6🌸

223 12 1
                                    


အဲ့နေ့ပီးမနက်မှာရောက်တော့ကျနော်လည်းခါးရိုးတစ်လျှောက်လုံးအောင့်တက်နေတဲ့နာကျဥ်မှုမျိုးနဲ့နိုးထလာရသည်။ဟျောင်းကတော့အပူအပင်ကင်းစွာအိပ်ပျော်နေတုန်း...ကျနော်ဟျောင်းရဲ့ရင်ခွင်ထဲအသာလေးတိုး၀င်ကာ ကျနော့်ခံစားချက်တွေကိုပြောပြမိသည်။

"ဟျောင်းရယ် ကင်မ်ထယ်ကလေ ဟျောင်းရဲ့အဖေကဟျောင်းနောက်ကိုလိုက်နေရမယ်တဲ့..ပီးတော့ ဟျောင်းကိုအိမ်အရောက်ပြန်ခေါ်လာပေးရမယ်တဲ့ အဲ့တာကြောင့် ဟျောင်းအနားမှာရှိနေခဲ့ရတာပါ..ကင်မ်ထယ်ကဟျောင်းထင်သလိုမျိုး အဲ့လိုမျိုး မဟုတ်ပါဘူး ဟင့်..ပြွတ်စ် ချစ်တယ်ဟျောင်း.."

ရင်ခွင်နွေးနွေးကိုအနမ်းသူခိုးလေးလုပ်ပီး...ဟျောင်းမသိခင်ထပြေးမယ်အလုပ်..

"ဒါကဘယ်လဲ..."

"ဟင်..ဟျောင်း ကင်မ်ထယ် ဟိုဟာလေ.."

"အမ်း..ဘယ်ဟာလဲ?..နေစမ်းပါဦး..ဘာလို့နှုတ်ခမ်းကိုမနမ်းတာလဲ..?"

"ဗျာ..."

"နှုတ်ခမ်းကိုဘာလို့မနမ်းတာလဲလို့!"

"ဟို..ဟိုလေ..ကြောက်လို့ ဟုတ်တယ်!!ကြောက်လို့..ဟီးး.."

ကြောက်ကြောက်နဲ့ရီပြနေတဲ့ပုံလေးကတကယ်ဆွဲဆက်လုပ်ပစ်ချင်စရာ..အသဲယားစရာလေးဗျာ...

"မကြောက်နဲ့လာခဲ့ဒီကို.."

"ဟင်?"

"လာခဲ့လို့!!ငါစိတ်မရှည်ဘူးနော်"

"အာ..အင်းလာပီ"

နည်းနည်းလေးဟောက်လိုက်မှကိုယ်တီးလုံးလေးကရင်ခွင်ထဲကိုချိတုန်ချတုန်နဲ့၀င်လာသည်..အဘိုးအိုလေးလား..ဘာလေးမှန်းကိုမသိတော့ပါဘူးကွာ..

"နမ်း.."

"ဗျာ.."

"နှုတ်ခမ်းကိုနမ်းလို့.."

"ဟျောင်းက ပီးရင်ရွံတယ်လို့ပဲပြောမှာပဲမဟုတ်ဘလား"

"..."

ဂျောင်ကုကြောင်နေရသည်..ကောင်လေးအပေါ်သူအရမ်းလွန်သွားတာ..သူပဲနမ်းချင်ရင်ဆွဲနမ်းလိုက်ပြီးရင်ရွံတယ်လို့ ပစ်ပစ်ခါခါပြော..တခါတစ်လေဆိုပါးတွေနားတွေရိုက်..ကင်မ်ထယ်နှုတ်ခမ်းနားမှာအမြဲဒဏ်ရာရှိနေတာလဲဂျောင်ကုကြောင့်ပင် မထင်ရင်မထင်သလိုနမ်းလို့နှုတ်ခမ်းပေါက်တာတစ်မျိုး ဒေါသထွက်လိုရိုက်ရင်းနှုတ်ခမ်းတွေကွဲကုန်တာကတစ်မျိုးနဲ့ သူအတော်လေးလွန်သွားတာပဲ..

"~ Painful But Loving~"Where stories live. Discover now