Americano 1

1.5K 95 31
                                    

အတိအကျအားဖြင့် မနက် နှစ်နာရီ ငါးဆယ့်ရှစ်မိနစ်...။

အီသန် အနက်ရောင်ထူပိန်းတဲ့မျက်မှန်ကိုချွတ်ကာ စားပွဲပေါ်တင်လိုက်ပြီး သူ့ရဲ့မျက်ရိုးကို နှိပ်နယ်လိုက်တယ်။ သူဒီအလုပ်စားပွဲမှာ ထိုင်ငိုင်နေမိတာ ဘယ်နှစ်နာရီလောက်ရှိပါလိမ့်။ လေးနာရီလောက်များလား။ သူ့ကျောတွေ သိပ်နာနေတာ မထူးဆန်းပါ။

မျက်နှာကို လက်ဖဝါးနဲ့ပွတ်သပ်ရင်း ကြည်လင်မနေပဲ ထွေးနောက်နေပြီဖြစ်တဲ့စိတ်တွေကို ဆွဲဆန့်ရတယ်။ သူ့ခန္ဓာကိုယ်က ကဖင်းဓာတ်ကို အပြင်းအထန်ကို တောင့်တနေပြီ။ သူ့တစ်ကိုယ်လုံးက မွေးညင်းအဆုံး သူ့ရဲ့သွေးဖြူ သွေးနီဥတွေအထိ ကော်ဖီကို ဆာလောင်လွန်းလို့ အသက်ရှူသံပါ လေးလံကုန်ကြပြီ။ စားပွဲပေါ်က သောက်ပြီးစခွက်ကတော့ သူ့အား လှောင်ပြောင်နေခဲ့ပုံပါပဲ။ ဒီတစ်ညလုံး သုံးခွက်တိတိ သူသောက်ပြီးခဲ့သားမို့ ထပ်သောက်ဖို့မဖြစ်တော့ပါ။ သူ့ခန္ဓာကိုယ်ကို ဒီလောက်အထိ အလိုမလိုက်သင့်တော့ပါ။ သူ့ဆန္ဒအရတော့မဟုတ်ဘူး ဆရာဝန်က တားမြစ်ထားလို့။

ထပ်သောက်နေရင် သူ့ရဲ့ ညအိပ်မပျော်တဲ့ရောဂါက ပိုပြီးဆိုးလာဖို့ပဲ ရှိမယ်တဲ့။ မသောက်လဲ မထူးတဲ့အကြောင်း နောက်တစ်ခါတွေ့ဖြစ်ရင် တိုင်ပင်ဦးမှပဲ။

စာလုံးရေ ဆယ့်နှစ်လုံးသာရေးထားတဲ့ laptop screenကို ကြောင်စီသောမျက်လုံးများနဲ့ အီသန်စိုက်ကြည့်မိတယ်။ အဲ့ဒီဆယ့်နှစ်လုံးကလဲ ပေါက်တက်ကရတွေ။ စာမူတစ်ခုရေးဖို့ရှိပေမဲ့ ဘယ်ကနေစရမယ်တောင် မသိသေးပါ။ သူ့စိတ်တွေက လုံးဝခြောက်ခမ်းနေတယ်။ ညှစ်ထုတ်လေ ဘာကမှ ထွက်မလာတော့လေ။ သက်ပြင်းတွေသာ ပိုကျယ်လာခဲ့ရင်း ခန္ဓာကိုယ်ကို အကြောဆန့်ပစ်လိုက်တယ်။ ဘုရားရေ... သူတော့ တစ်ခုခု လုပ်တော့မှဖြစ်မှာပဲ။ သူ့ရဲ့ ကလောင်က ဖုန်တက်ပြီး ဆွေးမြေ့မသွားခင်။

နေရာကထလိုက်ပြီး သူ့အခန်းထဲ ဝေ့ဝဲကြည့်မိတယ်။

ဆိုးရိုးရှိတယ်မလား။ အကြံဉာဏ်အသစ်တွေမထွက်လာတော့တဲ့အခါ အဟောင်းတွေဆီကပြန်ပြီး သင်ယူပါတဲ့။ ပြီးမှ ပိုပြီးလက်ရာမြောက်အောင် ဖန်တီးလိုက်ဖို့ပေါ့။ သူ့ဘဝမှာ စိတ်လှုပ်ရှားစရာအကြောင်းများစွာရှိခဲ့ပြီး သူကိုယ်တိုင်ကလဲ အနည်းငယ်riskယူတတ်တဲ့လူမျိုး။

𝐂𝐚𝐟𝐟𝐞𝐢𝐧𝐞 𝐚𝐧𝐝 𝐃𝐨𝐩𝐚𝐦𝐢𝐧𝐞Where stories live. Discover now