မင်းသည်သာ...🍁🍁🍁....
...အပိုင်း (၃၂)ဇာတ်သိမ်းပိုင်း...သာယာတဲ့နေ့လေးတစ်ခု..ကောင်းကင်သည်လည်းကြည်စင်နေသလို...လေနုအေးလေးတွေသည်လည်းညင်သာစွာ..တိုက်ခတ်နေကျပြန်သည်..ထိုလေနုအေးတွေကြောင့်..အဝါအဆင်းနဲ့အတူ..နေမင်းဆီကိုမျက်နှာမူနေတဲ့နေကြာပန်းလေးတွေသည်လည်း..မြူးတူးစွာပင် ဘယ်ညာယိမ်းနွဲ့နေကျသည်....။မျက်စိတစ်ဆုံးကြည့်လို့မကုန်တဲ့..အဝါရောင်နေကြားပန်းခင်းကြီးရဲ့တစ်နေရာတွင်..အုတ်ဂူဖြူဖြူလေးနှစ်လုံးထပ်တိုးလာခဲ့သည်...အရင်က..အထီးကျန်စွာရှိနေတဲ့..အုတ်ဂူဖြူလေးရဲ့ဘေးတစ်ဖက်တစ်ချက်ဆီမှာ..အုတ်ဂူနှစ်လုံး..ထပ်တိုးလာသည်..ပြီးနောက်..ထိုဂူလေးတွေပေါ်မှာ..နေကြာပန်းစည်းများက နေရာယူလျက်ရှိသလို..ထိုအရာတွေကိုဆွေးမြေ့စွာကြည့်နေတဲ့မျက်ဝန်းလေးတစ်စုံရှိနေလေသည်..ထိုမျက်ဝန်းပိုင်ရှင်ကိုလည်း အရိပ်တကြည့်ကြည့်နေတဲ့ကောင်လေးတစ်ယောက်လည်းရှိပြန်သည်......။
"ဂျီလေး..ကိုကို လေးလေးနဲ့ဆိုဟွန်းကို..ဂျီလေးဆီကိုအပ်ပါတယ်နော်..၊လေးလေးကျွန်တော်လေ..လေးလေးကိုသေချာမတောင်းပန်ရသေးလို့..မင့်ကိုတောင်းပန်ခွင့်ပြုပါနော်...."
ဂျီမင်းမျက်ဝန်းမှကျဆင်းနေတဲ့မျက်ရည်တွေကို..မသုတ်တော့ပဲ..လေးလေးအုတ်ဂူလေးရှေ့မှာ..ဒူးထောက်ထိုင်ချလိုက်မိသည်....။
"လေးလေးကလေ..မင့်အတွက်တော့..အဖေလို့ပါပဲ..လောင်းကစားတွေလုပ်နေပေမဲ့.မင့်ကိုအမြဲဂရုစိုက်တက်တဲ့လေးလေးကို..မင်အရမ်းလည်းကျေးဇူးတင်ပါတယ်...လေးလေး..ဘယ်လိုပဲရက်စက်ခဲ့ပါစေ..မင့်အတွက်ကြောင့်.လေးလေးခုလိုဖြစ်
သွားရတဲ့အတွက် မင်လေ အဟင့်....မင်..အရမ်းတောင်းပန်ပါတယ်..အမြဲရောဂါနဲ့နပန်းလုံးခဲ့ရတဲ့အတွက်..လေးလေးလိုအပ်တာတွေ..ဘာမှမဖြေ့ဆည်းနိုင်ခဲ့လို့လည်း..တောင်းပန်ပါတယ်.. မင်အနူးညွတ်တောင်းပန်ပါတယ်..ဟင့်...""တော်ပြီလေကွာ..တော်ပြီ
လေနော်....."ရင်ဘတ်ကိုဖိကာငိုနေတဲ့..သူ့အပိုင်လေးကြောင့်.ဂျောင်ဂု စိတ်ပူလာသည်..ဒူးထောက်ထိုင်ကာငိုနေတဲ့..သူ့အပိုင်လေးကို..ပခုံးကနေဆွဲထူလိုက်ကာ..သူ့ရင်ခွင်ထဲမှာ..တင်းကြပ်နေအောင်ဖက်ထားလိုက်သည်....။ ဂျီမင်း..မောင့်ရင်ဘတ်အင်္ကျီစကို..ဆုပ်ကိုင်ကာ..ငိုနေမိသည်...။

YOU ARE READING
မင်းသည်သာ.🍁🍁🍁
Fanfiction"မင်းသည်သာ" ပထမဆုနဲ့... ဒုတိယလူပါ... ပထမလူနဲ့ ပေါင်းဖက်ခွင့်မရပေမဲ့.. မင်းနဲ့တော့ ပေါင်းဖက်ခွင့်ရချင်တယ်... . . jeon jung kook... မောင်ပေးတဲ့.... ဒဏ်ရာတွေကို ကိုယ်ကျေကျေနပ်နပ်နဲ့... လက်ခံပါ့မယ် မောင်ရယ်... တစ်ခုပဲ ကိုယ့်ကိုတော့... သူ့နေရာမှာ အစားမထိ...