My Little Prince Mermaid

959 55 1
                                    

Intro

"သခင်လေး အတည်သွားမှာလား"

"အတည်သွားမှာ"

"အခုသွားလို့ရပါပြီ အရှင့်ရဲ့ညီတော်နဲ့ဘုရင်တို့ကလည်းမရှိသေးပါဘူး"

"ဟုတ်ပြီ သွားကြတာပေါ့"

"Nae"

လှပသောပန်းနုရောင်ငါးမြီး၊ဂုတ်ထောက်ကာ အရှေ့သို့အနည်းငယ်ကျနေသော ဆံနွယ်အနက်၊ခန္ဓာကိုယ်အပေါ်ပိုင်းတွင် အဝတ်အစားမပါသော ရေသူထီးလေးတစ်ကောင်၊
လှုပ်ခတ်လိုက်သည့်အခါ စိတ်လှုပ်ရှားမှုတို့ကြောင့် အရောင်လက်သွားသော ပန်းနုရောင်အမြီး ထိုရဲ့ရေသူထီးလေးနာမည်က ချွဲယောန်ဂျွန်းပင်။

ရေအောက်လောကရဲ့ မင်းသားလေးတစ်ပါးလည်းဖြစ်သည်။ထိုသူ့ဆီမှာ ချွဲဘောမ်ဂယူ ဆိုသည့်ညီတစ်ယောက်ရှိပြီး နှစ်ယောက်လုံးကမတည့်အတူနေတွေဖြစ်သည်။အသက်၁၅နှစ်အရွယ်ကတည်းက ကုန်းပေါ်ကိုတက်ချင်တာဖြစ်ပြီး အထူးအဆန်းတွေကိုလေ့လာချင်သည်။

"သခင် စိတ်လှုပ်ရှားနေတယ်ထင်တယ်"

"အင်း ငါတစ်ခါမှမသွားဖူးတဲ့နေရာကိုသွားရမှာလေ"

"ဖြစ်နိုင်ရင် ကျွန်တော်ကတော့သခင့်ကိုမသွားစေချင်ဘူး"

"ဟင့်အင်း ငါသွားမှာ"

"အစစ အရာရာဂရုစိုက်ပါသခင် အကယ်၍ ကျွန်တော့်ကိုတစ်ခုခုပြောချင်ရင် ဒီကမ်းစပ်နားလာပြီး ကျွန်တော့်နာမည်ကိုသုံးခေါက်တိတိအော်ခေါ်လိုက်ပါ"

"ဟင် စိတ်ထဲကနေပြောလည်းရတယ်မလား"

"စိတ်ထဲကနေဆိုရင် အရမ်းဝေးရင်ပြောလို့မရပါဘူးသခင်"

"အော် ဟုတ်ပါပြီ"

"ဂရုစိုက်ပါသခင်"

"မင်းလည်းဂရုစိုက်ပါ"

ခဏလောက်ကူးခတ်ပြီးနောက် ကုန်းပေါ်ကိုရောက်သွားကြသည်။ကုန်းပေါ်ကိုရောက်ရောက်ခြင်း လူတွေမရှိသောကြောင့် တော်သေးသည်ဟုပြောရမည်။

"ကျွန်တော် သွားတော့မယ် သခင်"

"ကျေးဇူးတင်ပါတယ်"

"မလိုအပ်ပါဘူးသခင်"

ထို့နောက်ရေအောက်ကိုဝင်ရောက်ကာ ပျောက်ကွယ်သွားသော သူကိုကြည့်ရင်း
ယောန်ဂျွန်း အနည်းငယ်ဝမ်းနည်းမိသည်။တစ်ခါမှမရောက်ဖူးသေးသော လောကအသစ်ကြောင့်လည်းပါမည်ထင်။

ရေထဲကိုထည့်ထားဆဲ ဖြစ်သည့် အမြီးကိုခြေထောက်အဖြစ်ပြောင်းသွားစေရန် ရေထဲမှထုတ်လိုက်သည်။ခြေထောက်တစ်ချောင်းအသွင်ပြောင်းသွားသော အမြီးကိုကြည့်ရင်းနဲ့ မတ်တပ်ထရပ်လိုက်သည်။

ယခုမှလမ်းစလျှောက်ခြင်းဖြစ်သောကြောင့် ယိုင်တိယိုင်တိုင်ဖြင့်။ရုတ်တရက် ကောင်းကောင်းမရပ်နိုင်သေးသောခြေထောက်တွေကြောင့် ယိမ်းယိုင်သွားသောခန္ဓာကိုယ်နှင့်အတူ လူကလည်းလန့်ကာမျက်လုံးမှိတ်ပြီးလျှက်။
သို့သော်လည်း လဲကျသွားတဲ့သူ့ကို ဖမ်းထိန်းပေးထားတဲ့သူတစ်ယောက်ရှိခဲ့လေသည်။

"ဟေး လန့်သွားတာလား မျက်လုံးဖွင့်ပါဦး"

ကြားလိုက်ရတဲ့အသံကြည်ကြည်ကြောင့် မှိတ်ထားတဲ့မျက်လုံးတို့ကိုအသာဖွင့်ကြည့်လိုက်တော့ နေရောင်အောက်တွင် ပါးချိုင့်နက်တွေပေါ်သည်အထိပြုံးပြနေသောလူတစ်ယောက်..။

ထိုအရာက သူတို့နှစ်ယောက်ရဲ့ ပထမဦးဆုံးတွေ့ဆုံမှုဖြစ်ခဲ့သည်...။

=====My Little Prince Mermaid=====

This is a short story! I think there are about 5 episodes.

Thanks You My Readers!!
Vote & Feedback Pls!!

My Little Prince Mermaid(Complete) Where stories live. Discover now