51.52.53.zgi

220 3 0
                                    

Moe yanant thin 080:
လေပြေရှိုက်နမ်း‌တဲ့မမရဲ့အသက်ရှူသံလေး

အပိုင်း(51)

"ဖြန်းးးးးးးးး"

"နင်ပဲ ရှောင်ရိကို ထိခိုက်အောင်လုပ်တာနင်ပဲ ငါနင့်ကိုသတ်မယ် "

နဲကိုရိတာက သူမကို ခြေထောက်နဲ့ကန်ဖို့လုပ်လိုက်ပေမဲ့ သူ့အကိုက နောက်ကရုတ်ချည်းရောက်လာကာ ဂျိုင်းကဆွဲမလိုက်ပြီး ဝေးဝေးခေါ်သွားတော့တယ်

ဒါပေမဲ့လဲ စိတ်ရူးပေါက်နေတဲ့ မိန်းကလေးတစ်ယောက်ကိုယောကျာ်းလေးတစ်ယောက်ဘယ်လိုထိန်းနိုင်မှာလဲ

နဲကိုရိတာက ရုန်းရင်းကန်ရင်းလွတ်မြောက်သွားကာ သူမနားထပ်ပြေးလာပြန်တယ် ဒါပေမဲ့ ဒီတခါတော့ မုယွမ်ယွမ်က အရင်ဦးအောင်ပါးရိုက်လိုက်ပြီး အဲ့အသံကလဲ လုံးဝကိုကျယ်လောင်နေခဲ့တယ်

နဲကိုရိတာလဲ အရှိန်ပျက်သွားပြီး ဆွံ့အသွားခဲ့လေရဲ့

မုယွမ်ယွမ်ကအေးစက်စွာနဲ့

"ငါဒီမှာရှိနေတိုင်း နင့်ရဲ့စော်ကားမူ့တွေကိုသီးခံနေမယ်လို့ဆိုလိုတာမဟုတ်ဘူး ငါ့အဖေတောင် လက်လွတ်စပယ်ငါ့ကိုမရိုက်ဘူး နင်ကဘာမို့လို့လဲ ငါ့ရှေ့ကထွက်သွားစမ်း မဟုတ်လို့ နောက်တခေါက်နင်ထပ်သောင်းကျန်းလာရင်ငါ့ဘက်ကလဲနင့်ကိုထပ်သီးခံနေမယ်မထင်နဲ့"

မုယွမ်ယွမ် ပြောပြီးတာနဲ့ လူနာစောင့်ထိုင်ခုံပေါ်မှာပင်ပန်းစွာသွားထိုင်လိုက်ပေမဲ့ သတိထားကာစောင့်ကြည့်နေဆဲပဲ

မထင်မှတ်စွာနဲ့ နဲကိုရိတာစိတ်ငြိမ်သွားကာ သူမဘေးလာထိုင်ရင်း

"သူ ဂျပန်မှာနေတုန်းက လူတစ်ယောက်မဟုတ်ခဲ့ဘူး ခံစားချက်တွေမဖော်ပြတတ်တဲ့စက်ရုပ်တခုလိုပဲ အပြုံးတစက်တောင်မရှိခဲ့ဘူး သူ့ရဲ့နေ့တိုင်းလုပ်ရတဲ့လုပ်ငန်းဆောင်တာက ပထမတော့ အလောင်းကောက်ရတာ အလောင်းရှိခဲ့တယ်ဆိုတဲ့အရိပ်အယောင်မကျန်ခဲ့ရလေအောင် အဲ့နေရာကိုရှင်းလင်းရတာပဲ ရဲတွေ ဒါမှမဟုတ် တခြားအဖွဲ့အစည်းကဘယ်သူမဆို မရိပါမိအောင်လုံးဝအသွင်တူအောင်လုပ်ရတာ နောက်တော့ ခေါင်းဆောင်ရဲ့သတိပြုခြင်းကိုခံရပြီး သူကိုယ်တိုင်လူသတ်တဲ့နေရာမှာပါဝင်လာရတယ် နှိပ်စက်ရာမှာပါဝင်လာရတယ် နောက်ဆုံးဆေးကုန်ကူးတဲ့နေရာတွေအထိ ခက်ခက်ခဲခဲနဲ့တက်လာပြီး အခုလိုဂိုဏ်းခွဲတခုရဲ့ခေါင်းဆောင်ဖြစ်လာတဲ့အထိ ရှောင်ရိရဲ့နေ့ရက်တွေက အရမ်းကိုခက်ခဲခဲ့တာ သေမလိုအကြိမ်ကြိမ်ဖြစ်ပြီး သူသတိရတိုင်းထုတ်ကြည့်တတ်တဲ့ လူနှစ်ယောက်က မင်းနဲ့သူ့အမေပဲ အခုတော့ မင်းကသူ့ကိုပြုံးစေ‌ပျော်စေရယ်မောစေတယ် နာကျင်စေမုန်းစေဒေါသထွက်စေတယ် ဒါက သူ့နှလုံးသားထဲမှာ နင်ရှိနေတယ်လို့ဆိုလိုတာပဲလေ ငါကတော့ သူ့ကိုကာကွယ်ပေးတဲ့အမည်ခံသက်သက်ပဲ ငါတို့ဘာမှမဖြစ်ခဲ့သလို စာချုပ်နဲ့လက်မှတ်ထိုးထားတာတောင်မရှိဘူး"

 (Complete)လေပြေနမ်းရိှုက်သည့်မမရဲ့အသက်ရှူသံလေး (nl)Where stories live. Discover now