<Unicode>
ကိုကို့အိမ်ကို သူပထမဆုံးရောက်ဖူးခြင်းပဲ အရာအားလုံးဟာ သပ်သပ်ရပ်ရပ်နဲ့ နေချင်စဖွယ် တစ်ယောက်ထဲနေတယ်ဆိုပေမဲ့ အရမ်းကြီးတော့ ရှုပ်ပွမနေခဲ့ သူ့ဟာနဲ့သူတော့ အတော်အသင့် ကြည့်ကောင်းတယ် သူလျှောက်ပတ်ကြည့်နေရင်းမှ ကိုကိုက အခန်းတစ်ခုအတွင်း ဝင်သွားခဲ့သည် စတိုခန်းလိုလိုဘာလိုလိုပဲ ဘာလုပ်မလို့လဲတော့မသိဘူး
'' ကောင်လေး ဒီကိုလာခဲ့ ´´
အခန်းဝကနေ အတွင်းကို လှမ်းကြည့်မိလိုက်တော့ ပစ္စည်းတွေအားလုံးကို အဝတ်အဖြူတွေနဲ့ အုပ်ထားသည် ဖုန်တွေလဲနဲနဲတက်နေသေးသည် ကိုကိုကတော့ဖုန်တွေခါနေရင်း အလုပ်ရှုတ်နေသည် စင်ပေါ်မှာတော့ ဆုတွေအများကြီးပဲ တန်းစီတင်ထားသည် အဝတ်တော့အုပ်မထားဘူး
'' ဝါး ဆုတွေအများကြီးပဲ အခွေတွေရောပဲ အကုန်လုံးက အစ်ကို့ဟာတွေချည်းပဲ မိုက်လိုက်တာ ´´
'' ကိုယ့်ဟာလား ကိုယ့်ဟာမဟုတ်တော့ဘူးလား ကိုယ်မသိတော့ဘူး ကောင်လေး ´´
'' ဘာလို့လဲ ´´
'' ဘာမှမဟုတ်ပါဘူး မစိုးရိမ်ပါနဲ့ တစ်နေ့ကျရင် မင်းလဲဆုတွေရမှာပေါ့ ကိုယ့်ထက်တောင် ပိုများအုံးမှာ ကိုယ်သိနေတယ် ´´
စကားပြောနေရင်း ကောင်လေးဘက်လှည့်ကြည့်လိုက်တော့ သူ့ရဲ့ဆုတစ်ခုကို ကိုင်ကြည့်နေတာ တွေ့မိသည် ကောင်လေး တအားကို သဘောကျနေတာပဲ သူလဲ ပြုံးကာ ကြည့်နေမိတော့သည် ကောင်လေးက သူကြည့်နေတာမြင်တော့ ဆုကိုပြန်ထားလိုက်ပြီး သူ့အား စိုက်ကြည့်လာသည်
'' ဘာလဲ ´´
'' ဘာမှမဟုတ်ပါဘူး ဒီအတိုင်းပဲ ´´
'' အိုကေ က်ိုယ်တို့လေ့ကျင့်ကြရအောင် မင်းဆိုနေကျ သီချင်းနဲ့ပေါ့ ´´
'' အစ်ကို့သီချင်းလား ´´
'' အင်း မင်းသဘောကျတယ်မလား ဆိုကြည့်ရအောင် ´´
ကိုကိုက စန္ဒရားတီးပေးသည် ကျွန်တော်ကတော့ စာသားဆိုကြည့်တာပေါ့ ဒီလိုမျိုး ဖြစ်လာခဲ့လိမ့်မယ်လို့ အိမ်မက်တောင်မက်ဖူးတာမဟုတ်တော့ ရင်တွေတအားခုန်ကာ အကုန်အလွဲလွဲအချော်ချော်နဲ့ စာသားတွေမှားကုန်တော့သည် တကယ်ဆို ကိုကို့သီချင်းတော်တော်များများကို ကျွန်တော်အလွတ်ရတယ် ဒါတောင်မှားဖြစ်အောင် မှားသေးသည် ခဏခဏမှားတော့ စိတ်ကမရှည်တော့ဘူး
YOU ARE READING
Unconditional Love ( jinkook ver ) Complete
Fanfictionငါဘယ်တော့မှ အရက်မသောက်တော့ပါဘူး ရန်လဲမဖြစ်တော့ဘူး ကလေးမကြိုက်တာတွေလဲ ဘာတစ်ခုမှမလုပ်တော့ပါဘူး ကင်ဆော့ဂျင် တစ်ယောက်ထဲချန်ရစ်မထားခဲ့ပါဘူးလို့ ကတိပေးပါ ဂျွန်ဂျောင်ကု ငါဘယ္...