-Hot chocolate & Ice coffee- (GyuJin)

779 31 0
                                    

Unicode

အချစ်က ဒီကလေးလေးနဲ့မှ စတင်ဖြစ်ပေါ်လာသည်လား?
မထူးဆန်းတဲ့ တွေ့ဆုံမှုလေးက အမြဲအတွက်ရင်ခုန်စရာ...
ပါးမို့မို့လေးတွေ၊ မျက်လုံးလှလှလေးတွေ နှုတ်ခမ်းလေးတွေအထိထိရက်စရာမရှိတဲ့ ကလေးငယ်...

ကော်ဖီဆိုင်လေးတစ်ဆိုင်မှာ သင်္ချာထိုင်တွက်နေတဲ့ အထက်တန်းကျောင်းသားလေးက စိတ်ဝင်စားစရာ အတိလေး...မရိုးနိုင်တဲ့ ငေးမောရခြင်းလေး...

.

စတင်မှုအစဟာ နွေဦးရာသီရဲ့ Hot chocolate နွေးနွေးလေးက အစပြုသည်ပေါ့...
ထောင့်ဝိုင်းလေးမှာ ထိုင်နေတဲ့ ဂယူဘင်းနားကိုရောက်လာတဲ့ အထက်တန်းကျောင်းသားလေး
"ထိုင်လို့ရလား ဟင်" ဆိုတဲ့ ခပ်တိုးတိုး အသံလေး
နေရာလွတ်တွေ အများကြီးရှိပါရဲ့ ဘာလို့ဆိုတဲ့ အတွေးကို ရှေ့က ကလေးလေး ခြေဖျက်လိုက်ပါသည်။

"Maths တွက်ချင်လို့ ဒီနေရာလေးက အဆင်ပြေလို့ အကို အဆင်မပြေလည်း..."
သူအဆင်မပြေဘူးပြောရင် တခြားနေရာလေးမှာ ထိုင်မဲ့အနေအထားပင် မျက်လုံးလေးတွေက တခုခုကို ညှို့ငင်နေသယောင်...

"ရပါတယ်ဗျ ထိုင်လို့..."
မျက်လုံးလေး အရောင်တောက်ရင်း အသာအယာလေး ဝင်ထိုင်လိုက်ပုံက ချစ်စရာအတိတွေ...
"ကျေးဇူးတင်ပါတယ်" ဆိုတဲ့ အသံလေးကအစ... ဘယ်လိုလေးမှန်းမသိ...
ရှေ့က Ice coffee တွေထပ် မျက်ဝန်းတောက်တောက်လေးတွေက ပို စွဲမက်စရာ...

သိပ်မကြာခင် ရောက်လာတဲ့ ခရင်မ်လေးတွေနဲ့အလှဆင်ထားတဲ့ Hot chocolate ပူပူနွေးနွေးလေးတစ်ခွက်ဟာ ဒီကလေးလေး မှာထားပုံရပါသည်။
ခွက်လေးကို ယူလိုက်တဲ့ လက်လေးတွေကအစ ကြွကြွရွရွလေး

"ဟိုလေ နာမည်ဘယ်လိုခေါ်လဲ မသိ"
Hot chocolate ကို အာရုံစိုက်သောက်နေရင်း မျက်လုံးလေးဝင့်ကြည့်ပုံက ဝဲဘက်ရင်အုံအတွင်း လိပ်ပြာပေါင်း တစ်သန်းလောက် ပျံသွားသယောင်....
ကင်မ်ဂယူဘင်းရဲ့ Image တွေပျက်လိုက်လေခြင်းတွေ

"ယူဂျင်း.. ဟန်ယူဂျင်းပါ"
"ချစ်စရာပဲ ကိုယ်က ကင်မ်ဂယူဘင်းပါ"
"အာ မှတ်ထားလိုက်ပါမယ်နော် ခုတော့ ခွင့်ပြုပါအုန်း"
"စိတ်မရှိရင် Instagram acc လေးများ ရနိုင်မလား YuJinie"

ZB1 One short collection 🦋Nơi câu chuyện tồn tại. Hãy khám phá bây giờ