တက္ကစီ သမားက အိမ်ရှေ့ရောက်တာနဲ့ ကျန်းဟောင့်အထုပ်ကြီးကို ခြံတံခါးကိုဖွင့်ကာ အိမ်ပေါက်ဝထိ ထားခဲ့ပြီး အမြန်ပြန်မောင်းထွက်သွားသည်။ သူလည်းအတော်စိတ်ညစ်သွားရှာတယ်ထင်ပါတယ်။ တစ်လမ်းလုံး ကျန်းဟောင့် ငိုယိုပြီးပြောသမျှကို နားထောင်ပေးလာရတာ။ ဆောင်းဟန်ဘင်း အပေါ်မကျေနပ်သမျှတွေကို အကုန်ပြောချပြီး ငိုလာတဲ့ ကျန်းဟောင့်ကို လည်း ကားမောင်းနေရင်းမှ နှစ်သိမ့်ပေးရသေးတာကို။ကားပေါ်မှာတင် တော်တော်များများပေါက်ကွဲပစ်ထားတော့ ကျန်းဟောင့် ရင်ထဲအနည်းငယ်ပေါ့သွားသလိုတောင်ခံစားလိုက်ရသည်။
တက္ကစီဆရာကြီး ကျန်းမာပါစေ။ချမ်းသာပါစေ။ကားငှားမယ့်သူတွေအများကြီးနဲ့တွေ့ပါစေ။
အထုပ်ဆွဲဝင်လာတဲ့သူ့ကိုမြင်တာနဲ့ မားမားက မအံ့သြသလိုကြည့်လာပြီး မျက်စောင်းကထိုးသွားသေး၏။
ကျန်းဟောင့်ဘဝလေးက တကယ်သနားစရာပါ။အားလုံးရဲ့ အငြိုငြင်ခံနေရတာလေ။
" ည ကြီးမိုးချုပ် လုပ်လာပြန်ပြီလား "
"မားမား ဘာသိလို့လဲ "
" ကြားရပါများတော့ နင့်စကားတွေအလွတ်ရနေပြီမို့ ပါးစပ်ကလေးပိတ်ပြီး အပေါ်သာတက်သွားပါတော့ ကိုကိုလေးရှင့် "
မားမား ကြောင့် ခုနက အဆင်ပြေနေတဲ့ စိတ်ကလေးတောင် ဝမ်းနည်းသွားရပြီး ကျန်းဟောင့်မျက်နှာလေး မဲ့ကာ မျက်ရည်ပေါက်တွေ တလိမ့်လိမ့်နဲ့ ထွက်ကျလာပြန်သည်။
" မားမားတို့က နှလုံးသားမရှိပဲ ဘယ်လိုနေနိုင်ကြတာလည်း...ဟုတ်ပါတယ် သားကပဲ ပြသနာဖြစ်နေတာပါ...အစတည်းက မချစ်ဘူးဆိုလည်း ဘာလို့မွေးထားသေးလည်း မွေးထဲက လမ်းဘေးမှာလွှတ်ပစ်လိုက်ပေါ့...ခုတော့ ဒီမချစ်တဲ့သားကို မွေးထားရတော့ မားမားစိတ်ညစ်တာပဲရှိတယ်..မွေးထားတဲ့အမေကတောင်မချစ်တာ ရည်းစားကလည်းမချစ်တာမဆန်းပါဘူး...သား ဘဝနဲ့ သားပဲ မှတ်လိုက်ပါတော့မယ်"
" အေး...နင်အဲ့မှာနေ ငါလာရိုက်မှ နင်ကပါးစပ်ပိတ်မှာဟုတ်တယ်မလား "
တံမြက်စည်းကိုင်ပြီး ကျန်းဟောင့်စီလျှောက်လာတဲ့ မားမားကြောင့် ငိုနေတာတောင်ရပ်သွားပြီးပြေးပေါက်ရှာရတယ်။ မားမားက တကယ်လုပ်မှာ။