Part-7

901 99 21
                                    

Unicode..

ဘာလိုလိုနဲ့ သူတိုနှစ်ယောက် လက်ထပ်ထားတာ
တစ်လပင်ပြည့်တော့မည်။

ဒီတစ်လအတွင်းမှာ ဂျောင်ဂုကသူ့ကိုမရိုးရအောင်
အမျိုးမျိုးနှိပ်စက်တယ်။ သူလည်း ဂျောင်ဂုနှိပ်စက်
တဲ့ဒဏ်တွေ အပြုံးမပျက်ခံယူခဲ့တယ်။

ညနေကျရင် သူတိုတစ်လပြည့်အတွက် ဂျောင်ဂုနဲ့တူတူ
ညစာ စားချင်လို့ စုံစုံလင်လင် ချက်ပြုတ်နေသည်
ဂျောင်ဂု စားမစားကတော့ ညနေကျမှသိမှပေါ့....

"ဟုတ်ပြီ အကုန်ပြင်ဆင်ပြီးပြီ.."

"ငါရေသွားချိုးထားလိုက်တော့မယ်~"
_____________________________

ဂျောင်ဂု အလုပ်လုပ်နေရင်း တွေးမိတာ
သူနဲ့ဒီနေ့ ကင်ဆော့ဂျင် လက်ထပ်ထားတာ
တစ်လပြည့်ပြီ ဒီကြားထဲသူအမျိုးမျိုးနှိပ်စက်ပေမယ့်
ဆော့ဂျင်က အမြဲသည်းခံနေခဲ့တယ် ဒါပေမယ့်သူလည်း
အလျှော့ပေးမှာတော့မဟုတ်ဘူး.....

မနက်က သူလာခံနီး ဆော့ဂျင်က သူနဲ့ညစာအတူ
စားချင်တယ်လို့ပြောပေမယ့် သူလျစ်လျူရှုခဲ့တယ်

"ကျုပ်နဲ့ အတူညစာ စားချင်တာလား ဖြစ်စေရမှာပေါ့"

"ဒီနေ့ခင်ဗျားအတွက် ကျုပ်ကမေ့မရအောင် ပျော်စရာတွေဖန်တီးပေးမှာပေါ့"

ဂျောင်ဂု သူ့အတွေးတွေကြောင့်ပြုံးကာ သော့‌ဆွဲ
ထွက်လာပြီး သူ့ဦးတည်ရာကတော့ Barသို့
__________________________

At Bar....

‌ဂျောင်ဂုအထဲဂျောင်ကျတဲ့နေရာမှာ ထိုင်ပြီး အေးဆေးထိုင်သောက်နေခဲ့တယ် လက်ကနာရီကိုငုံကြည့်လိုက်တော့ 5နာရီပင်ထိုးတော့မည်။

အခုချိန်လောက်ဆို ဆော့ဂျင်သူကို မျှော်နေလောက်ရောပေါ့

"ခနလေးပဲ ထပ်စောင့် ဆော့ဂျင့် ခင်ဗျားအတွက်ပျော်စရာတွေလာတော့မယ်..."
____________________________

ဆော့ဂျင်ရေချိုးပြီး အောက်ထပ်ကိုဆင်းလာခဲ့သည်။

အပြင်မှာလည်း မှောင်ရီသန်းနေပြီ ခါတိုင်းဒီချိန်ဆို
ဂျောင်ဂုကပြန်ရောက်နေကြ ဒီနေ့မှနောက်ကျနေတာ
တစ်ခုခုများဖြစ်နေတာလားဆိုပြီး စိတ်ပူနေပေမယ့်လည်း
တစ်ဆက်တည်း သူနဲ့ အတူညစာမစားချင်လို့များလားဆိုပြီးတွေးမိတယ်။

အချစ်လား....သူပေါ့Where stories live. Discover now