' ဂြီ......ဂြီ......ဂီြ 'ကျွန်တော်ရဲ့ လိပ်ပြာမနက်ခင်းဟာ
ဂွီသံ နဲ့ စပြီး ဂွီသံနဲ့ ဆုံးရတာတော့
တော်တော် စိတ်ညစ်ဖို့ ကောင်းပါတယ်
နောက်ရက်ပေါင်းများစွာမှာ
ဒီလိုအသံနဲ့ မစရဖို့ပဲ ကျွန်တော် ဆုတောင်းမိတယ်
မသေချာ မရေရာတဲ့ ဘဝပေမယ့်
လူ့သဘာဝ အဲ လိပ်ပြာသဘာဝ အရ ကောင်းတာလေးတွေပဲ ဖြစ်ချင်ပါတယ်ခုလောလောဆယ်တော့
Kurokoတို့ လာမယ့်လမ်းကိုပဲ
မျှော်တလင့်လင့် လုပ်နေရတယ်' Kuroko မေ့များနေမလား
လာမှ လာပါ့မလားမသိ ......
ငါ့ကို သတိမှ ရပါ့မလား............
......ငါ့ကို ပစ်များသွားတာလား......'လား ပေါင်းများစွာသော မေးခွန်းတွေကို
ကိုယ့်ကိုယ်ကို ဘာမှန်းတောင် မသိတဲ့ ကျွန်တော်က
ကိုယ့်ကိုယ်ကို ပြန်မေးနေမိပြန်တယ်
(သေချာတာ တစ်ခုကတော့
ကျွန်တော်ဟာ insecure ဖြစ်တတ်သူ
တစ်ယောက် ဆိုတာပါပဲ)' Kise kun...... Kise kun......
......Kise kun!!!!!!'' အယ် Kuroko!!!!
ဘယ်တုန်းကရောက်နေတာလဲ
Kagami ရော???'' ကျွန်တော် ခုနက ကတည်းက
ရောက်နေတာ
Kagami အစားပုတ်ကတော့
စားရင်းကျန်ခဲ့တယ်
သူပြီးမှ လိုက်လာလိမ့်မယ်
Kise kun ဘာတွေများ တွေးနေတာလဲ
ခေါ်မကြား အော်မကြားနဲ့'' အဲ ဟိုဟာလေ.........
ကျွန်တော်က.........
...........................
Kuroko ကျွန်တော်တို့ စကြစို့လား'ကျွန်တော် သိသိသာသာ စကားလွှဲပေမယ့်
Kuroko က ပြုံးလိုက်ရင်း' ကဲ ဒါဆို အရင်ဆုံး ကိုယ်ယောင်ဖျောက်
ကြည့်ရအောင်
Kise kun စိတ်ကို ငြိမ်အောင်ထား
ခန္ဓာကိုယ်ကို ဖြေလျော့ထား
အာရုံလဲ စုစည်းထားဖို့လိုတယ်'ကျွန်တော့် မျက်လုံးတွေကို မှိတ်ထားပြီး
အာရုံစုစည်းဖို့ ကျွန်တော် ကြိုးစားပါတယ်
ဒါပေမယ့် သိပ်တော့ မလွယ်ပါဘူး
အဓိကက ကျွန်တော် ဗိုက်ဆာနေတာရယ်
နဂိုကတည်းက ဟိုကြည့် ဒီကြည့် ဟိုငေး ဒီငေး
ငြိမ်ငြိမ်နေရတာကို မကြိုက်တာရယ်ကြောင့်
အာရုံစုစည်းဖို့ ခက်နေတယ်7 မိနစ်
10 မိနစ်
15 မိနစ်ကျွန်တော့် ခန္ဓာကိုယ်ဟာ
တဖြည်းဖြည်း ပေါ့ပါးလာတယ်
လေတစ်ချက်လောက် ဝှေ့လိုက်ရင်ကို
လွင့်ပါတော့မယောင် ပေါ့ပါးလွတ်လပ်လာတယ်