Unicode
A/N : ဒါလေးက ကိုယ်ကိုယ်တိုင် ရေးထားတာ မဟုတ်ပါဘူး။ Truth or Dare ဆော့ရင်း Dare ရွေးမိသွားတဲ့ ကိုယ့်ကလေးလေးကို OneShot ရေးပေးဖို့ ပူဆာထားတာလေးပါ။ ဒါလေးကို အမှတ်တရအဖြစ် တင်လိုက်ပါတယ်။
Written by Sane Lae Myain
"ဆရာ!
ကျွန်တော်နောက်ကျသွားလို့တောင်းပန်ပါတယ်ဗျ"ကောင်လေးက သူနောက်ကျလာတာနဲ့ ပက်သက်ပြီး တောင်းပန်သည်။
"ကျောင်းသား Jeon Yujun မနက်ဖြန်မိဘခေါ်ခဲ့ပါ။ ဆရာပြောစရာရှိလို့"
"ဒါပေမဲ့ ဆရာလည်း ကျွန်တော့်အရည်အချင်းကို သိရဲ့သားနဲ့။ ဒီတစ်တန်းလောက်လွတ်ရုံနဲ့ ဘာမှမဖြစ်ပါဘူး"
ကောင်လေးက မျက်လုံးဝိုင်းဝိုင်းတွေနဲ့ မျက်ရည်ခံထိုးသည်။
Kim Taehyung ကို ဒီလိုလာလုပ်လို့မရ။
အတန်းပျက်ရက်များရင်
ဘယ်သူ့ရဲ့သားပဲဖြစ်နေဖြစ်နေ
ပြောသင့်ရင်ပြောရမှာပေါ့။ဒီလိုပုံစံနဲ့သာ ဆက်သွားနေရင်
မိဘတွေ ပိုက်ဆံအကုန်ခံရတာနဲ့
တစ်ပြားမှမတန်။"အရည်အချင်းရှိတယ်ဆိုတိုင်း မလေ့ကျင့်ရင်
အဲဒီအရည်အချင်းက အလကားပဲ""ဆရာရယ်
တယောလောက်ကလွယ်လွယ်လေးပါ။
ကျွန်တော်တီးဖူးတဲ့တူရိယာထဲအလွယ်ဆုံးပဲ။""မင်း အဲလိုပြောကြေးဆို အရည်အချင်းရှိနေပြီးသားမလား? ဘာကိစ္စ တယောအတန်းလာတက်နေသေးလဲ? ဒီလပြိုင်ပွဲဝင်ပြိုင်ပေါ့။ ငါတောင် အပင်ပန်းခံစရာမလိုတော့ဘူး"
ကောင်လေးစိတ်ပျက်သွားရသည်။
သူ့လိုထိပ်တန်းအနုပညာရှင်ရဲ့သားကို
ကျောင်းက ဘယ်ဆရာကမှ
ပြန်မပြောရဲတာကို ဒီဆရာကတော့
ငွေလည်းမက်ပုံမပေါ်။
ပုံမှန်လူတွေနဲ့ပင်
သူ့အားတစ်ပြေးညီဆက်ဆံသည်။"ဆရာ့သဘောပါပဲ။ မနက်ဖြန်ခေါ်လာခဲ့ပါ့မယ်"
အကြည့်တစ်ချက်မပေးပဲ
စာရွက်တွေအပေါ်သာ
အာရုံရနေသော ဆရာရယ်ပါ။
အခန်းထဲက စိတ်ပျက်လက်ပျက်နဲ့ ထွက်လာရင်း
အိမ်ပြန်ရန် ကျောင်းဝန်းထဲက
car park ထဲ ဝေ့ဝဲကြည့်မိတော့
အစ်ကိုဖြစ်သူက သူ့အား
ကျောင်းဝန်းထဲတွင် စောင့်နေသည်။
YOU ARE READING
𝖠 𝖫𝗈𝗏𝖾 𝖲𝗍𝗈𝗋𝗒 [𝖮𝗇𝖾𝖲𝗁𝗈𝗍]
Fanfictionဒါလေးက ကိုယ်ရေးထားတာတော့ မဟုတ်ပါဘူး။ ကိုယ့်ကလေးလေးက ကိုယ့်ကို လက်ဆောင်ပေးထားတာလေးပါ။