Unicode..
ကားတွင်းထဲက airconလေသည် အခုမှ ပိုအေးနေသယောင်...
အပြင်ပိုင်းအေးနေသော်လည်း စိတ်လှုပ်ရှားမှုကြောင့် နှစ်ယောက်စလုံး၏ လက်တွေသည်
ချွေးစေးတို့နှင့် စိုစွတ်နေလေသည်။နှစ်ယောက်ထဲ ဆိုသည့် အသိက ရင်ထဲ တအုံ့နွေးနွေးနှင့်..
" ဘေဘီ.. မ ပြန်ရတော့မယ် မကြာမကြာတော့
လာခဲ့ပါမယ်။ ကျန်းမာရေးကို ဂရုစိုက်နော် ..
အစပ်တွေ မစားရဘူး။ မတည့်တာတွေရော မစားရဘူး.."မိုးရိပ် မျက်ရည်တို့ ရစ်ဝဲလာမိသည်။
" ဟုတ် .."
တော်ဝင် လက်များသည် မိုးရိပ်ပါးပြင်ပေါ်ကို ဖွဖွလေးထိတွေ့လာသည်။
" ရော်.. ကလေးလားကွာ ငိုနေရအောင် "
ချော့တဲ့ကလေး ပိုငိုတယ်ဆိုသည့် အတိုင်း မျက်ရည်တို့က တပေါက်ပေါက် ကျလာသည်။
တော်ဝင်၏ နှုတ်ခမ်းများသည် မိုးရိပ်မျက်နှာနှင့် နီးကပ်လာသည်အထိ မိုးရိပ်မှာ မသိသေး..။
မိုးရိပ် သတိထားမိသည်နှင့် နောက်ကျသွားလေပြီ။
နှုတ်ခမ်းနှစ်ခုသည် ဖွဖွလေး ထိတွေ့ထားလေပြီဖြစ်သည်။ပြူးကျယ်သွားသော မျက်ဝန်းတို့ကို သတိဝင်လာသည်နှင့် ပြန်မှိတ်လိုက်မိတော့ မျက်ရည်တစ်စက်သည် တော်ဝင်ပါးပြင်ပေါ်သို့ စိုစွတ်သွားလေသည်။
တော်ဝင် သတိလက်လွတ်နမ်းမိပြီးမှ မျက်ရည်တို့၏ အထိအတွေ့ကြောင့် အလန့်တကြား ခွာလိုက်မိသည်။
သတိထားမိလိုက်ပါသည်။ ချစ်သောလေး၏ နှုတ်ခမ်းတွေသည် သိပ်ချိုပါသည် ဆိုသည့်အကြောင်း..ခုန်နေသော ရင်ဘက်တွေကို အမြန်ထိန်းချုပ်လိုက်ရသည်။
၂၇နှစ်ရှိပြီဖြစ်သော အမျိုးသမီးတစ်ယောက်၏ ရင်ခုန်သံသည် အမျိုးသမီးတစ်ယောက်ကြောင့် ဖြစ်တည်လာခဲ့သတဲ့..။" မ ကိုယ် .. ကိုယ် သွားတော့မယ်။ ဟိုဟာ.. ကားကို ဂရုစိုက်မောင်းနော် ပြန်ရောက်ရင် ဖုန်းဆက်အုံး.."
ထစ်ထစ်ငေါ့ငေါ့နှင့် ဖြစ်နေသော မိုးရိပ်သည်လည်း ဘယ်လောက် ရင်ခုန်နေကြောင်းသိသာလှသည်။
YOU ARE READING
ပြင်ဆင်ခွင့်လေး ပေးသနားပါ...( complete)
RomanceEdit - ဖြစ်ရပ်မှန်ဟု ဆိုသော်လည်း နောက်ပိုင်းတွေ ကွဲလွဲနိုင်သည်။ ဖြစ်ရပ်မှန်က ဘယ်လိုမှန်းမသိပင်မယ့် ကိုယ့်ဇာတ်ကောင်တွေကို ပေါင်းစေချင်တယ်။