"အကို အကို ကျွန်တော့်တကယ်ပဲဘယ်နားကြည့်ပြီးမကြိုက်တာလဲဟင်?...အိုက်ဝူး တကယ်ကိုစဉ်းစားလို့ကိုမရဘူးဗျာ ကျွန်တော်ကတော့ကိုယ့်ဘာသာကိုယ်တအားပြီးပြည့်စုံနေတာလို့တော့ထင်တာပဲ"ဂျိုရှုအာကတော့မင်ဂယူပြောတာနားထောင်ပြီးမျက်လုံးကိုပျင်းရိစွာလှန်လိုက်တော့သည်။ထို့နောက်သူ့ကိုမေးခွန်းဖြေခိုင်းသည့်ပုံစံဖြင့်ကြည့်နေသောမင်ဂယူကိုကြည့်ပြီးပြန်ဖြေလိုက်လေတော့သည်။
"ငါပြောပြီးသားလေ ကင်မင်ဂယူရာ.. ထပ်မမေးပါနဲ့တော့ ဖြေရတာလည်းမောလှပါပြီ ပြီးတော့ မင်းရုတ်တရက်ကြီး ထထမမေးစမ်းနဲ့...လန့်တယ်ကွ"
"ဟုတ်ပါပြီ အကိုကလည်းဘာလို့ကျွန်တော်ပြောတိုင်းငြင်းနေတော့တာလဲ တကယ်ပဲ တစ်ခါတစ်လေများအဖြေလေးပြောင်းမလားလို့ မေးရတာပါ စိတ်ပြောင်းရင်ပြန်ကြိုက်နော်"
မင်ဂယူ...ဒီကလေးစကားကိုရှုအာနားထောင်ပြီးမသိမသာပြုံးမိသည်။ထိုကလေးကသူ့ကိုသဘောကျပါတယ် သဘောကျပါတယ် ဆိုပြီးပြောလာတာ သူတို့တက္ကသိုလ်စစတက်ခဲ့တဲ့ပထမနှစ်ကတည်းကမလား..အခုဆိုနောက်ဆုံးနှစ်တောင်ရောက်ပြီဆိုပေမယ့် ရှုအာကမင်ဂယူကိုအမြဲငြင်းဆန်နေတုန်းပင်ဖြစ်သည်။
ရှုအာလည်းတစ်ချိန်တစ်ခါကချစ်ခဲ့ဖူးသည်ပေါ့ သို့သော် ချစ်ရတာပင်ပန်းလွန်းလှပါသည်။ရှုအာကအချစ်ဦးနွံဆီကမလွှတ်မြောက်နိုင်သေးသူတစ်ဦးဖြစ်တာပေါ့။သို့သော် ရှုအာကသူ့ရဲ့အချစ်ဦးကိုဆက်ချစ်နေသေးသည်လားဆိုတော့လုံးဝမဟုတ်ပေ..ဒဏ်ရာပေးလိုက်၊ဆေးပေးလိုက်မဟုတ်ဘဲ ဒဏ်ရာပဲပေးနေခဲ့သည့်အချစ်ဦးကြောင့် အချစ်ကိုဆက်မယုံကြည်တော့တာပင်။နှစ်ဦးနှစ်ဖက်သဘောကျရင်တောင် ချစ်ခြင်းဟာကြာလာလျှင်အရောင်မှိန်သည်ဟုသာဆိုရမည်။ထို့ကြောင့်ရှုအာသည်သူငယ်ချင်းဆက်ဆံရေးမှအပ အခြားဘယ်ဆက်ဆံရေးမှမထားပေ။
မင်ဂယူသည်ရှုအာကိုရီးယားကအဘွားဆီအလည်လာတိုင်းအဘွားအိမ်အနီးအနားတွင်အမြဲတွေ့နေကြသူ့ထက်2နှစ်ငယ်သောကလေးဖြစ်သည်။အမြဲတွေ့ဖြစ်သော်လည်းစကားတစ်ခါမှပင်မပြောဖူးကြပေ။သို့သော်ရေစက်ပါသည်ထင်၏.. တက္ကသိုလ်ကို ကိုရီးယားမှာတက်ရန်ဆုံးဖြတ်ပြီးရွေးချယ်ခဲ့သောတက္ကသိုလ်မှာမင်ဂယူနှင့်အတူတူပင်ဖြစ်သည်။မင်ဂယူကပဲအရင်လာနှုတ်ဆက်၊စကားပြောလုပ်ခဲ့ပြီး ငါးလအကြာတွင်သူကပဲအရင်ဖွင့်ပြောလာသည်ဖြစ်သည်။မင်ဂယူကိုသူတကယ်ပဲခင်ပါသည် ညီလေးလိုချစ်ပါသည် သို့သော် ချစ်သူအဆင့်ထိမတက်ချင်ခဲ့ပါ။ဒါကြောင့် ပထမနှစ်ကနေနောက်ဆုံးနှစ်အထိဆက်တိုက်ငြင်းလာခဲ့သည် သို့သော် သူတို့ဆက်ဆံရေးဟာ အဲ့လိုဖွင့်ပြောတိုင်း သူများတွေလိုဖွင့်ပြော၊အငြင်းခံရပြီးနောက်စကားဆက်မပြောဖြစ်ခဲ့ကြတာတော့မဟုတ်ပေ...ထိုကလေးကပဲစကားတွေအမြဲလာပြောပါသည် အမြဲဖွင့်ပြောခဲ့တာသူမဟုတ်သလိုမျိုးပင်။အခုလည်းပဲ စိတ်များပြောင်းမလားဟု လာမေးသည်ပဲဖြစ်သည်။ထုံးစံတိုင်းပဲပြန်ဖြေပြီး ရှုအာတစ်ယောက်အတန်းဆင်းခဲ့တော့သည်။