ပိုင်လီသည် မျှစ်များပြည့်နေသော ဝါးခြင်းတောင်းအားလွယ်လျက် တခြားလူများအနီးမှဖြတ်သွားသောအခါတွင် သူ့အားလှောင်ပြောင်နေသံများကိုကြားလိုက်ရသည်။
"အဲဒီအမှိုက်ကောင်က ဝါးနုတွေချိုးပြီးဘာလုပ်မလို့လဲမသိဘူး မဟုတ်မှ သူ့ကောနဲ့ကလေးတွေကိုဝါးနုတွေကျွေးတောမလို့များလား"
"ဟေ့ ဒီကောင်က မွဲတေနေလို့ ဝါးနုတွေချိုးလာရင်တောင် သူ့မိသားစုကိုကျွေးမှာမဟုတ်ဘူးဆိုတာ ငါပြောရဲတယ် သူ့စားဖို့သူချိုးလာတာနေမှာ"
"ထွီ! ဒီအမှိုက်ကောင်ကခုထိအသိတရားမရသေးဘူးပဲ ပိုင်မိသားစုကကန်ထုတ်လိုက်တာကောင်းတယ် သူ့မိသားစုကတော့အနှေးနဲ့အမြန်သေမှာပဲ"
"ဒီမှာ သူကသူ့ကောကိုသေအောင်ပြစ်ထားရင်ထားမှာတော့မှန်လောက်ပေမယ့် သူ့ကလေးနှစ်ယောက်လုံးက ကောလေးတွေလေ ဒီအမှိုက်ကောင်က ကလေးတွေကိုအရွယ်ရောက်အောင်ထားပြီး ရောင်းစားမှာသေချာတယ်"
"ပြောမှ သူ့ကော ရှောင်ဟန်ကိုဟိုနေ့ကမြစ်ထဲငါးသွားဖမ်းခဲ့တာတဲ့ဟယ် ဆောင်းဦးရာေက်တော့မြစ်ရေတွေကအေးနေပြီလေ ပြီးတော့ရှောင်ဟန်က သူနှိပ်စက်သမျှအချိန်ပြည့်ခံနေရလို့ ခန္ဓာကိုယ်ကမကောင်းတော့ဘူး အခုနေမကောင်းဖြစ်နေတယ်လို့ကြားတယ်"
"ဟွန့် ရှောင်ဟန်နေမကောင်းဖြစ်လို့ သူ့ကိုဘယ်သူမှကျွေးမယ့်သူမရှိပဲ အခုလိုဝါးနုတွေချိူးစားနေတာနေမှာပေါ့"
ပိုင်လီသည် စကားအားလုံးအားကြားသော်လည်း ခေါင်းငုံ့ကာသာ ကိုယ့်လမ်းကိုယ်လျောက်သွားလိုက်ပြီး သူ့အနီးမြေပြင်ပေါ်က တံတွေးများကိုပင် မမြင်ချင်ယောင်ဆောင်သွားလိုက်၏။ သူသည် အဝေးရောက်မှ သက်ပြင်းခိုးချလိုက်နိုင်သည်။
ဤရွာရှိလူများသည် သူ့အားအတော်လေးမုန်းတီးကျပုံရပြီး လုံးဝကိုမျက်နှာသာမပေးကျပေ။ ထိုသို့ဆိုလျှင်တောင် အပြစ်ဆို၍မရနိုင်အောင် မူလကိုယ်ကလည်း အလွန်ဆိုးသွမ်းသောလူဖြစ်ခဲ့တာပင်။
ပိုင်လီသည် ဤမနက်နိုးသောအခါတွင် တခြားလူတစ်ယောက်၏ခန္ဓာကိုယ်ထဲရောက်နေကြောင်းသိလိုက်ရပြီး မရင်းနှီးသောမှတ်ညာဏ်များကိုလက်ခံခဲ့ရ၏။
YOU ARE READING
အမှိုက်ကောင်လေး၏ ပျော်ရွှင်ဖွယ်ဘဝ (Completed) အမှိုက်ကောင်လေး၏ ပျော်ရွှင်ဖွယ်ဘဝ