အပိုင်း (68)

1.3K 174 0
                                    

(68) အကြောက်တရား ၁

'' ငါ က အဲ့နေရာကို ဦးတည်သွား ပြီးတော့ စစ်ဆေး ကြည့်ချင် လို့ ''

နျင်းချု ရဲ့ အသံက လေနဲ့ အတူ ပါလာ လေတယ်။

'' အဲ့နဂါး အသေးလေးတွေ......''

ထိုစကား ရဲ့နောက်မှာတော့ နောက်ဆက်တွဲ က ပြက်တောက် သွားပေမယ့် အဲ့တာက နဂါးပု ရဲ့ အရှိန် နဲ့တော့ ဘာမှ မသက်ဆိုင် နေပါပေ။

နျင်းချု က ခေါင်းကို ဘေးတစ်ဖက် ဆီ လှည့်ထား ပြီးတော့ သူက အာရုံမစိုက်ထား တော့ပါပေ။ ဒါပေမယ့် ဝူးယူး က သူ့နောက် ကနေ ပြီးတော့ ရပ်တာ တာ်ငြိမ် နေအောင် နျင်းချု ကို ကိုင်ထား ပေးခဲ့လေတယ်။

'' ရှင်းလင်း မယ်တဲ့လား? ''

ဝူးယူး ရဲ့ အသံထဲ မှာ ဒေါသ တစ်ချို့ ပါဝင် ကိန်းအောင်း နေခဲ့လေတယ်။

'' သူတို့ကို အဲ့လို လုပ်ဖို့ ဘယ်သူ က ပြောတာ တဲ့လဲ?''

''နူဘ မြစ်က လူတွေ နေထိုင်ရာ အရပ်ဒေသ နဲ့ အရမ်း နီးကပ်နေတယ်လေ။ အဲ့နေရာမှာ နဂါးအသိုက် တည်ဆောက် ထားလို့ ရှိရင် လူသားတွေ အတွက် နေရာကို အကျိုးသက်ရောက် မှုတွေ ရှိလာမှာလေ ''

နျင်းချု က ရှင်းပြ လိုက်တယ်။

'' လုံခြုံတဲ့ တစ်နေရာကို ဘာပြဿနာ မှ မရှိပဲ  နဂါးအသိုက် ရွေ့ပြောင်း နိုင်နေ သမျှ ကတော့ ဥတွေနဲ့ နဂါးလေး တွေ ဘာမှ ဖြစ်သွားမှာ မဟုတ်ပါဘူး ။ ''

ဝူးယူး က နဂါးတွေကို အကြမ်းဖက်မယ့် ကိစ္စကို သဘောမတူပဲ နဂါးအသိုက် ပြောင်းတဲ့ ကိစ္စရပ် အပေါ်မှာ ပြင်းထန် တဲ့ သဘောထား ရှိတာ ကိုတွေ့လိုက် ရတာကြောင့် နျင်းချုက အနည်းငယ် အံ့သြ သင့်သွား ပြီးတော့  တစ်ချိန်တည်း မှာပဲ စိတ်သက်သာရာ ရသွားလေတယ်။

ဝူးယူး က တစ်ခဏ လောက် တိတ်ဆိတ် နေပြီးတော့မှ နူးညံ့တဲ့ အသံလေး နဲ့ ပြောလာခဲ့တယ်။

'' ငါ တို့က အဲ့တာ ကို ဘယ်လို လုပ်ပြီး ပြောင်းရွေ့ ပေးနိုင်မှာ လဲ? ''

'' အရင်ဆုံး အဲ့နေရာကို သွားပြီးတော့ ကြည့်ကြ တာပေါ့ ''

နျင်းချု က ပြန်ဖြေ လိုက်တယ်။

နဂါးလေးတွေကိုပျိုးထောင်မယ်![Tran]Opowieści tętniące życiem. Odkryj je teraz