန်တွေးကြည့်လိုက်မှ သူကလဲ အလုပ်နဲ့ သူမကလဲ အလုပ်နဲ့ သူတို့‌တွေ့ကြတာက များသောအားဖြင့်အိပ်ယာပေါ်မှာပဲ ပြီးရင်လဲ သူအနိုင်ကျင့်နေတာနဲ့ပဲပြီးသွားတာ

တခြားသာမာန်စုံတွဲတွေလို ထမင်းထွက်စားတာမျိုး အပန်းဖြေနေရာတွေကိုသွားလည်တာမျိုး လဲမရှိခဲ့ဘူး

ရုပ်ရှင်အတူကြည့်တာဘာညာနဲ့ဟိုဟိုသည်သည်သွားပြီး ဘာကိစ္စညာကိစ္စနဲ့ကြည်နူးစရာလဲမရှိခဲ့လေတော့

သူမဘက်ကသူ့ဆီကရုန်းထွက်ဖို့ပဲစဉ်းစားနေတော့မှာပေါ့

သေစမ်း အဲ့ဒါအားလုံးကသူ့ အမှားတွေပဲ သူမရဲ့နှလုံးသားကိုသိမ်းပိုက်ဖို့ သူမရဲ့မျက်နှာပေါ်မှာ အပြုံးတို့အရင်ဖြစ်ထွန်းအောင် သူမရဲ့အစာအိမ်ကိုအရင်ဖြည့်ပြီးသိမ်းပိုက်ရမယ်

အိပ်ယာပေါ်မှာလဲ သူမ ကလေးနောက်တယောက်ထပ်ရအောင် အမြန်ဆုံးကြိုးစားရမယ် ကလေးရှိရင်တော့ သူမ သူ့နားကသွားချင်လဲ ကလေးဆိုတဲ့နှောင်ကြိုးကြောင့် လုံးဝထွက်သွားလို့ရတော့မှာမဟုတ်ဘူး

 (Complete)လေပြေနမ်းရိှုက်သည့်မမရဲ့အသက်ရှူသံလေး (nl)Where stories live. Discover now