Part_1

484 51 16
                                    

2023 MAY 1

ပထမအကြိမ်အဖြစ်ထုတ်ဝေလိုက်သော စာရေးဆရာမလေးမနှင်းဆီ၏ feel of love ခေါင်းစဉ်ရှိတဲ့စာအုပ်လေးသည် ထုတ်ဝေရောင်းချသည့် ဒီနေ့မနက်ခင်းတွင်ပင် လူအများကြိတ်ကြိတ်တိုးဝယ်ယူရသည်ထိ အောင်မြင်မှု့ရခဲ့သည်။ဆရာမ၏ ရေးသမျှစာပေများသည်လည်း လူငယ်တွေကြားက ချစ်ခြင်းမေတ္တာကို ဖော်ကြူးသည့် အချစ်ဝတ္ထုများစွာသာဖြစ်သည်။ထို့ကြောင့်လည်း လူငယ်ဖန်တီးရှင် စာရေးဆရာမလေးမနှင်းဆီသည် လူငယ်တွေအသည်းစွဲဖြစ်ခဲ့ရသည်။

"ဒီနေ့မနက်က ထွက်တဲ့စာရေးဆရာမနှင်းဆီရဲ့ feel of loveစာအုပ်လေး ရှိသေးလား ဦးလေး"

"ပြောရတာ အားနာလိုက်တာကွယ်
အဲ့စာအုပ်က ဦးလေးတို့ဆိုင်ပေါ် တင်ပြီးနာရီပိုင်းနဲ့အကုန်ရောင်းထွက်သွားတာကွဲ့ "

"တစ်အုပ်လောက်လေးများမရှိတော့ဘူးလား ဦးလေးရယ်
ကျမက ပုံမှန်ဆို ဆရာမရဲ့စာအုပ်တွေထွက်ထွက်ချင်းအပြေးဝယ်နေကြပါ ဒီနေ့မှအလုပ်ကခွင့်ယူမရဖြစ်နေလို့ နောက်ကျသွားတာ "

"ဦးလေးဆီလည်း တကယ်မရှိလို့ပါကွယ်
တူမလေးလည်းသိသားပဲကွယ် ဆရာမရဲ့စာအုပ်တွေက ရောင်းအားအကောင်းဆုံးဆိုတာလေ
ဒီလိုလုပ်ပါလား လာမယ့် May 25မှာ ဆရာမရဲ့လက်မှတ်ထိုးပွဲရှိတယ် အဲ့အခါမှာတော့ ရနိုင်တယ်ကွယ့်"

__&__&___&____&___&___&____&____&___&

ဒေါက်...ဒေါက်....ဒေါက်

"သမီးရေ.....မေမေဝင်လာခဲ့လို့ရမလား"

"ဝင်ခဲ့လေမေမေ"

မိခင်ဖြစ်သူက ကွန်ပြူတာရှေ့ကနေမခွာပဲ မျက်မှန်လေးတပ်ကာ စာရေးနေသော သမီးဖြစ်သူရဲ့အနားကိုသွားကို ခေါင်းလေးကိုပွတ်သပ်လိုက်သည်။

"သမီးရယ် ဒီနေ့မှ စာအုပ်ထွက်ထားတာမလား
အခုနောက်တစ်ပုဒ်ရေးနေပြန်ပြီလား
နားနားနေနေလုပ်ပါ သမီးရယ်"

မိခင်ရဲ့သနားဂရုဏာသံလေးအဆုံးမှာ နှင်းဆီတစ်ယောက် မိခင်ရင်ခွင်ထဲဝင်ကာ အချွဲပိုပါတော့သည်။

"သမီးနော် ဒီအခန်းထဲမှာပဲနေတော့မှာလား
အပြင်လေးဘာလေးလည်းထွက်ပါအုံးကွယ်
‌တော်ကြာ အခန်းထဲမှာပဲအောင်းနေပြီး မေမေ့သမီးလေး ဘယ်သူမှမကြိုက်တဲ့ဂေါ်မစွံတဲ့ အပျိုကြီးလေးဖြစ်နေမစိုးလို့ မေမေကစေတနာနဲ့ပြောတာပါနော် အဟီး"

ဟန်ဆောင်သတို့သား ကျွန်မရည်းစားWhere stories live. Discover now