နှင်းပွင့်ေဝ...........
နာမည်လေး နဲ့လိုက်အောင်နှင်းပွင့်ဖက်လေးလိုကြည်လင်နေသူ။ မိဘနှစ်ပါးလုံးမှာဗမာလူမျိုးများဖြစ်ပြီးမိခင်၏အသားအရေအလွန်ဖွေးကာဝင်းအိနေသည်။ဖခင်ဖြစ်သူကအနည်းငယ်ညိုသည်။နှင်းပွင့်၏အသားအရေမှာအမေနှင့်တူ၍အလွန်ဖွေးလှသည်။နှင်းပွင့်အသားအရေမှာဖွေး၍ကြည်နေပြီးနှင်းပွင့်နှင်းခဲလေးများနှင့်တူလှသည်။ နှင်းပွင့်မှာမျက်နှာဝိုင်းဝိုင်းလေးနှင့်ကိုယ်လုံးကိုယ်ပေါက်ကပိန်သွယ်သွယ်နှင့်အသားအရေကဖြူပြီးကြည်နေသည့်ဘက်ကိုသန်းသောကြောင့်ဗမာနှင့်မတူတရုတ်မလေးနှင့်သာတူတော့သည်။
![]()
Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image. နှင်းပွင့်တို့မိသားစုအခြေနေမှာမချမ်းသာသော်လဲဆင်းရဲသည်အထဲတွင်တော့မပါ။နှင်းပွင့်တို့မြို့လေးသည်အလွန်စည်ကားသိုက်မြိုက်သည့်မြို့ကြီးပြကြီးမဟုတ်ပင်ညားသော်လဲအတန်အသင့်တော့စည်ကားပါသည်။ နှင်းပွင့်၏ဖေဖေမှာကုန်သည်ဖြစ်ပြီးမေမေကတော့ရပ်ထဲရွာထဲတွင်စာသင်ပြပေးသည့်ကျူရှင်ဆရာမလေးဖြစ်သည်။ နှင်းပွင့်အသက်ဆယ်နှစ်အရွယ်လောက်မှာပဲဖေဖေနှင့်မေမေကကွာရှင်းပြတ်ဆဲလိုက်ကြသဖြင့်နှင်းပွင့်မှာမေမေနှင့်အတူဘိုးဘိုးဘွားဘွားတို့ရှိရာမေမေ့ဇာတိရွာလေးသို့ပြောင်းရွှေ့နေထိုင်ခဲ့ရပါသည်။ဖေဖေနှင့်မေမေကွာရှင်းချိန်ကမိဘများကနှင်းပွင့်၏ဆန္ဒကိုအလေးထားကာရွေးချယ်ခွင့်ပေးခဲ့ပါသည်။နှင်းပွင့်ကအမေချစ်သမီးပီပီမေမေ့နောက်ကိုကောက်ကောက်ပါလိုက်လာခဲ့သူ။ထို့အတွက်လဲနှင်းပွင့်နောင်တမရပါ။ဖေဖေကသာနောက်အိမ်ထောင်ပြုသွားပေမယ့်မေမေကတော့နှင်းပွင့်ကိုသာပြုစုသည်။နှင်းပွင့်သည်သာမေမေ့ဘဝမေမေ့အရာရာ၊နှင်းပွင့်အပေါ့မိခင်တာဝန်ပါမကဖခင်တာဝင်ပါကျေပွန်အောင်ထမ်းရွက်သူ။နှင်းပွင့်မျက်နှာအညိုးမခံလိုချင်သမျှဖြည့်ဆည်းပေးးကာဖြစ်ချင်သမျှဆောင်ရွယ်ပေးသည်သာ။ဖတဆိုးလေးမို့ဖူးဖူးမှုတ်ကာအချစ်ပိုရသူ။ နှင်းပွင့်တို့အိမ်တွင်မိသားစုဆယ်ယောက်ရှိသည်။ဘိုးဘိုးမှာသာသနာ့ဘောင်ဝင်ရောက်သွားပြီဖြစ်သည်။နှင်းပွင့်တွင်အဒေါ်လေးယောက်ရှိပြီးနှစ်ယောက်ကကျောင်းဆရာမဖြစ်၍နှစ်ယောက်မှာကျောင်းအုပ်ဖြစ်ပြီးအပျိုကြီးလဲဖြစ်သည်။
နှင်းပွင့်မှာမောင်နှမဟူ၍ကျောင်းဆရာမအဒေါ်နှစ်ဦးမှမွေးထားသည့်ဝမ်းကွဲနှစ်ယောက်ရှိသည်။တစ်ယောက်ကနှင်းပွင့်ထက်လေးနှစ်ငယ်ပြီးတစ်ယောက်မှာသုံးလသာငယ်ကာမျက်နှာပေါက်လဲဆင်သဖြင့်မသိသောသူစိမ်းများကဆိုလျှင်အမွှာဟုထင်ကြလေသည်။
နှင်းပွင့်ဒီနှစ်ဆိုလျှင်တက္ကသိုလ်ဝင်တန်းတက်ရတော့မည်။မေမေတို့ကဘော်ဒါထားမည်ဟုပြောသဖြင့်ဘော်ဒါမနေဘူးသည့်နှင်းပွင့်နှင့်ညီမလေးမှာနှစ်ဦးသားခေါင်းချင်းဆိုင်ကာရင်ခုန်စိတ်လှုပ်ရှားနေရပြီ။နှင်းပွင့်ကလိမ္မာသည့်ကလေးတစ်ဦးတော့မဟုတ်ပါ၊စိတ်ထင်ရာကိုတဇွတ်ထိုးတစ်ဇောက်ကန်းလုပ်တက်ပြီးပြသာနာဖြစ်လျှင်လဲကိုယ့်ဘာသာရအောင်ရှင်းသည်။သို့သော်နှင်းပွင့်မေမေငိုမှာကိုတော့အရမ်းကြောက်သည်။နှင်းပွင့်၏အကျင့်စရိုက်ကကလေးဆန်သော်လဲနှင်း၏ညီမခင်လေးကတော့ထိုသို့မဟုတ်။နာမည်အပြည့်အစုံကခင်လပြည့်လူကြီးဆန်ကာအနည်းငယ်အေးဆေးပြီးတည်ငြိမ်သည်။
.......................
ကောင်းတယ်မကောင်းဘူးcommentလေးရေးသွားပါအုံးနော်🤗🤗🤗

YOU ARE READING
ယုံကြည်ရန်ခက်ခဲသော
Romanceဖြူစင်ပြီးချစ်ဖို့ကောင်းတဲ့ကောင်မလေးရဲ့အမှောင်ဘက်ခြမ်းကိုသိသွားတဲ့အခါအရင်လိုလက်ခံပြီးပြန်ချစ်နိုင်အုံးမလား? နှင်းပွင့်ဝေ.... ထူးခန့်ပိုင်.... လီရာနာ.....