အပိုင်း (69)

991 160 0
                                    

(69) အကြောက်တရား ၂

ကြေးစားအုပ်စု တွေ တွေးမိ​တာ ကတော့ အရမ်း နောက်မကျသေးခင် နဂါးအသိုက် ကို ကိုင်တွယ် ရမယ်လို့ ခံစား ရလေတယ်။ အဲ့တာကို အချိန်ကြာတဲ့ အထိ နှေးဖင့် နေလို့ ဘာအကျိုး အမြတ်မှ ရှိမလာ နိုင်ဘူး ပေါ့လေ။

'' သာမန် သေဆုံး ပြီးသား နဂါး တစ်ကောင် ကို အနည်းဆုံး ခရမ်းရွှေပြား ၂၀၀ ရတယ်ကွ။ မင်းတို့ ကျောင်းသားတွေ ကျောင်းမှာတောင် ဒီလောက်များ တဲ့ ငွေတွေ မြင်ဘူး ကြလို့လား? ''

ကြေးစားသမား တစ်ယောက် က အထင်သေးတဲ့ မျက်နှာ တစ်ခု နဲ့ ပြောလိုက်တယ်။

'' မင်းတို့အတွက် ရိုးရိုးရွှေပြား ၃၀၀ နဲ့တင် စာသင်နှစ် တစ်နှစ်စာ ကို ချောင်လည် အောင်နေ နိုင်တယ် မဟုတ်လား?''

အစောလေး တင်က နျင်းချု ကို ရှင်းပြ နေတဲ့ ကျောင်းသား တစ်ယောက် ​က ဒေါသ ထွက်စွာနဲ့ ပြောလာ ခဲ့တယ်။

'' မင်းတို့က ငွေ တစ်ခု ထဲ မြင်တာလား။ ပြီးတော့ အဲ့အသိုက်ထဲမှာ နဂါးအငယ်လေး တွေ ရှိနေ သေးတယ်။ သူတို့အတွက် ကျတော့ ဘယ်လို လုပ်ကြ မလဲ ''

အမှန်တော့ ဒီနေရာကို နဂါးတွေက လာပြီးတော့ နေပေမယ့် လူသား တွေကို မတိုက်ခိုက်တာက သူတို့ဟာ ကလေးမွေးဖွား ဖို့ လာတာ ကို ပြသ နေတာ ပဲ ဖြစ်လေတယ်။ ဒါပေမယ့် ပဟေဠိ တောအုပ် က ​ဖျက်ဆီး ခံလိုက် ရတာကြောင့် အထဲက မှော်သားရဲ တွေကလည်း သားကောင် တွေ ဖြစ်လာ ခဲ့ ရတယ်။

ကျောင်းသား တွေ ကတော့ လူ့လောက ထဲကို ခြေချ နေပြီး ဖြစ်တဲ့ ကြေးစားအုပ်စု နဲ့ တွေးတာ ချင်း က ကွာလေတယ်။

မှော်သားရဲ တိုင်းက အဆင့်အတန်း တွေ ရှိနေတာ ကြောင့် သူတို့ကို စာချုပ်သားရဲ တွေ အဖြစ် လွှမ်းမိုး နိုင်တာ က အသေကောင် တွေကို ကောက်ယူ တာထက် ပိုပြီးတော့ ကောင်းမွန်တယ် လို့ပေါ့လေ။

ဒါ့အပြင် အရွယ်ရောက် နဂါးအမေ သေသွားရင် ဥတွေကို လူသား တွေက ဖောက် ပေးလို့ မရပါပေ။ ဒါကြောင့် အခြေခံအားဖြင့် နဂါးပေါက်စ ကလေး တွေက အသက်ရှင်သန် နိုင် မှာ မဟုတ်ပါပေ။

အခုလို အချိန်မှာ တောင်မှ သားရဲတွေ အတွက် တွေးပေးနေတဲ့ ကျောင်းသား ရဲ့ ရိုးစင်းမှု ကို ကြေးစား အုပ်စု က လူတွေက ရယ်မော ကြလေတယ်။ ပြီးတော့ ရန်စ ဟန်နဲ့ ပြောလိုက်တယ်။

နဂါးလေးတွေကိုပျိုးထောင်မယ်![Tran]Место, где живут истории. Откройте их для себя