ep 10

27 4 0
                                    

ကားပေါ်သို့ရောက်သောအခါ

jiwoong jongwoo အား ကားပေါ်တွင်ဆောင်ထားသော စောင်အား ခြုံပေးပြီး ခါးပတ်သေချာပတ်ပေးလိုက်လေသည်

jongwoo အားကြည့်လိုက်ရာ မိုးရေမိထားတာကြောင့် နှုတ်ခမ်းများတုန်နေပြီး ငိုထားသောကြောင့် မျက်လုံးများနီပြီး ဖောင်းနေလေသည်

jiwoong အတွေးထဲတွင်အိမ်သို့သာအမြန်ရောက်ချင်နေပေတော့သည်

ကားပေါ်ပါလာသည့်ကလေးမှာတော့ ပင်ပန်းသွားလို့ထင်ပါရဲ့ အိပ်ပျော်သွားလေသည်

အိမ်ရှေ့သို့ရောက်သောအခါ အိပ်ပျော်နေသည့်ကလေးအားနှိုးပြီး ရေမြန်မြန်ချိုးကာ နွေးနွေးထွေးထွေးဝတ်ရန်မှာလေသည်

jongwoo လည်း အကိုလေးမှာသည့်အတိုင်း ရေချိုးကာ အဝတ်အစားအား လက်ဖျားခြေဖျားထိပါလုံအောင်ဝတ်ထားသဖြင့် လွန်စာအသည်းယားစရာကောင်းလွန်းလှပေသည်

jiwoong အခုမှစဉ်းစားမိလေသည် ဒီကလေး အခုထိ ဘာမှစားရသေးမှာမဟုတ်ကြောင်းတွေးမိသဖြင့် မီးဖိုချောင်ထဲတွင် ခေါက်ဆွဲပြုတ်ပေးနေမိလေသည်

အဒေါ်ကြီးမှာ အိပ်ပျော်နေလောက်ပြီ ဖြစ်သောကြောင့်မနှိုးချင်သောကြောင့် သူကိုယ်တိုင်ဝင်ပြုတ်ခြင်းဖြစ်လေသည်

jiwoong:  ဟိုကလေး ပြီးပြီလားမသိဘူး ဟုတွေးကာ jongwoo ရှိရာအခန်းဆီသို့သွားပြီး တံခါးသွားခေါက်လေသည်

ဒေါက် ဒေါက်

jongwoo:  nae

jongwoo:  ဟင် အကိုလေး ဘာကိစ္စရှိလို့လဲဟင်

jiwoong:  မင်းဘာစားပြီးသွားပြီလဲ

jongwoo:  အာညီး

jiwoong: အစာအိမ်ရှိတယ်မလား လာထွက်ခဲ့ မင်းအတွက် ခေါက်ဆွဲပြုတ်ပေးထားတယ်

jongwoo: nae အကိုလေး

jiwoong ခေါက်ဆွဲစားနေသည့် ကောင်လေးအားကြည့်ပြီး တော်တော်အသည်းယားမိနေလေသည် အဝတ်အစားအားလုံအောင်ဝတ်ခိုင်းတာကို ခြေဖျားလက်ဖျားအထိပါလုံအောင်ဝတ်ထားသဖြင့် တော်တော်လေးအသည်းယားစရာကောင်းနေပေသည်

jongwoo:  အကိုလေး ကိုယ်တိုင်ခေါက်ဆွဲပြုတ်ထားတာလားဟင်

jiwoong:  ဘာလဲ မကောင်းလို့လား

jongwoo:  မဟုတ်ပါဘူး အရမ်းစားကောင်းလို့ မေးကြည့်တာပါ jong လေးက

jiwoong:  အင်းပြီးရော စားပြီးရင် ဆေးသောက်အိပ် ကြားလား

jongwoo:  nae

jiwoong:  နောက်ပြီး တောင်းပန်ပါတယ် ဒီနေ့အတွက် ကိုယ်မေ့သွားတယ်

jongwoo:  nae ရပါတယ် အကိုလေး ကျွန်တော်ကအရေးမကြီးပါဘူး  အကိုလေးမှာလည်း ကိစ္စရှိမှာပေါ့

jiwoong:  ဟင် ကောင်လေး မင်း ဒါဘာဆိုလိုချင်တာလဲ

jongwoo:  အာညီး (jongwoo အသံလေးတုန်ကာပြန်ဖြေလိုက်လေသည်)
အမှန်တော့ jongwoo မိုးရေထဲစောင့်နေသည့် တချိန်လုံး အကိုလေးက သူက မွေးစားထားတဲ့သူမို့အလေးမထားတာ သူကမိဘမဲ့မိုလို့ အလေးမထားတာဟုသာတွေးမိပြီး ဝမ်းနည်းမိလေသည်

jiwoong:  တောက် ထားလိုက်တော့ ဒီနေ့တော့ မင်းလည်းမိုးမိထားတော့ ငါဆက်မဆူချင်တော့ဘူး

jongwoo:  ဟင့် nae အကိုလေး (အကိုလေးစိတ်တိုသွားတာသူသိလိုက်လေသည် ဒါပေမယ့် ဒီနေ့ က အကိုလေးမှားတာ မဟုတ်ဘူးလားတွေးမိလေသည်)

jongwoo:  အကိုလေး သွားအိပ်တော့မယ်နော် ဟင့် ဟုဆိုကာ ပန်းကန်ဆေးပြီးသွားလေသည်

jiwoong:  သူလွန်တာသိပေမယ့် တထစ်ရှိ စိတ်တိုတတ်သည့် သူ့ကိုယ်ကိုယ်သာ စိတ်တိုမိလေသည် ဟိုကောင်လေး ဝမ်းနည်းသွားတာသိပေမယ့် ဒီအတိုင်းသာထားလိုက်လေတော့သည်

Love start from hateWhere stories live. Discover now