226 - 230

386 41 0
                                    

ထာဝရနဂါးတန်ခိုးရှင် ( လုမင် )
မူရင်း စာရေးဆရာ - Mu Tong Ting Zhu
ဘာသာပြန်သူ      - ထာဝရ
အပိုင်း ( 226 ) နဂါးတိုက်ခိုက်ရေးနှင့် အစစ်အမှန်ချီကျင့်စဉ်… အဆင့်လေး

ရွှေလျို့ဟန်က သန်မာသော်လည်း လုမင်အရှေ့တွင် ဘာမျှမတတ်နိုင်ပါချေ။

သူသိပ်သည်းထားသော် ‌ရေစွမ်းအင်ဓားတွေက လုမင်၏လှံအလင်းကြောင့် ကြွေမွသွားခဲ့ကြပါသည်။

"အား"
ရွှေလျို့ဟန်၏ခန္ဓာကိုယ်မှာ ဒဏ်ရာအချို့ဖြစ်ပေါ်လာသောကြောင့် သွေးတွေစီးကျလာ၏။

ရွှေလျို့ဟန်က အော်ဟစ်ပြီး ပုရွက်စားသားရဲတွေ၏ တိုက်ခိုက်မှုကို အသည်းအသန် ရှောင်ရှားလိုက်ပါသည်။

သို့သော် လုမင်၏ လှံရှည်သည် ချက်ခြင်းရောက်လာပြန်သည်။

"ဝုန်း"
ရွှေလျို့ဟန်က ရေမျက်နှာပြင်ပေါ်မှာ ဘောလုံးတစ်လုံးလို လွင့်စင်သွားသောကြောင့် ရေပြင်ပေါ်မှာ သွေးချင်းချင်းနီနေပေတော့သည်။

သူက နာကျင်စွာ အော်ဟစ်လိုက်ပြီး သူ့ခန္ဓာကိုယ်အသားစတွေက ပေါက်ကွဲမှုကြောင့် အသားမွှာလိုဖြစ်နေ၍ လက်တစ်ဖက်လည်း မရှိတော့ပါချေ။

လုမင်က သတ်ဖြတ်ချင်စိတ်တွေဖြင့် အနောက်ကနေ ပြေးလိုက်သွားခဲ့ပါသည်။

"မဟုတ်ဘူး၊ ထျန်းယွမ်… ငါ့ကိုမသတ်ပါနဲ့… ငါက ရှီဖန်းဓားဂိုဏ်းရဲ့ ပါရမီရှင်နော်… မင်းငါ့ကိုသတ်လိုက်ရင် မင်းအဆုံးသတ်ကောင်းမယ်မထင်နဲ့"
ရွှေလျို့ဟန်က ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။

သို့သော် လုမင်၏မျက်လုံးတွေက အေးစက်နေပြီး အနည်းငယ်မျှ လှုပ်ရှားဟန်မရှိပေ။

ရွှေလျို့ဟန်က ထပ်မံအော်ဟစ်လိုက်သည်။
"ထျန်းယွမ်၊ ငါ့ကိုလွှတ်… လွှတ်ပေးပါ… မင်း ကျောက်စိမ်းဝိညာဉ်သစ်သီးကို လိုချင်ရင်လည်း ယူသွားကွာ… ငါပေးနိုင်ပါတယ်"

"မင်းကိုသတ်လိုက်ရင်လည်း ဝိညာဉ်သစ်သီးကို ငါရမှာပဲမဟုတ်လား"
လုမင်က ထူးမခြားနားဟန်ဖြင့် ပြောဆို၍ လျှပ်စီးလက်သလို လှံချက်ကို ထုတ်ဖော်လိုက်သည်။

ထာ၀ရနဂါး တန်ခိုးရှင် ( လုမင် ) (Ch 1 - 985 ) Book 1Where stories live. Discover now