အခန်း {၄}

3.9K 305 44
                                    

တစ်ခန်းလုံးသူ့ကိုကြည့်နေတဲ့အကြည့်တွေကို Jisoo မုန်းမိသည်။ Jisoo အခန်းထဲဝင်လာတာနဲ့ သူတို့ပြောလက်စ စကားဟာရပ်သွားပေမဲ့ ဒီအကြည့်တွေထဲမှာစကားလုံးတွေပါနေမှန်း Jisoo သိသည်လေ။ Jisoo ဘာလို့ဒီအခြေနေထိရောက်သွားခဲ့တာလဲ။ မဖြစ်မနေမို့ကျောင်းပြန်တက်ရပေမဲ့ Jisoo ကျောင်းပြောင်းချင်မိသည်။

ဒီရက်ပိုင်း ကျောင်းတစ်ပတ်နားခံရတာကိုက ပိုကောင်းဦးမည်လေ။ အဲ့လိုပြောလို့လည်း အိမ်မှာပဲလည်းမနေချင်။ သူ့အိမ်ကအမြဲသူ့ကိုအလိုလိုက်ပေမဲ့ ဒီကိစ္စမှာသူ့ကိုလုံးဝမယုံချေ။ ဘာလို့ Jisoo လိမ်နေတယ်လို့ထင်နေကြတာလဲ။ ကျောင်းမှာကျညံ့လို့၊ အသုံးမကျလို့ စာတော်ပြီး လိမ္မာသူနဲ့ယှဉ်ပြီး မယုံတာထားကြပါတော့။ ဘာလို့သူ့အိမ်ကရော မယုံကြည်ကြတာလဲ။ အိမ်ကလူတွေဘာမှမခိုင်းလို့ ဘာမှမလုပ်မိတာကလွဲလျှင် Jisoo ဘာမှမလုပ် မလိမ္မာတာလည်းမလုပ်မိပါ။ အိမ်ကညီမနဲ့ ရန်ဖြစ်တတ်လျှင် အလျော့မပေးတာပဲရှိတာက Jisoo ကိုအဲ့လောက်အထင်လွဲစေတာလား။

ဒါမှမဟုတ် Jennie ရဲ့တော်လွန်းတဲ့စကေးတွေကြောင့်လား။ အဲ့နေ့က ကျောင်းကမိဘခေါ်လို့ Jisoo အမေကိုခေါ်သွားခဲ့သည်။ အိမ်မှာ Jisoo ပြောလာတုန်းက သူ့အမေကသူ့ဘက်ပါပေမဲ့ ဆရာမနဲ့တွေ့ပြီးနောက်အချိုးပြောင်းသွားခဲ့သည်။ အကြောင်းက တကယ်ပဲ Jisoo ကိုကျောင်းထုတ်ဖို့လုပ်နေလို့ပင်။ Jisoo အမေမှာဒူးထောက်မတတ်ဖြစ်သွားရလို့ Jisoo တကယ်ပဲ သူ့အမေကိုအားနာခဲ့ရသည်။ သို့သော် ထိုစဉ် ကယ်တင်ရှင်ရောက်လာခဲ့၏။ ထိုသူက Jisoo အမေအတွက်သာ ကယ်တင်ရှင်ဖြစ်လိမ့်မည်။ Jisoo အတွက်တော့ အဖျက်သမားပဲ။

"Omma! ဒါ..."

"တော်တော့ Jisoo နင်အဲ့လောက်ဆိုးသွမ်းနေလိမ့်မယ်လို့မထင်ထားဘူး"

"ဘယ်လို JiJi က ဆိုးသွမ်းတယ်ဟုတ်လား။ JiJi ပြောပြီးသားပဲကို..."

"နင့်အမေဒီထက်ပိုပြီး ရှက်မလာခင် ဘာမှထပ်မပြောနဲ့။ အဲ့ကလေးမလေး စိတ်ထားပြည့်ဝပြီး ကြေအေးပေးလို့ပေါ့။ လက်ကဒဏ်ရာလည်းလျော်ကြေးပေးမယ်ဆိုတာကိုတောင်မတောင်းတဲ့အထိ စိတ်ထားပြည့်ဝတဲ့သူကို ဘာတွေများအခဲမကျေဖြစ်နေရတာလဲ Kim Jisoo ဟမ်"

Falling In Love With Crazy Bit*hWhere stories live. Discover now