ဤဇာတ်လမ်းအတွင်းပါဝင်သည့်
အကြောင်းအရာ၊ အဖွဲ့အစည်း၊
ခေတ်အချိန်အားလုံး
စာရေးသူ၏ စိတ်ကူးသီးသန့်သာဖြစ်သည်။
ပြင်ပလောကနှင့် လားလားမျှမသက်ဆိုင်ပါ။.
.
.၁၉၈၀ ပြည့်နှစ်။
တောင်ဂျိုဆွန်းအား အမေရိကန်နယ်ချဲ့စစ်တပ်များ အင်တိုက်အားတိုက်လက်ဝါးကြီးအုပ်ထားစဥ်။
မျက်နှာဖြူများက ဂျိုဆွန်းသားများအား ဖိနှိပ်ညှင်းဆဲတတ်ကြပြီး ဂျိုဆွန်း လူလတ်တန်းစားမိန်းမပျိုများအား အခမဲ့ပြည့်တန်ဆာကဲ့သို့ ဆက်ဆံခဲ့ကြသည်။
ထိုခေတ်ကာလအတွက် ဥပဒေဆိုသည်မှာ မျက်နှာဖြူများအတွက်သာ အရေးပါအရာရောက်ပြီး သာမာန် လူလတ်တန်းစား
ဂျိုဆွန်းမျိုးနွယ်တွေကတော့ မျက်နှာဖြူတို့ရဲ့ အိမ်မွေးခွေးလောက်ပင် အရာမဝင်ပေ။ယခင် သာမာန်ပြည်သူအများစုမှာ မျက်နှာဖြူလက်အောက် ကျွန်ဖြစ်ခံရပြီး ပညာတတ်အသိုင်းအဝိုင်းဟာတော့ မျက်နှာဖြူတို့ တိုးတက်ရာ၊တိုးတက်ကြောင်း လုပ်ရန် အကျပ်ကိုင်ခံသည်။
ငြင်းပယ်လျှင် ခေါင်း၌ ကျည်ဆန်ပေါက်အလှဆင်ပေးမည်ဖြစ်ပြီး အသုံးချခံဘဝတည်းက မလွတ်မြောက်နိုင်ကြပေ။သူတို့အတွက် ဂျိုဆွန်းသားတွေကို သတ်မှတ်ထားပုံကတော့ နှစ်မျိုးပါပဲ။
ကိုယ်ပိုင်းဆိုင်ရာနှိပ်စက်ဖို့ ကျွန်နဲ့
စိတ်ပိုင်းဆိုင်ရာနှိပ်စက်ဖို့ကျွန်။_
" လိုက် လိုက်! ဘူတာရုံကို ဗုံးကျဲသွားတဲ့ သူပုန်ကောင်ကို မလွတ်စေနဲ့ "
အနောက်က ထွက်လာတဲ့ ကြိမ်းမောင်းသံတွေရဲ့ အတိုးအကျယ်ပေါ်မူတည်ပြီး မျက်နှာဖြူကောင်တွေနဲ့ အဝေးကြီးလိုသေးလား၊ နီးနီးလေးလိုသေးလား ကို ဝေခွဲနေရသည်။ နောက်ပြန်လှည့်ကြည့်ဖို့ အခွင့်အရေးဆိုတာမျိုး သူ့မှာမှမရှိနေပဲ။
ဂျုံအူဟာ တင်ပါးနဲ့ ဖနှောက်တသားတည်းကျအောင် ပြေးလွှားနေရပြီး အသံတွေက တဖြည်းဖြည်းနီးလာတာနဲ့ ကြံရာမရသည့်အဆုံး လောင်းကစားရုံထဲသို့ ပြေးဝင်သွားလိုက်သည်။
YOU ARE READING
POISON ; WOOJAY
FanfictionI pick my poison and it's you. • Yoon Jongwoo X Jay Chang ( COMMISSION ) • Started Date - 230520/