Epi - 5

134 4 0
                                    

Unicode

" လင်္ကာ လင်္ကာ"

" အင်း........."

မျက်လုံးမဖွင့်သေးပဲ သံရှည်ဆွဲကာ ပြန်ထူးလိုက်ပုံလေးက ကလေးငယ်လေးနှယ် အပြစ်ကင်းစင်ကာအင်မတန်ချစ်စရာကောင်းပေသည်

" ထတော့ဗျ မန္တလေးဘူတာကြီးကိုဝင်နေပြီ"

" အင်းအင်း မင်းအထုတ်တွေသေချာစစ်ဦးနော် ကျန်ခဲ့ရင်ဘာမှပြန်ရမှာမဟုတ်ဘူး"

" ကျွန်တော်တို့နှစ်ယောက်ပေါင်းမှ အိတ်နှစ်လုံးနဲ့ ဂီတာတစ်လက်ပဲပါတာပါ ရထားရပ်တာနဲ့ အထုတ်ဆွဲပြီးဆင်းရုံပဲ"

ပြောပြောဆိုဆိုနှင့် အိပ်ရာမှနိုးခါစမို့ ပြူးတူးကြောင်တောင်လေးဖြစ်နေသည့် ကလေးကြီး၏ထိုးထိုးထောင်ထောင်ဆံစအချို့ကို လက်နဲ့သပ်ချပေးမိသည်

အိပ်ချင်နေသေးပုံရသည့်ချစ်သူကလည်း ငြင်းဆန်ခြင်းမပြုပဲ ငြိမ်ငြိမ်သက်သက်နှင့်ပင်ရှိနေလေသည်

Fredနှင့် သူ၏လင်္ကာတို့မှာ ခရီးလမ်းတလျှောက် အတော်လေးရင်းနှီးမှုရခဲ့လေသည်။ ထိုရင်းနှီးမှုသည် လူအများစု မရောက်ရှိချင်ကြသည် Friend zoneပင် သို့သော်လည်း အချစ်တောက်တဲ့လေးသည်တော့ ရင်းနှီးမှုရရန်သည် ပထမဖြစ်ကာ မည်သည့်zoneမှဖြစ်စေ အဆင့်တက်ကိုတက်စေရမည်ဟူသော ခိုင်မာသောသံဓိဌာန်ကိုချ၍ ထိုFriend zoneအတွင်းသို့ ပျော်ပျော်ကြီးခုန်ဆင်းခဲ့လေသည်

သူငယ်ချင်းအဝန်းအဝိုင်းအတွင်းမှပုဂ္ဂိုလ်နှစ်ဦး စီးနင်းလိုက်ပါခဲ့သည့် ရန်ကုန်-မန္တလေးရထားသည် မနက် ၆နာရီကျေယ်တွင်တော့ ခရီးပန်းတိုင်ဖြစ်သော မန္တလေးသို့ဆိုက်ရောက်ခဲ့လေပြီ

ရထားပေါ်ကဆင်းသည်နှင့် မိမိတို့ကိုလာကြိုမည့်သူနှင့် ဖုန်းအဆက်အသွယ်ပြုရင်း မျက်လုံးဝေ့ကာရှာနေသူက ခုနကအိပ်မှုန်စုန်မွှားဖြစ်နေခဲ့သည်မှာ သူ,မဟုတ်သလိုပင်

ထိုစဉ်ရှေ့တည့်တည့်မှ ကောင်လေးတစ်ဦးက မိမိတို့ဆီသို့ခပ်သွက်သွက်လျှောက်လာကာ

" ကိုဘုန်းမြတ်လင်္ကာထင်တယ်ဗျ"

" ဟုတ်ပါတယ်၊ ခုနကဖုန်းဆက်တာ........"

My Beloved Tourist Guide (Complete)Où les histoires vivent. Découvrez maintenant